မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပြီး စပိန်(သို့) အီတလီကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ပေါ့ဘာ ဟာ လက်ရှိမှာ ရီးယဲလ်အသင်းနဲ့ အသံတွေထွက်နေသူဖြစ်ပြီး အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကိုပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရီးယဲလ်အသင်းမှာ ကစားဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်လို့ မကြာသေးခင်ကမှ ပေါ့ဘာ က ပြောကြားထားပါတယ်။

ဒါကြောင့် မန်ယူအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရဦးမလဲဆိုတာ ပရိတ်သတ်များအနေနဲ့ စိုးရိမ်ပူပန်နေကြခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ခု အနေနဲ့လည်း ထပ်မံပြောကြားခဲ့ပါတယ်။

ပေါ့ဘာ နှင့် Sportsmail တို့ အင်တာဗျူး တွင် ပေါ့ဘာအား အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသော အခိုက်အတန့် အကြောင်း မေးမြန်းခဲ့ရာ ပေါ့ဘာ က “ကျွန်တော် မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားနေခဲ့တဲ့ အချိန်မှာ လို့ ဆိုရမှာပါပဲ ။ ကလပ်အသင်းကြီး တစ်သင်းမှာ ရှိနေပြီ ဆိုရင် ကစားခွင့်ရဖို့ စိတ်ရှည်ရှည် နဲ့ စောင့်ဆိုင်းဖို့ လိုတယ် ဆိုတာကို နားလည်မိပေမယ့် ကစားသမား တစ်ယောက်လို ဒါမှမဟုတ် လူသားတစ်ယောက်လို လေးစားခံရမှုမျိုး၊ တန်ဖိုးထားခံရမှုမျိုး ကျွန်တော် မခံစားခဲ့ရဘူး ” ဟုဖြေဆိုသွားခဲ့သည်။

Source : Manchester United Lover