လူတိုင်းလူတိုင်းက ပြည့်စုံတယ်လို့တော့မရှိပါဘူး။ ကိုယ်စီမတူကွဲပြားမှုလေးတွေ အားနည်းချက်လေးတွေ ကောင်းကွက်ဆိုးကွက်လေးတွေဆိုတာရှိကြပါတယ်။ သင့်ရဲ့ချစ်သူကောင်မလေးမှာ ယေဘုယျအားဖြင့် ဒီလိုအချက်တွေရှိနေတယ်ဆိုရင်တော့ လက်မလွှတ်ဖို့ အကြံပြုပါရစေ။

(၁) သစ္စာရှိခြင်း

Source : Bustle

Relationship တစ်ခုမှာ သစ္စာတရားက အရမ်းကိုအရေးကြီးပါတယ်။ လွယ်လွယ်ချစ် လွယ်လွယ်ဖောက်ပြန်ပြောင်းလဲတက်ကြတဲ့ အခုလိုခေတ်ကြီးထဲမှာ သစ္စာရှိတဲ့လူဆိုတာအတော်လေးကိုရှားသွားပါပြီ။ သင်အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သင်အနားမှာအမြဲအတူ သစ္စာရှိစွာနေပေးတဲ့ သူတစ်ယောက်ဆိုရင်လုံးဝလက်မလွတ်ပါနဲ့လို့ အကြံပြုချင်ပါတယ်။

(၂) ကိုယ်ချင်းစာစိတ်ရှိခြင်း

Source : Well+Good

ကိုယ်ချင်းစာစိတ်ဆိုတာ ပြောတော့သာ လွယ်လွယ်လေးပါ။တကယ်တမ်း ကိုယ်ချင်းစာစိတ်နဲ့ တစ်ယောက်အပေါ်တစ်ယောက် စာနာပေးတက်ဖို့ဆိုတာခက်ပါတယ်။လူတိုင်းကကိုယ်အတ္တကိုရှေ့တန်းတင်ကြတာများတာမလို့ အရာရာ ကိုယ်နေရာမှာသူရောဆိုတဲ့စိတ်နဲ့ ဖြည့်တွေးပေးတက်သူ ကိုယ်ချင်းစာစိတ်ရှိသူတစ်ယောက်ကို ဘယ်နည်းနဲ့မှ လက်မလွတ်သင့်ပါဘူး။

(၃) နားလည်ပေးတက်ခြင်း

Source : Healthline

ယနေ့ခေတ်စုံတွဲတွေ လမ်းခွဲပြတ်စဲကြတဲ့အဓိကအကြောင်းအရာတွေထဲမှာ နားလည်မှုကြောင့် လမ်းခွဲရတဲ့အခြေအနေကအရမ်းကိုများပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးမှုမရှိရင် ဘယ်လောက်ပဲချစ်ချစ် ခိုင်မြဲတဲ့ RS တစ်ခုမဖြစ်နိုင်ပါဘူး။ဒါကြောင့် ကိုယ့်ကိုနားလည်ပေးတက်တဲ့ချစ်သူကိုတန်ဖိုးထားပါ။

(၄) အကျိုးမြတ်ကိုမကြည့်ခြင်း

Source : Medium

အချစ်ကိုအကျိုးအမြတ်တွက်ချက်နေခြင်းက စစ်မှန်တဲ့အချစ်မဟုတ်ဘူးလို့ပြောရမှာပါပဲ။ ချမ်းသာမှု ငွေကြေးတွေ ဂုဏ်စည်းစိမ်တွေ စသည်ဖြင့် အကျိုးတစ်စုံတစ်ရာကိုကြည့်ပြီး ကိုယ်ကိုချစ်တဲ့သူတစ်ယောက်က ကိုယ်အနားကအချိန်မရွေးထွက်ခွာသွားနိုင်ပါတယ်။ဒီလိုမှမဟုတ်ဘဲ ဘာအကျိုးအမြတ်မှမပါဘဲ ဖြူစင်ရိုးသားတဲ့အချစ်ရှိတယ်ဆိုသူဆိုရင်တော့ ဘာမှမကြည့်ပဲ သစ္စာရှိရှိချစ်နေပေးလိုက်ပါ။