စာအုပ်ဖတ်ခြင်းက ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဆိုတာ လူတိုင်းသိထားပြီးဖြစ်ပါတယ်။ဒါပေမယ့်ယနေ့ခေတ်လူတွေရဲ့ အားလပ်ချိန်တွေမှာ စာအုပ်တွေက နေရာမရကြပါဘူး။နည်းပညာပစ္စည်းတွေ ဆိုရှယ်မီဒီယာတွေ ဖုန်းတွေကသာ လူတွေရဲ့ အားလပ်ချိန်တွေကိုကြီးစိုးထားကြပါတယ်။စာအုပ်ဖတ်တာဟာ ဘာတွေထူးခြားသွားမလဲ အားလပ်ချိန်တွေကို ဘယ်လိုတွေတန်ဖိုးရှိသွားစေမလဲဆိုတာ ဒီတစ်ခေါက်မှာပြောပြပေးချင်ပါတယ်။

(၁) စိတ်အပန်းပြေစေတယ်

Source : Shutterstock

ခရီးတွေထွက်မှ ငွေကုန်ကြေးကျခံမှ စိတ်အပန်းပြေစေမှာမဟုတ်ပါဘူး။လက်ထဲမှာစာအုပ်လေးတစ်အုပ်ရှိရုံနဲ့ သင့်ရဲ့ အေးချမ်းတဲ့အရပ်သို့ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။စာအုပ်ဖတ်ခြင်းက စိတ်ရောလူပါ အပန်းဖြေအနားယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်ထဲမှာမောပါနေရဟာ လက်ရှိဖိအားတွေစိတ်ညစ်စရာတွေများတဲ့လောကကြီးနဲ့ ခဏတာအသက်သွယ်ပြတ်သွားစေမှာဖြစ်ပါတယ်။

(၂) ဗဟုသုတတိုးစေတယ်

Source : Freepik

စာအုပ်တစ်အုပ်မှာ စာလုံးအရေအတွက်များစွာပါဝင်သလို ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာတွေလည်း များစွာပါဝင်ပါတယ်။အောင်မြင်တိုးတက်နေတဲ့ ကမ္ဘာတစ်လွှားကလူပုဂ္ဂိုလ်တိုင်းလည်း စာအုပ်စာအုပ်တွေနဲ့ မကင်းခဲ့သလို စာအုပ်တွေထဲကပဲ အသိဉာဏ်ဗဟုသုတတွေကို ရခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့် အားလပ်ချိန်တိုင်းမှာတခြားသောအကျိုးမဲ့အချိန်ကုန်စေတဲ့အရာတွေထက် ဗဟုသုတတိုးဖို့ စာအုပ်ကောင်းတစ်အုပ်ဖတ်နေဖို့ အကြံပြုချင်ပါတယ်။

(၃) တွေးတောဆင်ခြင်နိုင်စွမ်းတွေပေးတယ်

Source : Freepik

ရှုပ်ထွေးမှုတွေအရမ်းကိုများတဲ့ ကမ္ဘာကြီးမှာလူသားတိုင်းလိုလို နေ့စဉ်ပြဿနာတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရစမြဲပါ။ သို့သော်လည်း အသိဉာဏ်ကြွယ်ဝပြီး တွေးတောဆင်ခြင်နိုင်စွမ်းရှိတဲ့သူတွေအတွက်တော့ ပြဿနာတွေ အခက်အခဲတွေက ခေတ္တခဏတာ အခိုက်အတန့်တစ်ခုမျှသာ ဖြစ်စေမှာဖြစ်ပါတယ်။စာဖတ်ခြင်းက နက်ရှိုင်းတဲ့ တွေးတောဆင်ခြင်နိုင်စွမ်းတွေတာကြောင့် အားလပ်ချိန်တွေမှာစာအုပ်စာပေတွေဖတ်သင့်ပါတယ်။

(၄) တခြားသူတွေနဲ့ ကွဲပြားလာမယ်

Source : Mail Order Bride

စာဖတ်လေ့ရှိတဲ့လူတွေဟာ သာမာန်လူတွေထက်ပိုပြီး ဆုံးဖြတ်ချက်တွေ တွေးခေါ်ပုံတွေက ထူးခြားနေတက်ပါတယ်။ ခေါင်းထဲမှာ အသိဉာဏ်ဗဟုသုတတွေနဲ့ တဖြေးဖြေးပြည့်လာတဲ့အခါ အမှားအမှန်ကိုခွဲခြားသိမြင်လာပြီး သာမာန်လူတွေလို အုတ်ရောရောကျောက်ရောရောမဟုတ်တော့ဘဲ ပတ္တမြားတစ်လုံးလို အရောင်အသွေးတွေတောက်ပနေမှာဖြစ်ပါတယ်။