အထာကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဖက်ရှင်တစ်ခုတည်းနဲ့ လုံလောက်မယ်မထင်ပါဘူး။ ကွီးတို့ရဲ့ ခန့်ညားမှုကို ပိုမိုပေါ်လွင်စေမယ့် အခြေခံကျတဲ့ Accessories ပစ္စည်းလေးတွေတော့ရှိထားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ကိုပိုပြီးအထာကျသွားစေမယ့် အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ပစ္စည်းတွေအကြောင်းမျှဝေပေးချင်ပါတယ်။

(၁) နာရီ

အမျိုးသားတိုင်းလိုလို မရှိမဖြစ်ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခုက နာရီပဲဖြစ်ပါတယ်။နာရီက ကွီးတို့ရဲ့အသွင်ပြင်နဲ့ ခန့်ညားမှုကိုပေါ်လွင်မယ့် ပစ္စည်းတစ်ခုပါ။ ရုံးသမား ကျောင်းသားမရွေး နေရာတိုင်းအတွက် လိုက်ဖက်ညီစွာဝတ်ဆင်နိုင်တာကြောင့် နာရီကောင်းတစ်လုံးတော့ ရှိထားဖိုသင့်ပါတယ်။

(၂) ပိုက်ဆံအိတ်

ကွီးတို့ကို စမတ်ကျဖို့ဆိုရင် ပိုက်ဆံအိတ်ကလည်း မပါမဖြစ်ပါပဲ။ ပိုက်ဆံအိတ်ကောင်းကောင်းတစ်လုံးက ကွီးတို့အတွက် ဖက်ရှင်ကျတဲ့ပစ္စည်းတစ်ခုဖြစ်သလို နေ့စဉ်ဘဝမှာလည်း မရှိမဖြစ်လိုအပ်ပါတယ်။ဘောင်းဘီအိတ်ထဲပိုက်ဆံတွေထည့်ထားတာထက်စာရင် ပိုက်ဆံအိတ်က အထာကျကျနဲ့ စတိုင်မိုက်နေဖို့ကူညီပေးမှာပါ။

(၃) နက်ကတိုင်

ပွဲတက်တဲ့အခါ အစည်းအဝေးပွဲတက်တဲ့အခါမျိုးတွေမှာ စမတ်ကျတဲ့ Suit တစ်စုံတော့မရှိမဖြစ်လိုအပ်ပါတယ်။ဒီလို Suit တွေဝတ်တဲ့အခါ နက်ကတိုင် မဝတ်မဖြစ်ဝတ်ဆင်သင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။နက်ကတိုင် ကကွီးတို့ရဲ့ဖက်ရှင်ကိုပြီးပြည့်စုံပြီး လူကြီးလူကောင်းဆန်စွာအထာကျစေမှာဖြစ်ပါတယ်။

(၄) ခါးပတ်

ခါးပတ်တွေက ပေါ့ပေါ့ပါးပါးဂျင်းဘောင်းဘီဝတ်ရင်ပဲဖြစ်စေ Suit တွေဝတ်တဲ့အခါမှာပဲ ဖြစ်စေ ဘောင်းဘီအတိုဖက်ရှင်တွေမှာပဲဖြစ်စေတွဲဖက်ဝတ်ဆင်အသုံးပြုနိုင်ပါတယ်။အရည်အသွေးမြင့်တဲ့ ခါးပတ်တွေက လူတစ်ယောက်ရဲ့ အသွင်အပြင်နှင့်အမြင်ကိုတိုးတက်စေပြီး ကြည့်ကောင်းစေတာကြောင့် မဖြစ်မနေဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

(၅) နေကာမျက်မှန်

နေကာမျက်မှန်ဟာ ဖက်ရှင်ကျရုံသာမက မျက်စိကျန်းမာရေးအတွက်လည်း အထူးကာကွယ်ပေးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။အခုလိုပူပြင်းတဲ့နွေရာသီမှာ နေကာမျက်မှန်တွေက ပိုလိုတောင်ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခုပါ။ဖက်ရှင်လည်းကျ မျက်စိကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတာကြောင့် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်မှန်ဒီဇိုင်းမျိုး ရွေးချယ်တက်ဖို့ အကြံပြုချင်ပါတယ်။