ယခု လက်ရှိမှာ တစ်ကမ္ဘာလုံးဟာ COVID 19 ဗိုင်းရပ်စ်ကူးစက်မူ ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ အနေအထားမှာရှိနေပါတယ်။ ဒီဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ခိုက်ဖို့ နိူင်ငံအသီးသီးက အစွမ်းကုန် ကြိုးစားပြီး ဆောင်ရွတ်လျက်ရှိနေပါတယ်။
ဒီထဲမှာတော့ မိမိရဲ့အသက်ကို မငဲ့ပဲ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေကို ပြုစုကုသပေးနေတဲ့ နိူင်ငံအသီးသီးက ဆရာဝန်တွေကို ချီးကျူးရမှာပါ။ ဆရာဝန်တွေသာ မကပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပရဟိတ အဖွဲ့တွေ ပြည်သူတွေ ရဲ့ပူးပေါင်းပါဝင် ဆောင်ရွတ်မူတွေဟာလည်း အားရဖွယ်ကောင်းလှပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ အီရန်နိူင်ငံသား Alireza Pakdel ဟာ လက်ရှိကမ္ဘာတစ်လွှားဖြစ်ပျက်နေတဲ့ အခြေအနေကို ရုပ်ပုံရေးဆွဲဖန်တီးထားပါတယ်။ သူ့ရဲ့ပုံလေးတွေဟာ အဓိပ္ပာယ်ရှိပြီး ကြည့်မိသူလူအများရဲ့ ရင်ထဲမှာလည်း တစုံတခု ခံစားသွားစေနိူင်ပါတယ်။
ဒီနေ့မှာတော့ kwee page ကနေ Alireza Pakdel ရေးဆွဲထားတဲ့ ရုပ်ပုံလေးတွေကို မျှဝေပေးသွားမှာပါ။
Source: 7SMoves