သင်သာမိဘတစ်ယောက်ဖြစ်လာပြီဆိုရဲ့ကလေးရဲ့ အနာဂါတ်ဟာ သင့်အပေါ်မှာ အများကြီးမူတည်လာပါပြီ။ လူတိုင်းက မိမိကလေးကိုကြင်နာတတ်ဖို့၊ ရိုးသားတတ်ဖို့နဲ့ ရဲရင့်စေချင် ကြတာပါပဲ။ကျွန်တော်တို့ Kwee ကနေ သင့်ကလေး ၁၀ နှစ်မပြည့်ခင် သင်ကြားပေးသင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ယောကျာင်္းလေးကိုရော မိန်းကလေးကိုရော တန်းတူညီမျှလေးစားတတ်ရမယ်

Source: Bright Side

တခြားသူကို လေးစားခြင်းဆိုတာသင့်ကလေးမှာ ရှိသင့်တဲ့အချက်တစ်ချက်ပါ။ သူကကိုယ်နဲ့ ရွယ်တူကလေးတွေကို ကျား၊ မ လိင်မခွဲခြားဘဲနဲ့ လေးစားသင့်ကြောင်း သင်ကြားပေးပါ။

 

(၂) အမှားလုပ်ဖို့ကို မကြောက်ပါနဲ့

Source: Bright Side

သူများအမှားကနေ သင်ယူတတ်ခြင်းဟာ ရှားပါးတဲ့အရည်အချင်းပါ။ ကိုယ့်အမှားကနေလဲ ပြန်သင်ယူတတ်ဖို့ကလဲ အရေးကြီးပါတယ်။ သင့်ကလေးဟာ ဆုံးရှုံးရမှာနဲ့ အမှားလုပ်မိမှာကို ကြောက်ရွံ့မနေဖို့လိုပါတယ်။

 

(၃) ဗဟုသုတက အတန်းထဲက အဆင့်တွေထက် ပိုအရေးကြီးပါတယ်

Source : Shutterstocks

တစ်ချို့မိဘတွေက ကိုယ့်သားသမီးဟာ သူတို့မှန်းထားသလောက် အဆင့်မရရင် ဒေါသဖြစ်ကြပါတယ်။ ဒါမေမယ့် အဆင့်မကောင်ခြင်းက ဗဟုသုတနည်းလို့ မဟုတ်ပါဘူး။ ဒီတော့ သင့်ကလေးကို ဗဟုသုတကစာသင်ခန်းထဲက အဆင့်တွေထက် အရေးကြီးကြောင်း သင်ပြပေးဖို့ လိုအပ်ပါတယ်။

 

(၄) ကလေးအတွက် အမြဲတမ်းရှိပေးနေပါ

Source: US News Money – US News & World Report

တစ်ချို့မိဘတွေကကိုယ့်ကလေးထက် တခြားလူ၊ ဆရာ၊ဆရာမ တွေကို ပိုပြီးလေးစားကြောင်းပြတတ်ပါတယ်။ ဒါဟာတစ်ချိန်ကျရင် ကလေးဟာကိုယ့်ကိုယ်ကို မလုံခြုံမှုတွေ၊ တစ်ယောက်တည်း ရပ်တည်ဖို့ခက်ခဲသွားပါလိမ့်မယ်။သင့်ကလေးကို တစ်ယောက်ယောက်ကို လေးစားဖို့က အရေးကြီးကြောင်းနဲ့ တစ်ယောက်ယောက်ရဲ့ အမြင်ကို အကျိုးသင့်အကြောင်းသင့် ကာကွယ်ပြောဆိုဖို့ကလဲ လိုအပ်ကြောင်း ရှင်းပြပေးပါ။ မှန်တဲ့ဘက်ကတော့ ဖြစ်ပါစေ။

 

(၅) တစ်ယောက်ယောက်အတွက် ကိုယ်မကြိုက်တာကို မလုပ်ပါနဲ့

Source : Shutterstocks

ကလေးတွေက ကိုယ်နဲ့ရွယ်တူတွေကြားမှာ popular ဖြစ်တာကအရေးကြီးတယ်လို့ ထင်တတ်ကြတယ်။ အဲ့လိုဖြစ်ဖို့လဲ နည်းလမ်းမျိုးစုံသုံးကြတယ်။ သင်ရဲ့ အတွေ့အကြုံတွေကို ပြောပြပြီး ရိုးသားပြီး လေးစားစရာကောင်းတဲ့လူက ပိုတန်ဖိုးရှိကြောင်း ပြသလိုက်ပါ။

 

(၆) မေးခွန်းပြန်မေးတတ်အောင်သင်ပေးပါ

Source: Bright Side

မေးခွန်းပြန်မေးတာက ပုံမှန်ကိစ္စရပ်တစ်ခုပါ။ အကုန်နားလည်ချင်ယောင်ဆောင်ရတာထက် မေးခွန်းပြန်မေးတာက ပိုကောင်းကြောင်းကို သင့်ကလေးအသက်ငယ်စဉ်ကတည်းက သင်ပေးထားပါ။

 

(၇) ပတ်ဝန်းကျင်ကို လေးစားပါ

Source: Bilingual Kid sport

ကျွန်တော်တို့ တစ်နေ့တစ်နေ့ လမ်းတွေညစ်ပတ်တဲ့အကြောင်း ပန်းပင်တွေအချိုးခံရတဲ့အကြောင်း ဘယ်နခေါက်လောက် ပြောဆိုပြီးကြပြီလဲ။ ပတ်ဝန်းကျင်ကိုလေးစားခြင်းက မိမိအိမ်ကနေ စပါတယ်။ မိမိကိုယ်တိုင်ကပဲစတင်ပြီး ဒီအကျင့်ကို ကလေးဆီကိုပါ လက်ဆင့်ကမ်းပေးပါ။ ရလဒ်ကကျေနပ်စရာဖြစ်လာပါလိမ့်မယ်။

 

(၈) ငြင်းဆိုဖို့ သင်ယူခိုင်းပါ

 

Source: The Firm for Men

သင့်ကလေးကို သူမလုပ်နိုင်တဲ့ကိစ္စတွေမှာ ဘယ်သူ့ကိုမဆို ငြင်းတတ်ဖို့ သင်ပေးပါ။ ကိုယ့်ထက်ကြီးတဲ့သူကို ဖြစ်စေ၊ ဆရာတွေကို ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုတောင်မှ ငြင်းတတ်အောင် သင်ပေးပါ။ ဒီိလိုငြင်းတာက သူအရွယ်ရောက်တဲ့တစ်နေ့မှာ ကောင်းကောင်းအသုံးဝင်လာမှာပါ။