Relationship တစ်ခုစတင်ချိန်မှာ ယောကျာ်လေးတွေရဲ့ အချစ်က ၁၀၀% ဖြစ်ပြီး မိန်းကလေးတွေအချစ်ကတော့ ၁၀% လောက်ပဲရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ မိန်းကလေးတွေရဲ့ အချစ်က ၁၀% ကနေ တစ်ရိပ်ရိပ် တိုးတက်လာတတ်ကြတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီယောကျာ်လေးတစ်ယောက်အပေါ်ကိုပဲ အချစ်တွေအားလုံးပုံအပ်တတ်ကြတာပါ။ ဒါကြောင့် မိန်းကလေးတစ်ယောက် သင့်ကို ရူးရူးမူးမူးချစ်ပြီဆိုရင် ဒီအချက်တွေပြုလုပ်ပါလိမ့်မယ်။

(၁) အချိန်တိုင်း အတူတူရှိချင်လာမယ်

Source : Hack Spirit

သင့်နဲ့ အတူရှိနေရတဲ့အချိန်ဟာ သူမအတွက်တော့ ပြီးပြည့်စုံတဲ့အချိန်လေးလို့ ခံစားလာရပါလိမ့်မယ်။ အတူတူမရှိရင်တောင်မှ အွန်းလိုင်းပေါ်က Video Call ခေါ်ပြီး မျက်နှာလေးမြင်ချင်လာမိမယ်။ မိုးလင်းတာနဲ့ သင့်အသံလေးကိုကြားချင်မယ်။ အိပ်ယာဝင်ခါနီး သင့်ရဲ့ Good Night အသံလေးနဲ့အတူ အိပ်ယာဝင်ချင်မယ်။ သင့်နဲ့ အဆက်သွယ်ပြတ်နေတဲ့အချိန်ဟာ သူမအတွက်တော့ နေ့လည်ဘက် မီးပျက်သလို အရမ်းကိုပူလောင်တယ်လို့ ခံစားရပါလိမ့်မယ်။

(၂) စိတ်မချဖြစ်လာမယ်

Source : teenvogue.com

သင့်ကို အချိန်တိုင်းစိတ်မချဖြစ်နေတတ်ပါတယ်။ သင်ဟာ သူမအပေါ် သစ္စာရှိတဲ့သူတစ်ယောက်ဆိုတာ ယုံကြည်နေပါသော်လည်း စိုးရိမ်စိတ်ကြီးက လွှမ်းမိုးနေတက်ပါတယ်။ အခုခေတ်က စနိုက်ကျော်ဇာတ်လမ်းတွေက မကြာခဏကြားနေရတော့ သင့်ကိုမယုံတာထက် တခြားမိန်းကလေးတွေကိုမယုံကြည်တာကြောင့် စိတ်မချဖြစ်နေရတာဖြစ်ပါတယ်။

(၃) လိုအပ်ချက်တွေကို လက်ခံလာနိုင်မယ်

Source : bustle.com

သင့်မှာ ဘယ်လို လိုအပ်ချက်တွေရှိနေပါစေ သင့်ကို ရူးရူးမူးမူးချစ်နေမိပြီဆိုရင် ဒါတွေအားလုံးကို နားလည်ပေးနိုင်လာပါတယ်။ သင် အောင်မြင်ချိန်မှာ အတူတူပျော်ရွှင်မယ်။ သူ ကျရှုံးချိန်မှာ အကောင်းဆုံးနှစ်သိမ့်အားပေးမယ်။ သင့်ကိုလည်း ဘယ်တော့မှ အထင်သေးတဲ့စကားမျိုး အပြုမူအပြောအဆိုမျိုးတွေ တစ်ခုမှ ပြောဆိုမှာ မဟုတ်ပါဘူး။

(၄) ရန်ဖြစ်ချိန်တွေ လျော့လာမယ်

Source : HuffPost

ရန်လုံးဝမဖြစ်တဲ့စုံတွဲဆိုတာတော့ မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့် သင်ကို ရူးရူးမိမိချစ်မိနေတဲ့ မိန်းကလေးတစ်ယောက်ဟာ မိန်းကလေးသဘာဝ စိတ်ဆိုးစိတ်ကောက်တာရှိပေမယ့် အကြာကြီး စိတ်ဆိုးစိတ်ကောက်ရန်ဖြစ်နေရမယ့် အချိန်တွေကိုတော့ မလိုလားတော့ပါဘူး။ နှစ်ကိုယ်တူအေးအေးချမ်းချမ်လေးနဲ့ ဘဝကိုဖြတ်သန်းချင်လာပါလိမ့်မယ်။

(၅) အနာဂတ်အကြောင်း တိုင်ပင်လာမယ်

Source : lovepanky.com

သင့်ကို ရူးရူးမူးမူးချစ်ပြီး သင့်ကိုပဲအချစ်တွေ အားလုံးပုံအပ်ထားတာဖြစ်တဲ့အတွက် အနာဂတ်ကိုလည်း သင့်နဲ့အတူတူဖန်တီး ပုံဖော်ချင်လာပါလိမ့်မယ်။ သင်နဲ့ အတူတူလက်ထပ်ပြီး သားသားမီးမီးလေးတွေနဲ့ ကြည်နူးစရာမိသားစုဘဝလေးကို စိတ်ကူးယဉ်မိမှာဖြစ်ပါတယ်။ သင်တို့နှစ်ယောက်ရဲ့ အသုံးအစွဲတွေ သာမာန်ထက်လျော့ပြီး နောင်ရေးအတွက် စုဆောင်းဖို့ တွန်းအားပေးလာပါလိမ့်မယ်။