အဖြူရောင်ဆိုတာက အနက်ရောင်လိုပဲ တခြားဘယ်လိုအရောင်နဲ့ပဲဖြစ်ဖြစ် တွဲဝတ်လို့လိုက်တာကြောင့် လူအများစုအတွက် Favourite အရောင်ဖြစ်နေရတာပါ။

အခုလိုမျိုး ဝတ်ဆင်သူကို သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းတောက်ပြောင်တဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်မယ့် အဖြူရောင်ပြောင်ရှပ်အကျီကို အနောက်တိုင်းဝတ်စုံတွေနဲ့သာမဟုတ်ဘဲ တခြားဘယ်လိုပုံစံတွေနဲ့ရော ဝတ်ဆင်နိုင်အုံးမလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

Classic ဆန်ဆန် ဝတ်ဆင်မယ်

Source: El Corte Ingles

White Shirt ကို အနက်ရောင် စတိုင်ဘောင်းဘီပုံကျကျတစ်ထည်နဲ့ တွဲဝတ်ဆင်ပြီး လည်ပင်းမှာ အနက် ဒါမှမဟုတ် မီးခိုးရောင် နက်တိုင်နဲ့ ဝတ်ဆင်တာက အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်တာထက်တောင် ပိုပြီးစတိုင်မိုက်နေမှာပါ။ တကယ်လို့ မွန်းကျပ်လာတယ်ဆိုရင်လည်း လက်ကိုခေါက်တင်ပြီး နက်တိုင်ကို ခပ်မိုက်မိုက်လျော့ထားလို့ရပါသေးတယ်။

Casual ကျကျဝတ်မယ်

Source: LIFESTYLE BY PS

ဒါကတော့ White Shirt ကို ဂျင်းဘောင်းဘီတစ်ထည်နဲ့ ဒီအတိုင်းဝတ်ဆင်ပြီးတော့ ကိုယ့်ခါးပတ်ကိုပါ ပေါ်နေအောင်ဝတ်ဆင်လို့ရပါတယ်။ နေ့လည်ဘက်အပြင်ထွက်မယ်ဆိုရင်လည်း နေကာမျက်မှန်တစ်စုံဝတ်ဆင်သွားတာက မိန်းကလေးတွေကို ကြွေသွားစေမှာပါ။

နွေရာသီအတွက် အကောင်းဆုံးစတိုင်

Source: Mens Fashion Blog India

White Shirt ကို စတိုင်ဘောင်းဘီတွေ၊ ဂျင်းဘောင်းဘီတွေနဲ့ တွဲဖက်ရတာက နွေရာသီမှာ အရမ်းပူတယ်ဆိုရင် သာမန် မီးခိုးရောင် Pattern တွေပါတဲ့ ဘောင်းဘီတစ်ထည်နဲ့ တွဲဖက်ဝတ်လိုက်ပါ။ ဖိနပ်ကိုလည်း အဖြူရောင် Trainer Shoes တွေနဲ့ဆို နွေရာသီမှာ အမိုက်ဆုံးဖြစ်သွားပြီပေါ့။