ပဲနို့ဟာ အာဟာရကြွယ်ဝတဲ့ အသောက်စရာတခုဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများက ပဲနို့ဟာ ဘာအတွက်ကောင်းလဲဆိုတာကို မသိကြဘူး။ ပဲပိစပ်ကနေရတဲ့ပဲနို့ဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး နွားနို့အစားထိုးသောက်သုံးလို့လည်းရပါတယ်။ ဒီနေ့ kwee page ကနေ ပဲနို့မှ ရရှိနိူင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း ပြေပြပေးသွားမှာပါ။

ကင်ဆာရောဂါ ကာကွယ်ပေးတယ်

Source: FitDay

ပဲနို့များများသောက်တဲ့ အမျိုးသားတွေဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ကျစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

အဝမလွန်အောင် ထိန်းပေးတယ်

Source: Signature Market

ပဲနို့က အဝလွန်ခြင်းကို ကာကွယ်ပေးသလို ဝနေတဲ့အမျိုးသားအမျိုးသမီးတွေမှာလည်း ခါးပတ်လည်အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။

အပင်ထွက်အာဟာရ phytonutrients တွေပါဝင်မှုများတဲ့ ပဲနို့ဟာ နာတာရှည်ရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးတွေအတွက် အထူးအကျိုးကျေးဇူးပေးတဲ့အာဟာရ တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတိထားသင့်တဲ့အချက်က စျေးကွက်မှာ လူကြိုက်များတဲ့ အသင့်သောက်ပဲနို့တွေကိုတော့ အချိုပါဝင်မှုပမာဏကိုချင့်ချိန်သောက်သုံးသင့်ပါတယ်။

နှလုံးကျန်းမာရေးကောင်းစေတယ်

Source: Times of India

ပဲနို့ရဲ့ပရိုတင်းဓာတ်ဟာ နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ မကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို လျော့ကျစေပြီး သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

အရိုးပွရောဂါကို ကာကွယ်ပေးတယ်၊ သက်သာစေတယ်

Source: Vox

ပဲနို့က အသက်ကြီးလို့ဖြစ်တက်တဲ့ အရိုးပွခြင်းကိုသက်သာစေတဲ့ဆေးတစ်ခွက်ပါ။ အရိုးကြွပ်ဆတ်ခြင်းနဲ့ ကယ်လ်စီယမ်ဆုံးရှုံးခြင်းတို့ကြောင့် သည်အန္တရာယ်ကိုများစေတာပါ။ အသားကရတဲ့ပရိုတင်းက ပဲနို့ပရိုတင်းထက် ဆီးအတွင်းကယ်လ်စီယမ်ရောပါ စွန့်ထုတ်မှုပိုများတယ်လို့ လေ့လာမှုတွေကဖော်ပြထားပါတယ်။ အရိုးသိပ်သည်းမှုကို အားဖြည့်ပေးပြီး အရိုးကျိုးအက်မှုအန္တရာယ်ကို လျော့နည်းစေပါတယ်။