တခြားနယ်ပယ်တွေလိုပါပဲ။ ဖက်ရှင်လောကမှာလည်း စည်းကမ်းလေးတွေ ရှိပါတယ်။ အမျိုးသားဝတ်ဖက်ရှင်စတိုင်တွေက သိပ်မရှုပ်ထွေးပေမယ့် အရေးကြီးတဲ့ ဖက်ရှင်စည်းမျဉ်းတွေကိုတော့ မဖြစ်မနေ သိထားသင့်ပါတယ်။

(၁) Suit ကို သပ်သပ်ရပ်ရပ်ဝတ်ပါ

wear suit

Photo: Unsplash

Suit ဝတ်ဖြစ်တယ်ဆိုရင် ဘယ်တော့မဆို သိထားရမယ့်အချက်က Fit ဖြစ်ဖို့ ဆိုဒ်ကျ မှန်ဖို့ပါပဲ။ ပခုံးထောင့်တွေ အကျမှန်သလား ၊ ခါးနဲ့ ရင်ဘတ်တွေ အချိုးကျရဲ့လား သေချာကြည့်ဖို့ လိုပါတယ်။ နောက်တစ်ချက်က Suit ဝတ်မယ်ဆိုရင် Classic ဖက်ရှင်ကို လက်မလွှတ်သင့်ပါဘူး။ Classic ဆိုတာ ကြယ်သီးနှစ်လုံးတပ် Two-Button ၊ ရင်ဖုံးမဟုတ်ဘဲ ရင်စေ့ Single-Breasted ဖြစ်ပြီး အရောင်ရင့်ရင့် ရွေးချယ်ဖို့ ဖြစ်ပါတယ်။

(၂) ကာလာသစ်တွေ ဝတ်ကြည့်ပါ

men's fashion

Photo: Unsplash

Monochrome နဲ့ပဲ ရိုးရိုးကြီး ဝတ်မယ့်အစား အရောင်လွင် ၊ အရောင်ဆန်းလေးတွေလည်း ဝတ်ကြည့်သင့်ပါတယ်။ ယောင်္ကျားလေးအများစုကတော့ အရောင်ဆိုရင် မီးခိုး ၊ နက်ပြာ ၊ အဖြူ ၊ အညိုလောက် လှည့်ဝတ်တာများပါတယ်။ သံလွင်စိမ်းလို ၊ အပြာရောင်ပြေးလို ၊ လိမ္မော်ရောင် ၊ ပန်းရောင်ဖျော့ ၊ ခရမ်းနဲ့အဝါရောင်ကာလာတွေလည်း ဝတ်ကြည့်သင့်ပါတယ်။

(၃) Jeans ကို စမတ်ကျကျဝတ်ပါ

man wearing jeans pant

Photo: Unsplash

Casual Outfit ထဲမှာ ပါပေမယ့် Jeans ကို စတိုင်ကျအောင် ၊ Smart ဖြစ်အောင် ဝတ်လို့ရပါတယ်။ ကိုယ့် Body နဲ့ Slim-Tapered ဖြစ်တဲ့ Jeans မျိုး ရွေးဖို့တော့ လိုပါတယ်။ Jeans နဲ့အတူ Smart Shoes ဒါမှမဟုတ် Trainers တွေနဲ့တွဲစီးနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ Jeans နဲ့ Suit တောင် တွဲဝတ်လာပြီ ဖြစ်ပါတယ်။

(၄) သင့်ပုံစံကို ဂရုစိုက်ပါ

stylish man

Photo: Unsplash

ဘာပဲဝတ်ဝတ် သင်ရဲ့ ရုပ်ပိုင်းအပြင်အဆင်ကိုပါ မြှင့်တင်ဖို့ လိုတယ်ဆိုတာ မမေ့သင့်ပါဘူး။ အဝတ်အစားကောင်းတွေ ဝတ်ပြီး ဆံပင်နဲ့ အသားအရေကို ကောင်းကောင်း Care လုပ်မထားရင် အဆင်မပြေပါဘူး။ ဒါကြောင့် လက်သည်းခြေသည်း နဲ့ မျက်နှာတွေ သန့်ရှင်းအောင်ထားပါ။ ဆံပင်ကို သေချာဖြီးပါ။ နောက်ပြီး သင်ဝတ်ထားတဲ့ အဝတ်အစားတွေ သန့်သန့်ရှင်းရှင်း တောက်တောက်ပြောင်ပြောင် ရှိဖို့ ဂရုစိုက်ပါ။

Featured Photo: Fashion Ie