တကယ်လို့ မိမိရဲ့ ပင်ကိုစရိုက်ကို နာလည်းချင်တယ်ဆိုရင် စမ်းသပ်နိူင်မယ့် နည်းတွေ အများကြီးရှိပါတယ်။ စိတ်ကို တည်ငြိမ်အောင်ထားပြီး အောက်မှာ ဖော်ပြပေးမယ့် ပုံတွေကိုသာ သေချာကြည့်လိုက်ပါ။ ရုပ်ပုံတွေကို အကြာကြီးကြည့်ပြီး နာလည်းဖို့ မကြိုးစားပါနဲ့။ မေးခွန်းတွေကို ဖြေပေးပြီး ရလဒ်ကိုသာ ဖက်ကြည့်လိုက်ပါ။
ပထမဆုံးမြင်ရတဲ့ပုံကို ရွေးချယ်ပါ (မိမိဘယ်လိုတွေ တွေးနေတာလဲ သိနိူင်ရန်)
ငါး – သင်ဟာ အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး ဘယ်လိုပြသာနာပဲကြုံကြုံ အဖြေတခုကို လွယ်လွယ်ရှာတွေ့နိူင်သူပါ။ သင်ဟာ ညဏ်ကောင်းပြီး မိမိရဲ့အမှားကနေတဆင့် သင်ယူတတ်သူပါ။ သင့်အိပ်မက်ကို အကောင်အထည်ဖော်ခြင်တယ်ဆိုရင်တော့ နည်းနည်းပိုပြီး တတ်ကြွလှုပ်ရှားနေဖို့လိုအပ်ပါတယ်။
မိန်းကလေးတစ်ယောက် – သင်ဟာ ကဗျာဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေ ဝိုင်းနေတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ သူတို့တွေကိုလည်း သင့်ကို ချစ်ခင်နှစ်သက်ကြတယ်။ တခါတလေ သင်ကခေါင်းမာတတ်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တခုခုချတော့မယ်ဆိုရင် သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။
ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီး – သင်ဟာ တွေးခေါ်ပညာရှင်တစ်ယောက်နှင့်စိတ်ကူးယဉ်အိပ်မက်မက်နေသူတစ်ယောက်ပါ။ အများကသင့်ကို ရှုးနေတယ်လို့ပြောတတ်ကြပေမယ့် သင့်လိုလူမျိုးတွေကပဲ လူတွေမထင်ထားတဲ့အရာတွေကို လုပ်နိူင်စွမ်းရှိတာပါ။ စိတ်ကူးယဉ်တာကို မရပ်လိုက်ပါနဲ့။ ဒါပေမယ့် တကယ်အပြင်လက်တွေ့ဘဝကို ပြန်လာဖို့ကိုလည်း မမေ့ပါနဲ့။
ပထမဆုံးမြင်တဲ့ပုံကို ရွေးချယ်ပါ (သင်ဘာကို ပိုပြီးဂရုစိုက်သလဲ သိနိူင်ရန်)
ဆင်တစ်ကောင် – ဆင်တစ်ကောင်ပုံကို အရင်ဆုံးမြင်တယ်ဆိုရင်တော့ သင်ဟာ အရာအရာကို ကြိုတင်ပြင်ဆင်ထားတတ်သူပါ။ သင့်ရဲ့အကြံညဏ်တွေက အလုပ်မဖြစ်ဘူးလို့အများကထင်ကြပေမယ့် အချိန်တိုင်းလိုလိုမှာ သင်ကသာမှန်နေတတ်ပါတယ်။
ကြွက်တစ်ကောင် – ကြွက်တစ်ကောင်ကို ပထမဆုံးမြင်တာဆိုရင်တော့ သင်ဟာ အသေးစိတ်ဂရုစိုက်တဲ့သူပါ။ ဒီအချက်ကြောင့်ပဲ အခြားလူတွေ သတိမထားမိတဲ့ အရာတွေကို သင်ကသတိထားမိနိူင်တယ်။ ဒီလိုစွမ်းရည်မျိုးရှိတဲ့သူတွေဟာ စိတ်ရောဂါအထူးကုဆရာဝန်တွေ ဖြစ်ရင် အရမ်းကို ထူးချွန်ကြပါတယ်။
ပထမဆုံးမြင်ရတဲ့ ပုံကိုရွေးချယ်ပါ (အခတ်အခဲတွေကိုသင်ဘယ်လိုရင်ဆိုင်ဖြေရှင်းနေလဲ သိနိူင်ရန်)
သော့ပေါက်တစ်ခု – သင်ဟာ အကောင်းမြင်တတ်သူတစ်ယောက်ပါ။ ဘယ်လိုအခတ်အခဲတွေပဲ ကြုံလာပါစေ အဖြေတခုကို ရှာတွေ့နိူင်သူပါ။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မူရှိပြီး၊ ရည်မှန်းချက်ကြီးတယ်။
လူသေးသေးလေးတစ်ယောက် – သင်ဟာအံ့ဩစရာကောင်းတဲ့သူတစ်ယောက်ပါ။ ပြီးတော့ စိတ်ခံစားလွယ်တဲ့သူလည်းဖြစ်ပြန်တယ်။ တစ်ခါတစ်လေ ပြသာနာတွေကို ကြီးထွားအောင် လုပ်တတ်ပေမယ့် အဆုံးမှာတော့ ဖြေရှင်းသွားနိူင်ပါတယ်။
မိမိကြိုက်နှစ်သက်တဲ့ mandala (စက်ဝိုင်းပုံ) တစ်ခုကို ရွေးချယ်ပါ (ဘဝမှာ ဘယ်အရာတွေကို ပိုပြီးအာရုံစိုက်သလဲဆိုတာ သိနိူင်ရန်)
၁. သင်ဟာ လုပ်ငန်းအောင်မြင်မူကိုပဲ အာရုံစိုက်တဲ့သူပါ။ လူမူဆက်ဆံရေးမှာ အကောင်းဆုံးဖြစ်ဖို့က သင့်အတွက် အရေးကြီးပါတယ်။ သင့်ဆီမှာ တိကျသေချာတဲ့ ရည်မှန်းချက်တွေရှိပြီးတော့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ပြုလုပ်နိူင်စွမ်းလည်းရှိပါတယ်။
၂. သင့်ရဲ့ဦးစားပေးက အချစ်ပါ။ မိသားစုနဲ့သူငယ်ချင်းတွေအပေါ် ပိုပြီးအာရုံစိုက်တတ်တယ်။ လူမူပေါင်းသင်းဆက်ဆံရေးကို အလေးထားပြီးတော့ အခြားလူတွေနဲ့ တည့်အောင်နေနိူင်တယ်။
၃. မိမိရဲ့အောင်မြင်မူကိုပဲ အာရုံစိုက်တတ်တဲ့သူပါ။ ဒါဟာ ရုပ်ရည်နှင့်စိတ်ပိုင်းဆိုင်ရာ အာလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ နှလုံးသားကပြောတာကို နားထောင်ဖို့ကြိုးစားတတ်ပြီး နှလုံးသားစေရာကို ဦးတည်သွားတတ်တဲ့သူမျိုးပါ။
ပုံတွေကိုကြည့်ပြီး သင်အကြိုက်ဆုံးပုံကို ရွေးချယ်ပါ (သင်ဘယ်လိုလူမျိုးလည်းဆိုတာ သိနိူင်ရန်)
၁. ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်နိူင်ချေရှိတယ်။
၂. အင်ဂျင်နီယာ နယ်ပယ်က သင့်အတွက်အသင့်တော်ဆုံးဖြစ်လိမ့်မယ်။
၃. ဆရာကောင်း တစ်ယောက်ဖြစ်နိူင်တယ်။
၄. စီမံခန့်ခွဲရတဲ့အလုပ်က အသင့်တော်ဆုံးဖြစ်လိမ့်မယ်။
၅. ထူးချွန်တဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်နိူင်တယ်။
၆. ထူးချွန်တဲ့ ရှေ့နေတစ်ယောက်ဖြစ်နိူင်တယ်။
Source: Bright Side