ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုချိန်မှာ အပြင်တွေ ထွက်ပြီး လျှောက်မလည်ဖို့ ကန့်သတ်ထားပါတယ်။ Social Distancing ဆိုတဲ့ လူတွေနဲ့ ခပ်ကင်းကင်းနေဖို့ ညွှန်ကြားချက်တွေကြောင့် ကိုယ်ကြိတ် Crush နေသူနဲ့ ဒီတစ်လကိုးသီတင်းမှာ လူချင်းဆုံဖို့ မလွယ်တော့ပါဘူး။
ဒါပေမယ့်လည်း အပြင်ထွက်ပြီး သွားမတွေ့နိုင်ဘူးဆိုတာ တစ်ယောက်မျက်နှာ တစ်ယောက် လုံးဝမမြင်နိုင်တော့တာ မဟုတ်ပါဘူး။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေ အားကောင်းတဲ့ ဒီခေတ်ကြီးမှာ Face Time ၊ Hangouts ၊ Skype ၊ Zoom စတဲ့ video platform တွေကနေ ရုပ်မြင်သံကြား ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။
(၁) ဘေးအနီးအနားကို လမ်းလျှောက်ရင်း ဖုန်းပြောပါ။
Photo: Cambridge Audio
နားကြပ်လေးတပ် ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ပြီး အပြင်ထွက်လို့ရရင် အနီးအနားကို လမ်းလျှောက်ထွက်ပါ။ လမ်းလျှောက်ရင်း မြင်ကွင်းတွေအကြောင်း ပြောပြတာမျိုး လုပ်ပါ။ အခြေအနေအရ Video Call ပြောမယ်ဆိုရင်လည်း ဒီအနေအထားက Romantic ဆန်စေပါတယ်။
(၂) Video Chat ရင်း သူ့အတွက် လက်မှုပစ္စည်းလက်ဆောင်လုပ်ပေးပါ
Photo: Slanchogled
အိမ်မှာပဲ နေဖို့ ကန့်သတ်ခံထားရချိန်မှာ YouTube ကနေ ကြည့်ထားတဲ့ လက်မှုပစ္စည်း လုပ်နည်းပညာတွေကို အသုံးချသင့်ပါတယ်။ အမှတ်တရဖြစ်စေမယ့် လည်ဆွဲလို ၊ ဓါတ်ပုံစာအုပ်လို နောက်ဆုံးကတ်ထူအိမ်ကလေးတွေကအစ Video Call ခေါ်ချိန်မှာ လုပ်ထားမယ်ဆိုရင် ပြန်ဆုံချိန်မှာ အမှတ်တရလက်ဆောင်ကောင်းတစ်ခု ဖြစ်စေမှာပါ။
(၃) စာအုပ်ဖတ်ပြပါ
Photo: Digitbin
နောက်တစ်ခု လုပ်နိုင်တာက ကိုယ်ကြိုက်တဲ့ ဝတ္ထုတစ်ပုဒ် ၊ ကဗျာတစ်ပုဒ်ကို Video Call ခေါ်ရင်း ဖတ်ပြတာပဲ ဖြစ်ပါတယ်။ ဒါဟာ အပျင်းလည်း ပြေစေသလို နှစ်ဦးသားအကြားမှာ အမှတ်တရတွေလည်း အများကြီး ဖြစ်သွားပါလိမ့်မယ်။ နောက်ပြီး တစ်ဦးနဲ့တစ်ဦးအကြား ပိုပြီးလည်း နီးစပ်သွားစေတဲ့ အပြုအမူလေးပါပဲ။
(၄) Online Class အတူ တက်ပါ
Photo: The Muse
အခုချိန်ဟာ အခမဲ့ အွန်လိုင်းသင်တန်းတွေကို စိတ်ကြိုက် တက်လို့ရတဲ့ အချိန်ပါ။ ဒီအခွင့်အရေးကို သုံးပြီး ကိုယ့်ရဲ့ ဘဝကို နောက်တစ်ဆင့်မြင့်အောင် လုပ်နိုင်ပါတယ်။ ဒီလိုပါပဲ ကိုယ်ချစ်တဲ့သူနဲ့လည်း free ရတဲ့ Online Course တွေ အတူတက်ရင်း စာတွေအတူ ဖလှယ်လို့လည်း ရပါတယ်။ ဒါကတော့ စိတ်ချင်းပိုနီးစပ်စေမယ့် အကွက်ဖြစ်သလို ကိုယ့်အတွက်လည်း ရှုံးစရာမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
(၅) အွန်လိုင်းဂိမ်းအတူဆော့ပါ
Photo: toolsofmen
အခုခေတ်မှာ အွန်လိုင်း video games တွေ အများကြီး ရှိနေပါတယ်။ ဝါသနာပါရင် အတူ Join ပြီး ကစားလို့ရတဲ့ ဂိမ်းတွေ မနည်းမနောပါပဲ။ ဂိမ်းဝါသနာအိုးတွေဆိုရင်တော့ ဒီနည်းလေးလည်း အသုံးဝင်မှာ အမှန်ပါပဲ။