ကိုယ်ခံအားစနစ်က ဘယ်ဆဲလ်တွေဟာ ခန္ဓာကိုယ်နဲ့ သက်ဆိုင်လဲ ဘယ်ဆဲလ်တွေကတော့ မသက်ဆိုင်ဘူး စသဖြင့် အဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး စစ်ထုတ်ပေးနေတာပါ။ ဒါကြောင့် ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့အတွက် လုံလောက်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ စားပေးဖို့လိုအပ်ပါတယ်။ အခုဒီဆောင်းပါးမှာ ဖော်ပြပေးမယ့် ဖျော်ရည်တွေက လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး အအေးမိတာနဲ့ဖျားနာနေတဲ့အချိန်မှာ သောက်သုံးပေးဖို့ သင့်တော်ပါတယ်။
လိမ္မော်သီး၊ ကျွဲကောသီး နဲ့ အခြား အချဉ်ဓာတ်ပါ အသီးဖျော်ရည်

Source: Healthline
အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ဓာတ်ကိုပေးနိုင်စွမ်းပါတယ်။ ဗီတာမင်စီဟာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိပါဝင်ပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် စီဓာတ်ချို့တဲ့လာပါက အနာကျက်နှေးခြင်း ကိုယ်ခံအားစနစ်ကျဆင်းခြင်းနဲ့ ကူးစက်ရောဂါတွေကို မတိုက်ထုတ်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ကိုယ်ခံအားစနစ်ကောင်းနေဖို့အတွက် လိမ္မော်သီး၊ ကျွဲကောသီး နဲ့ အခြား အချဉ်ဓာတ်ပါအသီးဖျော်ရည်များကို သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
ပန်းသီးစိမ်း၊ မုန်လာဥနီ၊ လိမ္မော်သီးဖျော်ရည်

Source: Healthline
ပန်းသီးစိမ်း၊ မုန်လာဥနီ၊ လိမ္မော်သီးတို့ ရောစပ်ထားတဲ့ ဖျော်ရည်ဟာ ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေကနေ ကာကွယ်ဖို့အကောင်းဆုံး ဖျော်ရည်ပါ။ ပုံမှန် ဒီအတိုင်းကိုက်စားရတဲ့အသီးကို ကြိတ်ပြီးဖျော်သောက်လို့ရတယ်ဆိုတော့ နေမကောင်းဖြစ်နေတဲ့သူအတွက်လည်း သောက်ရတာ သိပ်ခက်မယ်မထင်ပါဘူး။ အဓိကပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ မုန်လာဥနီကနေ ပိုတက်စီယံ၊ ဗီတာမင်အေ၊ ဘီ ၆၊ လိမ္မော်သီးကနေ ဗီတာမင် ဘီ ၉ (ဖော်လိတ်)၊ ပန်းသီကနေ ဗီတာမင် စီ တို့ဖြစ်ပါတယ်။
ခရမ်းချဉ်သီးဖျော်ရည်

Source: Simply Recipes
လတ်ဆတ်တဲ့ ခရမ်းချဉ်သီးကိုမှ အစေ့တွေဖယ်ထုတ်ပြီး ပါးပါးလေးလှီး၊ ပြီးသွားရင် ကြိတ်စက်နဲ့ ကြိတ်ပြီးရလာတဲ့ ဖျော်ရည်ကို ဆား၊ သကြား၊ ဘာဆို ဘာမှထပ်ထည့်ဖို့မလိုဘဲ သောက်ပေးပါ။ ခရမ်းချဉ်သီးမှာကို ကိုယ်ခန္ဓာထဲမှာရှိတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်သတ္တိတွေ ပါဝင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင် စီ၊ အေ၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တွေ အများအပြားပါဝင်ပါတယ်။
စတော်ဘယ်ရီ၊ သရက်ဖျော်ရည်

Source: Baker by Nature
သဘာဝအချိုဓာတ်နဲ့ အချဉ်ဓာတ်ကို ပေါင်းစပ်ထားတဲ့ ဒီဖျော်ရည်ကို ဖျားနေတဲ့အချိန် တစ်နေ့တစ်ခွက် သောက်ပေးရုံနဲ့ ဝေဒနာကို လျင်မြန်စွာ သက်သာစေရုံသာမက အစားစားချင်စိတ်ကိုပါ ဖြစ်ပေါ်စေပါတယ်။ သတိထားရမှာက ရေခဲသေတ္တာအအေးခန်းထဲမှာ စတော်ဘယ်ရီသီးနဲ့ သရက်သီးတွေကို သိမ်းထားရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာကနေ ထုတ်ပြီးပြီးချင်း ချက်ချင်းကြိတ်ဖျော်ပြီး သောက်ပေးရမှာပါ။ သရက်သီးမှာ ပါတဲ့ ဗီတာမင် အီးဓာတ်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နာမကျန်းဖြစ်နေတဲ့ လူကြီးတွေဆို ပိုလို့တောင် သောက်ပေးသင့်ပါတယ်။
ဖရဲသီးဖျော်ရည်

Source: Precious Core
ကိုယ်ခံအားစနစ်အတွက်သာမက ကြွက်သားနာကျင်ကိုက်ခဲတာတွေကို သက်သာစေတယ်။ ရေဓာတ်ကို ဖြည့်တင်းပေးလို့ ဆီးနဲ့ ဝမ်းမှန်စေတယ်။ ဖရဲသီးတစ်မျိုးတည်း ကြိတ်ပြီးဖျော်သောက်လို့ ရသလို ပန်းသီး၊ လိမ္မော်သီးတွေနဲ့ ရောကြိတ်လို့လည်း အဆင်ပြေပါတယ်။ အစေ့တွေကိုတော့ ဖယ်ထုတ်ရမှာဖြစ်ပါတယ်။
