အင်္ဂလိပ် သီချင်းကောင်း လေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ ကွီးတို့အတွက် သီချင်းကောင်းလေးတွေကို အမြဲတင်ဆက်ပေးတဲ့ အချိန်လေး ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ နားဆင်ခံစားဖို့ Imagine Dragons ရဲ့ သီချင်း ကောင်းလေးတွေကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

Imagine Dragons သီချင်း

Photo : The Riff Repeater

Imagine Dragons ကတော့ အမေရိကန် ပေါ့ပ်ရော့ခ် ဂီတ အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့က ၂၀၀၈ Las Vegas ၊ Nevada မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ဦးဆောင်အဆိုတော် Dan Reynolds၊ ဂစ်တာသမား Wayne Sermon၊ ဘေ့စ်တီးသူ Ben McKee နှင့် ဒရမ်တီးသူ Daniel Platzman စသည့် အဖွဲ့ဝင် (၄) ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ Imagine Dragons သည် ၎င်းတို့ရဲ့ Single “It’s Time” ပါဝင်တဲ့ ဆုရပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် Night Visions (၂၀၁၂) ဖြင့် ပထမဆုံး အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ ထို့နောက်တွင် အောင်မြင်မှုများစွာကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တွင် Billboard နှစ်ကုန် “ထိပ်တန်းအနုပညာရှင်များ – Duo/Group” အမျိုးအစားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ Imagine Dragons ရဲ့ သီချင်း ကောင်း တွေကို နားဆင်ခံစား ကြည့်ရအောင်။

(၁) Whatever It Takes

Source : Imagine Dragons

ပထမဆုံးဖော်ပြချင်တာကတော့ Whatever It Takes ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းက Imagine Dragons ရဲ့ အကောင်းဆုံး သီချင်းများထဲက တစ်ပုဒ်ပါ။

(၂) It’s Time

Source : Imagine Dragons

ဒီသီချင်းကောင်းလေး ကလည်း ၎င်းတို့ရဲ့ အောင်မြင်မှုကို စတင်ခဲ့တဲ့ သီချင်းလေးဆိုလည်း မမှားပါဘူး။

(၃) Thunder

Source : Imagine Dragons

ဒီသီချင်းလေးကိုတော့ ကွီးတို့တော်တော်များများ သိကြမှာပါ။ ထွက်ရှိခဲ့တဲ့ အချိန်မှာ တော်တော်ကိုပေါက်ခဲ့ပြီး အခုထိလည်း မရိုးသေးတဲ့ သီချင်းကောင်းလေးပါပဲ။

(၄) Believer

Source : Imagine Dragons

ဒီသီချင်းကတော့ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၁၇ တွင် ဖြန့်ချီခဲ့ပါတယ်။ ၎င်းသည် US Billboard Hot 100 တွင် နံပါတ် (၄) နေရာတွင် ရပ်တည်ခဲ့တဲ့ သီချင်းကောင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၅) Radioactive

Source : Imagine Dragons

Imagine Dragons ရဲ့ သီချင်း ကောင်းများကို‌ဖော်ပြပေးတဲ့ နေရာမှာ မပါမဖြစ်ကတော့ Radioactive ဆိုတဲ့ သီချင်းလေး ပါပဲ။

(၆) Demons

Source : Imagine Dragons

Demons ဆိုတဲ့ သီချင်းကလည်း အဓိပ္ပါယ် အပြည့်နဲ့ တကယ်ကို နားထောင်လို့ကောင်းတဲ့ သီချင်းကောင်းလေးပါပဲ။

(၇) Natural

Source : Imagine Dragons

ဒီသီချင်းလေးကလည်း Imagine Dragons ရဲ့ သီချင်းတွေထဲမှာ အောင်မြင်မှု ရခဲ့တဲ့ သီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ မလွတ်တမ်းနားထောင်ကြည့်သင့်တဲ့ သီချင်းလေးပါပဲ။

(၈) I Don’t like Myself

Source : Imagine Dragons

နောက်ထပ် သီချင်းကောင်းလေးတစ်ပုဒ်ကတော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ I Don’t like Myself ဆိုတဲ့ သီချင်းလေးကိုလည်း နားဆင်ခံစားကြည့်လိုက်ရအောင်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့နားဆင် ခံစားဖို့ Imagine Dragons ရဲ့ သီချင်း ကောင်းများ ပဲ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ သီချင်းကောင်းများစွာ ရှိပါသေးတယ်။ ကွီးတို့ရဲ့ အကြိုက်ဆုံး သီချင်းကရော ဘယ်သီချင်းပါလဲ။

Featured Photo : Billboard