ရုပ်ရှင်ဇာတ်လမ်းမျိုးစုံသည် လူ့စိတ်ကို နည်းလမ်းအမျိုးမျိုး ဖြင့် ဆွဲဆောင်တတ်ကြပါတယ်။ တစ်ချို့က ဟာသဇာတ်မြူးလေးတွေကို ကြိုက်သလို တစ်ချို့တွေက အချစ်ဇာတ်လမ်း တစ်ချို့တွေက Horror ဇာတ်လမ်းစသဖြင့် အကြိုက်ချင်းက မတူကွဲပြားကြပါတယ်။

ဒီနေ့ kwee page က စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးသော ရုပ်ရှင်ဇာတ်ကားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

The World’s Fastest Indian

Source: The one minute manager reaction paper essay – neskuchnoe.info

Burt Munro သည် သူ၏ အကြီးမားဆုံးအိပ်မက်ကို အကောင်ဖော်နိုင်ရန် (၁၀) စုနှစ် တစ်စုစာ အချိန်ကုန်ခဲ့ပါတယ်။ သူသည် ခေတ်ဟောင်း ဆိုင်ကယ်များကို  ကမ္ဘာ့အမြန်ဆုံး ပြိုင်မြင်းသဖွယ် ပြောင်းလဲတည်ဆောက် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ဒီဇာတ်လမ်းမှာ မင်းသားကြီး Anthony Hopkins ရဲ့သရုပ်ဆောင်ကောင်းမှုနှင့် ဒါရိုက်တာရဲ့ အလွန်ကောင်းတဲ့ ဇာတ်လမ်း ဇာတ်ကွက်များက ပရိတ်သတ်တွေကို ဇာတ်လမ်းဆုံးသည့်အထိ ခေါ်ဆောင်သွားပါလိမ့်မယ်။

The Straight Story

Source: Microsoft

(၇၃) နှစ်အရွယ် Alvin Straight သည် နှစ်ပေါင်းများစွာကြာ ကွဲကွာခဲ့သော အစ်ကိုရှာပုံတော် ဖွင့်ခဲ့ပါတယ်။ Alvin တွင် ဒရိုင်ဘာလိုင်စင် မရှိသည့်အတွက် မြက်ရိတ်စက် တစ်လုံးကိုဝယ်ကာ ပြည်နယ်များဆီသို့ ခရီးနှင်၍ စွန့်စားခန်း တစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခရီးလမ်းတစ်လျှောက်တွင် Alvin သည် သူငယ်ချင်း အသစ်များ ရခဲ့ပြီး ကြင်နာတတ်သော သူတွေဆီမှလည်း အကူညီရခဲ့ကာ အဆုံးသတ်တွင် အစ်ကိုဖြစ်သူနှင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

Coach Carter

Source: Revolt TV

ဒီဇာတ်လမ်းက ကျောင်းတစ်ကျောင်း တွင်ရှိသော ဘက်စကတ်ဘော အသင်းနှင့် အလွန်တော်သောအသင်းနည်းပြ အကြောင်းကို ဖြစ်ရပ်မှန်ပြန်လည် ရိုက်ကူးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။  Ken Carter သည် မမျှော်လင့် ထားသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ ကျောင်းစာရမှတ် မကောင်းသောသူကို အသင်းဝင်ခွင့် တားမြစ်ချက်တစ်ခု ထုတ်ပြန်လိုက်တယ်။ သူ ထုတ်လိုက်သော စည်းမျဉ်းသည် ဝေဖန်သူ နှင့် ထောက်ခံသူ နှစ်ဦးနှစ်ဖက်လုံးကို လှုံ့ဆော်ပေးခဲ့ပါတယ်။

The Way Way Back

Source: FilmWonk

ဒီဇာတ်လမ်းလေးကတော့ အပျော် အငို ဒွန့်တွဲပြီး ပရိသတ်တွေကို ငြိမ်ငြိမ်လေး ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားပါ။ လူငယ်လေးတစ်ဦးကနေ လူကြီးဖြစ်လာသည့် အရွယ်တွင် ပြဿနာတွေဟာ အရေးကြီးကြောင်းနှင့် အဆုံးသတ်မှာ ဘဝဇာတ်ခုံရဲ့ အကျိုးကျေးဇူး ခံစားရပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။ လူငယ်လေးဟာ ပန်းခြံတခုမှာအလုပ်လုပ်ရင်း  သူ၏ပြဿနာအားလုံးနှင့် ဆက်စပ်ပြီး ကူညီဖြေရှင်း ပေးသော သူငယ်ချင်းအသစ်တွေရခဲ့သလို သူကိုယ်သူလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရက်စက်သော ပထွေး Steve Carcell နှင့် ကောင်လေးကို လမ်းမှန်လမ်းညွှန်ပြသပေးသည့် ဆရာသမား Sam Rockwell တို့၏ အားပြိုင်မှုကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။

Everybody’s Fine

Source: IMDb

ချစ်လှစွာသော ဇနီးသည် သေဆုံးပြီးသည့် နောက် Frank တစ်ယောက်ဟာ ပြည်နယ်အသီးသီးတွင် နေထိုင်သည့် သားသမီးများဆီ အလည်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ခရီးစဉ်အတွင်းမှာ မမျှော်လင့်ထားသော မိသားစု အကြောင်း ကိစ္စများကို စိတ်ဝင်စားဖွယ် သိရှိလာပါတယ်။ ဒီဇာတ်ကားထဲမှာ Robert De Niro , Drew Barrymore , Kate Baeckinsale နှင့် Sam Rockwell တို့၏ ပြောင်မြောက်သော သရုပ်ဆောင်ချက်များ ကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။

Goal

Source: IMDb

Santiago Munez သည် သူ့ဝမ်းသူဝအောင် ရှာဖွေစားသောက်နေရသည့် မက်ဆီကန် လူမျိုးတစ်ဦးဖြစ်ပါတယ်။ ငယ်ရွယ်သော Santiago သည် ဘောလုံးသမားတစ်ဦး ဖြစ်လာဖို့ အိပ်မက်အတွက် အရာရာကို စွန့်လွှတ်ခဲ့ပြီး ကံကြမ္မာ အလှည့်အပြောင်း တွင် အကြောင်းဖန်လာတော့ သူ့အိပ်မက်ကို အကောင်အထည် ဖော်ဖို့ အင်္ဂလန်တွင် လမ်းစ တစ်ခု တွေ့ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ကျရှုံးမှု အောင်မြင်မှု ဝမ်းနည်းဝမ်းသာ ခံစားချက်တွေကို တသီတတန်းကြီး ခံစားကြရမှာပါ။

Bend It Like Beckham

Source: Searchlight Pictures

(၁၈) နှစ်အရွယ် ကောင်မလေး Jess ဟာ ငယ်စဉ်ကတည်း က ဘောလုံးအားကစား ဝါသနာပါခဲ့ပါတယ်။ သို့သော် သူမ၏ မိသားစုက ဆစ်ခ်ဘာသာဝင် မိန်းမကောင်း တစ်ဦးသည် ယောက်ျားများနှင့် ယှဉ်ပြီး ဘောလုံးမကန်သင့်ဘူး လို့ ယူဆခဲ့ကြတယ်။ သို့ပေမယ့် သူမကို ကျောင်းဘောလုံး အသင်းနည်းပြက သတိထားသွားမိပြီး ဘောလုံးအသင်းဝင်အဖြစ် လေ့ကျင့်ပျိုးထောင် ပေးခဲ့ပါတယ်။ အဆုံးမှာ သူမ ၏ အစွမ်းသတ္တိ ခွန်အား နှင့် သူမ အိပ်မက်သည် သူမနှင့် ထိုက်တန်ကြောင်း လူတွေကို သက်သေပြနိုင်ခဲ့ပါတယ်။