တကယ်လို့ မိမိရဲ့ ပင်ကိုစရိုက်ကို နာလည်းချင်တယ်ဆိုရင် စမ်းသပ်နိူင်မယ့် နည်းတွေ အများကြီးရှိပါတယ်။ စိတ်ကို တည်ငြိမ်အောင်ထားပြီး အောက်မှာ ဖော်ပြပေးမယ့် ပုံတွေကိုသာ သေချာကြည့်လိုက်ပါ။ ရုပ်ပုံတွေကို အကြာကြီးကြည့်ပြီး နာလည်းဖို့ မကြိုးစားပါနဲ့။ မေးခွန်းတွေကို ဖြေပေးပြီး ရလဒ်ကိုသာ ဖက်ကြည့်လိုက်ပါ။

တခြားလူတယောက်ရဲ့ ကလေးကိုချီထားတဲ့ မိန်းကလေးကို ရွေးထုတ်ပါ (မိမိဟာအများနဲ့ဘယ်လိုဆက်ဆံနေလဲဆိုတာသိနိူင်ရန်)

၁. သင့်ဆီမှာ သူငယ်ချင်းအပေါင်းအသင်းတွေ အများကြီးမရှိဘူး။ ဒါပေမယ့် ခင်ပြီဟေ့ဆိုရင်တော့ သူတို့တွေ ပျော်အောင်ဘာမဆို လုပ်ပေးလေ့ရှိတယ်။ ခတ်ခဲတဲ့ ဆုံးဖြတ်ချက်တွေချတော့မယ်ဆိုရင် တစ်ယောက်ထဲနေပြီး အချိန်ယူစဉ်းစားလေ့ရှိတယ်။ မိသားစုနှင့်အမျိုးတွေက သင့်အပေါ် ရာနှုန်းပြည့်ယုံကြည်စိတ်ချနိူင်တယ်။ သူတို့ စိတ်ပျက်အောင် လုပ်လေ့မရှိဘူး။ တစ်ခါတစ်လေ အခြားလူတွေအတွက် အနစ်နာခံမူတွေ လုပ်တတ်လေ့ရှိတယ်။

၂. သင်ဟာတစ်ခြားလူတွေရဲ့ပြောစကားကို နားထောင်ပေးတဲ့သူတစ်ယောက်ပါ။ သင်ဟာ အခြားလူတွေကို ကူညီပေးဖို့အမြဲတမ်းအသင့်ရှိနေတတ်ပေမယ့် ဒေါသကို အချိန်အကြာကြီး မထိန်းထားနိူင်ဘူး။ ဒါပေမယ့် လူတွေနဲ့တော့ အဆင်ပြေအောင်နေနိူင်တယ်။ ဒါကြောင့် သူငယ်ချင်းအပေါင်းအသင်းတွေပေါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နှစ်သက်ခြင်းကို ခံရမယ်။ ဒီလိုလူမျိုးမှာ တခုရှိတာကတော့ သူတို့တွေဟာ တယောက်ယောက်ကို ချစ်ခင်နှစ်သက်ပြီဆိုရင် မြန်မြန်ဆန်ဆန် ချဉ်းကပ်လေ့ရှိပြီး စိတ်ခံစားမူကို ဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် စိတ်ခံစားမူနဲ့ပတ်သက်ရင် အမှားတွေ လုပ်လေ့ရှိကြတယ်။

၃. သင်ဟာအေးအေးဆေးဆေးနေတတ်သူပါ။ လူတွေက သင့်အကြောင်းပြောရတာ နှစ်သက်ကြတယ်။ သင်ဟာ မိတ်ဆွေအပေါင်းအသင်းတွေက သင့်ဘဝအတွက် အရေးပါတယ်ဆို ယူဆထားတယ်။ သင်ဟာ ဘယ်လိုလူမျိုးတွေနဲ့မဆို အဆင်ပြေအောင် နေတတ်ပြီး သူတို့ကိုသင့်ဖက်ပါလာအောင် ပြုလုပ်နိူင်စွမ်းရှိတယ်။ ဒါပေမယ့်သင်ဟာ တခါတလေ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အကျင့်ရှိတယ်။ မိတ်ဆွေအပေါင်းအသင်းတစ်ယောက်က သင့်အပေါ် နည်းနည်းလေးမကောင်းတော့ဘူးဆိုတာနဲ့ ချက်ခြင်း အဲ့ဒီလူတွေနဲ့ အဆက်အဆံ မလုပ်တော့ဘူး။

ပထမဆုံးမြင်ရတဲ့ ပုံကိုရွေးထုတ်ပါ (ပင်ကိုအရည်အချင်းကိုသိနိူင်ရန်)

နှုတ်ခမ်းနီနဲ့အမျိုးသမီးပုံ – သင့်ဟာ ညဏ်ရည်ထက်မြတ်ပြီး ဦးဆောင်နိူင်စွမ်းရှိသူတစ်ယောက်ပါ။ သင့်ဘဝမှာ အခတ်အခဲတွေ၊ အံ့ဩစရာတွေနဲ့ ပြည့်နတ်နေပါတယ်။ အခတ်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာ စဉ်းစားသင်ယူသွားတတ်သူပါ။ ဒီအချက်ကပဲ သင့်ကို လူမူရေးနယ်ပယ်မှာ အောင်မြင်မူရအောင် လုပ်ပေးနိူင်တာကြောင့် အများနှင့်ပြောဆိုဆက်ဆံရသော အလုပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

ကြက်မတစ်ကောင် – သင့်ဦးနှောက်က ပုံမှန်လူတွေလို မဟုတ်ဘူး။ အမြဲတမ်း သူများမတွေးတဲ့ဖက်ကနေ တွေးတတ်တယ်။ သင်ဟာ သင့်ဘဝမှာ ဘယ်လိုအရာတွေက အကောင်းဖက်ဦးတည်စေသလဲဆိုတာကို ရှာဖွေဖို့ နှစ်သက်တဲ့သူပါ။ သိပ္ပံနှင့်သင်္ချာဘက်မှာ ထူးချွန်သူပါ။

ကိန်းဂဏန်းတွေနှင့်လုပ်ရသောအလုပ်မျိုး ဥပမာ ဗိသုကာအတတ်ပညာ နှင့် ငွေကြေးပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ အောင်မြင်နိူင်ပါလိမ့်မယ်။

အမျိုးသားတစ်ယောက်ရဲ့ပုံ – ဂုဏ်ယူပါတယ်။ သင်ဟာ အများနှင့်မတူ ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်ပါ။ သင်ဟာ ကြုံလာရတဲ့ ပြသာနာတွေတိုင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲ အမြဲအာရုံစိုက်တတ်တာကြောင့် လုပ်ငန်းတိုင်းမှာ အောင်မြင်မူ ရပါလိမ့်မယ်။ ဘယ်လုပ်ငန်းတိုင်းမဆို သင့်လိုလူကို လိုချင်ကြတယ်။ မိမိမှာရှိတဲ့ အရည်အချင်းတွေကို ပိုပြီးတိုးတတ်အောင် လုပ်ပါ။ အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ပါ။

Source: Bright Side