တစ်ယောက်နဲ့ တစ်ယောက် Skin Tone ကွာပါတယ်။ အသားဖြူတဲ့သူတွေ ရှိသလို အသားညိုတဲ့သူတွေလည်း ရှိတာပါပဲ။ ဘာပဲ ဖြစ်ဖြစ် ဆင်တတ်ရင် လှတယ်ဆိုတာ မမေ့သင့်ပါဘူး။ တကယ်လို့ သင်ဟာ အသားညိုတဲ့သူဆိုရင် အခုပြောမယ့် အချက်ကလေးတွေကို လိုက်နာလိုက်တာနဲ့ ပိုပြီး စတိုင်ကျသားနားတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာမှာပါ။

(၁) ကာလာအနုဆင်ပါ

Photo: Mag the Weekly

အသားညိုတဲ့ သူတွေအတွက် မက်မွန်ရောင် ၊ သံပုရာခွံဝါရောင် နဲ့ အပြာနုနုလေးတွေ ရွေးဝတ်သင့်ပါတယ်။ ဒီအရောင်တွေက အသားကို တောက်စေပြီး သဘာဝအတိုင်း ထင်းလာစေမှာပါ။ အပြာတောက်တောက် ၊ အဖြူဆွတ်ဆွတ်အရောင်တွေက ကိုယ့်ရဲ့ Skin Tone နဲ့ ဆန့်ကျင်ဘက်ပါပဲ။

(၂) အကွက်မှိန်မှိန်လေးတွေ ရွေးပါ

Photo: dmarge

အင်္ကျီဆို အကွက်တို့ prints တို့မှ သဘောကျတယ်ဆိုလည်း ကိစ္စမရှိပါဘူး။ အရမ်းကြီး ထင်ပေါ်မနေဘဲ ခပ်မှိန်မှိန်အကွက်တွေ ဝတ်နိုင်ပါတယ်။

(၃) ထပ်အင်္ကျီ ဝတ်ပါ

Photo: dmarge

သိပ်တောက်ပလွန်း ၊ အရောင်မှိန်လွန်းတာမျိုး မဟုတ်ဘဲ အရောင်လွင်တဲ့ အပေါ်ထပ် အင်္ကျီမျိုး ဝတ်သင့်ပါတယ်။ မျက်စိ မစူးစေမယ့် အရောင်လွင်လွင်မျိုး ရွေးသင့်ပြီး အောက်ခံအင်္ကျီနဲ့လည်း ကာလာအုပ်စုတစ်ခုတည်း ဖြစ်ရင် ပိုကောင်းပါတယ်။

(၄) အမြင်ဆန်းတဲ့ ခြေအိတ် သုံးပါ

Photo: blckdmnds

ကွက်စင်းနဲ့ ခပ်ဆန်းဆန်းခြေအိတ်တွေဟာ အသားညိုသူတွေနဲ့ လိုက်ပါတယ်။ Eccentric Socks တွေကြောင့် ဘေးလူတွေလည်း ပိုပြီး အာရုံစိုက်မိစေပါတယ်။