တစ်နေ့တာလုံးပင်ပန်းထားသမျှတွေကို ရုပ်ရှင်ကြည့်ရင်း စိတ်အပန်းဖြေချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ IMDB Rating အမြင့်ဆုံး ရရှိထားတဲ့ ဇာတ်ကား ကောင်းများနှင့် မိတ်ဆက်ပေး ချင်ပါတယ်။ ဇာတ်ကားကောင်းများ ကြည့်ရှုခံစားရင်း စိတ်ဖိစီးမှုများကို ဖယ်ရှားလိုက်ပါ။

Planet Earth II

Source: BBC Earth

ဒီဇာတ်ကားကတော့ IMDb Rating အမြင့်ဆုံးရရှိထားပြီး သူ့ Rating ကတော့ ၉.၄ ရထားတာဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များနှင့် တောတွင်းဘဝကို ရိုက်ပြထားတာြဖ်ပါတယ်။ David Attenborough က နောက်ခံစကားပြောအဖြစ် သရုပ်ဆောင်ထားပြီး အခြားသော နာမည်ကြီး ကင်မရာမန်း၊ ပရိုဂျူဆာများဖြင့် အားစိုက်ထုတ်ကာ ရိုက်ကူးထားတဲ့အတွက်ကြောင့် သဘာဝကျကျနှင့် ကြည့်ကောင်းတဲ့အတွက်ကြောင့် Rating အများကြီးရထားတာဖြစ်ပါတယ်။

မီနီစီးရီးလေးဖြစ်ပြီး ၂၀၁၆ တုန်းက ထွက်ရှိထားတာဖြစ်ပါတယ်။ သဘာဝတောကောင်များနှင့် အလှတရားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုနိုင်ပါတယ်။

Chernobyl

Source: HBO

ဒီဇာတ်ကားသည်လည်း နာမည်ကြီးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၉ တုန်းက ထွက်ရှိထားတာဖြစ်ပြီး Rating ၉.၃ ရရှိထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၆ ခုနှစ် ဧပြီလတွင် ဆိုဗီယက်ဆိုရှယ်လစ်နိုင်ငံတွင် Chernobyl လို့အမည်ပေးထားတဲ့ နယူးကလိယဓာတ်ပေါင်းဖိုကြီး ပေါက်ကွဲသွားခဲ့ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်များကို လူသားတွေ အလူးအလဲခံရတာဖြစ်ပါတယ်။ Jessie Buckley ၊ Jared Harris နဲ့ Stellan Skarsgard တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Game Of Thrones

Source: GameofThrones

Rating အများဆုံးရထားတဲ့ ဇာတ်ကားတွေထဲမှာလည်း Game OF Thrones ကို ချန်ထားခဲ့လို့မရပါဘူး။ သူ့ Rating ကတော့ ၉.၂ ရရှိထားတာဖြစ်ပါတယ်။ စွန့်စားခန်း၊ အက်ရှင်နှင့် ဒရာမာဇာတ်ကားဖြစ်ပါတယ်။ တော်ဝင်မိသားစု ၉ စုအကြား အားပြိုင်မှုတွေ နယ်မြေလုတာတွေ စတဲ့ အမိုက်စားအက်ရှင်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး Complete Series ဖြစ်တဲ့အတွက်ကြောင့် မကြည့်ရသေးဘူးဆိုရင်တော့ အခုကြည့်မယ်ဆိုရင် တဝကြီး ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

The Last Dance

Source: ESPN

ဒီဇာတ်လမ်းတွဲကတော့ မီနီ စီးရီးလေးဖြစ်ပြီး မှတ်တမ်းရုပ်ရှင်၊ အတ္ထုပတ္တိနှင့် သမိုင်းကြောင်း ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ IMDb ၉.၁ ရရှိထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။

Sherlock

Source: Sherlock

စုံထောက်ဝတ္ထုတွေထဲမှာတော့ Sherlock က နာမည်အကြီးဆုံးစုံထောက်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Benedict Cumberbatch ၊ Martin Freeman နဲ့ Una Stubbs တို့က အဓိကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဘယ်လိုမျိုးအမှုတွေကို အထာကျကျ ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို သိချင်တယဆိုရင်တော့ ၂၀၁၁ တုန်းက ထွက်ရှိထားတဲ့ Sherlock ဗားရှင်းကို ကြည့်ရှုနိုင်ပါတယ်။ သူ့ Rating ကတော့ ၉ ရထားတာဖြစ်ပါတယ်။

The Vietnam War

Source: PBS

သမိုင်းကြောင်းကို နောက်ခံထားကာ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး Rating ကတော့ ၉ ရရှိထားတာဖြစ်ပါတယ်။ စစ်အကြောင်း နောက်ခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းကောင်းကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။

Scam 1992: The Harshad Mehta Story

Source: Applause Entertainment

ဟောလိဝုဒ် ဇာတ်ကားကောင်းကောင်း ကြည့်ချင်သူများအတွက် ဒီဇာတ်လမ်းတွဲကို ကြည့်သင့်ကြောင့် အကြံပေးချင်ပါတယ်။ ဇာတ်ကားထဲမှာတော့ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်ကြား ဘုံဘေမြို့ကို Setting ချထားပြီး Harshad Mehta လို့အမည်ရတဲ့ ရှယ်ယာပွဲစားတစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ စီးပွားရေး အတက်အကျကြောင့် သူပိုင်ဆိုင်ထားတဲ့ ရှယ်ယာများ ထိုးကျသွားတဲ့အခါ ဘာဆက်လုပ်မလဲ။

Rating ကတော့ ၉ ရရှိထားတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

Attack On Titan

Source: NIHONOMARU

Ere Jaeger ဆိုတဲ့ လူငယ်လေးသည် သူ့ရဲ့မြို့တစ်ခုလုံး ဖျက်ဆီးခံရပြီး သူ့ရဲ့အမေလည်း ထိုအထဲတွင် သေဆုံးသွားတဲ့အခါ သူတို့မြို့ကို ဖျက်ဆီးပစ်ခဲ့တဲ့ Titans တွေကို ချေမှုန်းပစ်မယ်လို့ သစ္စာဆိုခဲ့တာဖြစ်ပါတယ်။

Animation ဇာတ်ကားကောင်းတွေကို ကြည့်ရှုချင်သူများအတွက် အမိုက်စား ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Rating ကတော့ ၈.၉ ရရှိထားတာဖြစ်ပါတယ်။

Stranger Things

Source: Stranger Things

သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲဖြစ်ပြီး Rating ကတော့ ၈.၆ ရရှိထားတာဖြစ်ပါတယ်။ ၂၀၁၆ ကတည်းက ထွက်ရှိခဲ့တဲ့ စီးရီးဖြစ်ပြီး Season သုံးခုအထိ ပြီးထားတာဖြစ်ပါတယ်။ Season 4 ကိုတော့ ၂၀၂၀ ဇူလိုင်လ ၁ ရက်နေ့မှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

ဆယ်ကျော်သက် ကောင်ကလေးတစ်ယောက်သည် တစ်ရက်မှာ ကျောင်းကနေ အိမ်သို့ ပြန်လာတဲ့အခါ ပျောက်ချင်းမလှပျောက်သွားပါတယ်။ သူ့အမေကတော့ သူ့သား တစ်နေရာရာမှာ ဖွက်ခံထားရတယ်လို့ မသေသေးဘူးလို့ ယုံကြည်ကာ သူ့သားကို ရှာပုံတော်ဖွင့်ပါတော့တယ်။ ထိုအထဲမှာမှ သဘာဝလွန်စွမ်းအင် ပိုင်ဆိုင်ထားတဲ့ ကောင်မလေး တစ်ယောက်နဲ့တွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Stranger Things မှာ ကြည့်ရှုခံစားနိုင်ပါတယ်။

Source: imdb