ကျန်းမာကျစ်လစ်တဲ့ ကိုယ်ခန္ဓာဖြစ်အောင် ပုံသွင်းတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် အရင်ဆုံး Gym သွားကစားဖို့ပဲ စဉ်းစားကြမှာပါ။ Gym ကို သွားတဲ့ သင့်ရဲ့ ရည်ရွယ်ချက်က ဝိတ်ကျဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ ကြွက်သားအဖုဖုနဲ့ Body Builder ဖြစ်ချင်တာလည်း ဖြစ်နိုင်သလို စိတ်ဖိစီးမှုနည်းစေဖို့နဲ့ နောက်ဆုံးဆေးလိပ်ပြတ်ဖို့ပါ ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အရေးကြီးတာက Gym ကစားပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ချင်လို့ပဲ မလား။ အခုမှ Fitnessပိုင်းကို စပြီး လိုက်စားမယ့်သူဆိုရင် အခုပြောမယ့် အခြေခံ အချက် ၄ ချက်ကိုတော့ ကျော်သွားလို့ မရပါဘူး။

(၁) Gym သွားပါ

Photo: Pexels

Gym ကစားမယ့်သူဟာ Gym ကစားသူတွေ ရှိတဲ့ ၊ ကစားဖို့ လုပ်ထားတဲ့ နေရာကို သွားကို သွားရမှာပါ။ ကိုယ်သွားကစားမယ့် Gym ဟာ သွားဖို့လာဖို့ အဆင်ပြေတဲ့ နီးနီးနားနား နေရာမှာ ရှိသင့်သလို ကိုယ့်ရဲ့ အလုပ်ချိန်နဲ့ လည်း အဆင်ပြေအောင် ဖွင့်တာမျိုးဆို ပိုကောင်းပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းတွေအပြင် တစ်ခြား အားကစားနဲ့ ကာယပိုင်းပါ လေ့ကျင့်ပေးတဲ့ Gymမျိုးကတော့ အကောင်းဆုံးပါပဲ။

(၂) Gym ကစားဖော် ရှာပါ

Photo: Unsplash

သင်တစ်ယောက်တည်းဆို Gym ကစားရတာ ခက်မယ် ။ ပျင်းမယ် ။ လုပ်ချင်စိတ် နည်းမယ်။ မိတ်ဆွေအပေါင်းအဖော်ကောင်းကောင်းနဲ့ဆိုရင် Gym လည်း သွားဖြစ်တယ် ။ မသိတာရှိရင်လည်း မေးမြန်း တိုင်ပင်လို့ ရမယ် ။ စိတ်အားလည်းပိုပြီး ထက်သန်တက်ကြွပါလိမ့်မယ်။

(၃) အစားအသောက်စာရင်းလုပ်ပါ

Photo: Unsplash

အားကစားလုပ်ပြီဆိုရင် အစားအသောက်လည်း ပိုပြီး ဂရုစိုက်ရပါတယ်။ ကျန်းမာတဲ့ အစားအသောက်မျိုးကို ရွေးချယ် စားသောက်ဖို့လိုပါမယ်။ ဗိုက်တာမင်နဲ့ ပရိုတိန်းဓါတ်တွေ ၊ အမိုင်နို အက်ဆစ်နဲ့ ဂျုံဆန်ကွေကာပြောင်း စသည်ဖြင့် Diet Food တွေကို သိပ္ပံနည်းကျ စားသောက်ရပါမယ်။

အလွယ်ပြောရရင် ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်မှာ ပရိုတိန်း ၁ ဂရမ်ကနေ ၁.၅ ဂရမ် နဲ့ ကာဗွန်ဟိုက်ဒရိတ် ၂ ဂရမ်ကနေ ၃ ဂရမ် စားသုံးပေးဖို့ လိုပါတယ်။

(၄) အနားယူပါ

လူသစ်မို့ စိတ်ကလည်း တက်ကြွနေပြီး Gym ရုံကို နေ့တိုင်းလိုလို သွားချင်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ Overtraing ရဲ့ ပြဿနာကို ထည့်ပြီး တွက်ဖို့ လိုပါတယ်။ ကြွက်သားကျန်းမာရေးအတွက် အားကစားလုပ်မှုနဲ့ အနားယူမှုကို မျှတအောင် စီမံပါ။တစ်ပတ်မှာ Workout ကို ၃-၄ ရက် လောက် လုပ်ရင် လုံလောက်ပါတယ်။ ထိထိရောက်ရောက်နဲ့ စုံစုံလင်လင် ကစားပေးဖို့ပဲ လိုပါတယ်။