Infinix ကနေ Hot 30 5G ဖုန်း အသစ်ကို ဒီနေ့မှာပဲ အိန္ဒိယနိုင်ငံမှာ ကြေညာသွားခဲ့ပါတယ်။ Infinix Hot 30 5G ဖုန်းမှာ 120Hz Display တပ်ဆင်ပေးထားပြီး MediaTek Dimensity 6020 Chipset မောင်းနှင်ထားကာ 8GB RAM ပါဝင်ပါတယ်။ ၆.၇၈ လက်မ LCD မျက်နှာပြင် FHD+ Resolution နဲ့ အရှေ့ဘက်မှာ 8MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားတဲ့ Punch Hole Cutout တစ်ခု ပါပါတယ်။

Infinix Hot 30 5G

Photo : Device Specification

ကျောဘက်မှာတော့ 50MP Main ကင်မရာ ၁ လုံးနဲ့အတူ AI Lens တစ်လုံး တွဲဖက်တပ်ဆင်ပေးထားပြီး LED Flash ၁ လုံးလည်း ပါဝင်ပါတယ်။ Software ပိုင်းမှာတော့ Android 13 အခြေခံ XOS 13 ကို အသုံးပြုထားပြီး 18W Charging စနစ် ထောက်ပံ့ပေးထားတဲ့ 6,000 mAh ဘက်ထရီနဲ့ လာပါတယ်။ နောက်ထပ် Features တွေအနေနဲ့ကတော့ ဖုန်းရဲ့ကိုယ်ထည်ဘေးဘက်မှာ Fingerprint Sensor ထည့်သွင်းပေးထားပြီး Stereo စပီကာတွေ နဲ့ နားကြပ်ပေါက် တစ်ခုလည်း ပါဝင်ပါတယ်။

Infinix Hot 30 5G

Photo : Device Specification

Infinix Hot 30 5G ဖုန်းရဲ့အရောင်တွေအနေနဲ့ကတော့ Aurora Blue နဲ့ Knight Black ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်စရာ ရှိပါတယ်။ စျေးနှုန်းတွေအနေနဲ့ကတော့ 4/128GB မော်ဒယ်အတွက် ရူပီး ၁၂,၄၉၉ (၁၅၂ ဒေါ်လာ ) ခန့်ကျသင့်မှာ ဖြစ်ပြီး 8/128GB မော်ဒယ်အတွက်ကိုတော့ ရူပီး ၁၃,၄၉၉ (၁၆၄ ဒေါ်လာ) ဝန်းကျင် ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ Infinix Hot 30 5G ဖုန်းကို ဇူလိုင် ၁၈ ရက်နေ့ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Featured Photo : Techlusive