အီဂါလိုဟာ မန်ယူအသင်းကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ရောက်ရှိလာခဲ့တာပါ။ အိုထရက်ဖို့ဒ်မှာ ကစားခွင့်ရတာက သူ့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာတာလို့ သူကပြောခဲ့ပါသေးတယ်။

Source: PaperTalk Nigeria

အဆိုပါ နိုင်ဂျီးရီးယားတိုက်စစ်မူးဟာ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်ယူနည်းပြ ဆိုးလ်ရှားလက်အောက်မှာ ခြေစွမ်းပြကစားနေတာပါ။

Source: Daily Trust

“နိုင်ဂျီးရီးယားမှာ အားကစားလိုင်းတွေ ရှိပေမဲ့ လူတိုင်းကြည့်ဖို့ မတတ်နိူင်ကြဘူး။ ကျနောငယ်ငယ်တုန်းက အဖေလည်း အားကစားလိုင်း ဝယ်ဖို့ ပိုက်ဆံမရှိခဲ့ဘူး။ ဒါကြောင့် မန်ယူပွဲတွေကြည့်ချင်ရင် အားကစားလိုင်းပြတဲ့ ဆိုင်တွေမှာ ပိုက်ဆံပေးပြီး သွားကြည့်ရတယ်။

ကျနော်က Ajegunle ဆိုတဲ့နေရာမှာကြီးပြင်းလာတာပါ။ ငယ်ဘဝက အရမ်းခတ်ခဲခဲ့ပါတယ်။ မန်ယူကို နေ့လည်စာကျောင်းမုန့်ဖိုးတွေစုပြီး ကြည့်ခဲ့ရတယ်။ အခုကျနော် မန်ယူအသင်းအတွက် ကစားနေရပြီ။ ကျနော့်အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ။ ကျနော်မန်ယူအသင်းအတွက် ကစားပေးရတာ ပျော်ပါတယ်။” လို့ အဆိုပါ အသက် (၃၀) အရွယ် မန်ယူတိုက်စစ်မူးက Sky Sports ကိုပြောသွားခဲ့ပါတယ်။

Source: Complete Sports

အီဂါလိုဟာ မန်စီးတီးအသင်းကို အနိူင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲ ဝင်ရောက်ကစားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် (၄) ပွဲကစားထားပါတယ်။ အဆိုပါကစားသမားဟာ အက်ဖ်အေဖလား၊ ယူရိုပါလိဂ် ဖလားပွဲစဉ်တွေမှာ ဂိုးတွေသွင်းယူထားပေမဲ့ ပရီးမီးယားလိဂ်ပွဲ စဉ်တွေမှာတော့ ဂိုးသွင်းယူနိူင်ခြင်းမရှိသေးပါဘူး။