မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္သူ ဒီဘရုိင္းက သူႀကံဳေတြ႔ခ့ဲရတ့ဲ ဒဏ္ရာျပႆနာေတြေၾကာင့္ ဒီရာသီမွာ ပုံစံေကာင္းျပန္ရေတာ့မွာ မဟုတ္ဘူးလို႔ ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္းသိရွိရပါတယ္။ မန္စီးတီးအသင္းရဲ႕ ဘယ္လ္ဂ်ီယံ ကြင္းလယ္ကစားသမား ဒီဘရုိင္းဟာ ဒီရာသီမွာ ေပါင္ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရၿပီး မန္စီးတီးအသင္းရဲ႕ ပထမရာသီဝက္ ပြဲစဥ္အမ်ားစုကုိ လြဲေခ်ာ္ခ့ဲရၿပီး ၿပီးခ့ဲ့တဲ့ လမ်ားအတြင္းကမွ အသင္းရဲ႕ လူစာရင္းမွာ ျပန္လည္ ပါဝင္လာႏုိင္ခ့ဲတာလည္း ျဖစ္ပါတယ္။

Photo Credit : Daily Express

မန္စီးတီးအသင္းဟာ ဒီရာသီမွာ ဖလားေလးလံုး အိမ္မက္ကို အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ ႀကိဳးစားလ်က္ရွိၿပီး ခါရာေဘာင္ဖလားကို ရယူခ့ဲၿပီးျဖစ္တ့ဲ မန္စီးတီးအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ကြာတားဖုိင္နယ္အဆင့္ကို တက္ေရာက္ထားႏုိင္သလုိ လက္ရွိပရီးမီးယားလိဂ္အမွွွတ္ေပးဇယားမွာလည္း လီဗာပူးအသင္းထက္ တစ္ပြဲေလ်ာ့ ရမွတ္ (၂) မွတ္ေလ်ာ့နည္းကာ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ၿပီးခ့ဲ့တ့ဲလ ေႏွာင္းပုိင္းမွာလည္း မန္စီးတီးနည္းျပဂြါဒီယိုလာက အသင္းရဲ႕ ဖလား (၄) လံုးအိမ္မက္အတြက္ မန္စီးတီးကစားသမားအားလံုးကို အလိုရွိေနၿပီျဖစ္ေၾကာင္းလည္း ေျပာၾကားခ့ဲပါေသးတယ္။

Photo Credit : Man City

ဒီဘရုိင္းဟာ လက္ရွိအခ်ိန္မွာ ဒဏ္ရာျပႆနာက ျပန္လည္ သက္သာလာခ့ဲသည့္တုိင္ေအာင္ ႀကံ႕ခုိင္မႈ ျပည့္ဝရန္ ရုန္းကန္ေနရဆဲျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အခုလိုပဲ ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္လာခ့ဲတာျဖစ္ပါတယ္။ ဒီဘရိုင္းက “ၿပီးခ့ဲတ့ဲ ေဘာလံုးရာသီမွာ ကြ်န္ေတာ္က ေကာင္းမြန္တ့ဲစြမ္းေဆာင္ရည္ကုိ ျပသႏုိင္ခ့ဲၿပီး (၃) ရက္ကို တစ္ပဲြႏႈန္းနဲ႔ ပြဲ (၆၀) နီးပါး (၇၀) နီးပါးကို ကစားႏုိင္ခ့ဲပါတယ္။ ဒါေပမယ့္ အ့ဲဒီတုန္းက စံခ်ိန္ကုိ အခု မွီေတာ့မွာ မဟုတ္ပါဘူး။ လက္က်န္ရာသီမွာ (၁၃) ပြဲ (၁၄) ပြဲေလာက္ကိုပဲ အေကာင္းဆံုး ေပးဆပ္ကစားသြားမွာျဖစ္ၿပီး ရာသီအဆံုးသတ္ခ်ိန္မွာေတာ့ ဆုဖလားေတြကို ကုိင္ေျမာက္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြ်န္ေတာ့္အတြက္ ဒီရာသီက တျခားကစားသမားေတြထက္စာရင္ ႏွစ္ဆေလာက္ပိုၿပီး ရွည္လ်ားသလုိပါပဲ။ တစ္ရက္မွလည္း အနားမရခ့ဲဘဲ ဒဏ္ရာကေန ျပန္လည္ သက္သာလာဖုိ႔အတြက္ ပုံမွန္ထက္ အခ်ိန္ႏွစ္ဆေလာက္ ကုန္ခ့ဲပါတယ္။ ေနာက္ဆံုးမွာေတာ့ ဒါက ကြင္းထဲမွာ ကစားရတာထက္ ပိုပင္ပန္းေနပါတယ္။”

Photo Credit : Getty

“အခ်ိန္ေပါင္းမ်ားစြာကုိ တစ္ေယာက္တည္း ျဖတ္သန္းခ့ဲရၿပီး ဒီလိုမလုပ္လုိ႔လည္း မရပါဘူး။ ကြ်န္ေတာ္ ဒီအတုိင္းေနခ့ဲရၿပီး အခု ျပန္လာႏုိင္တ့ဲအတြက္ ကြ်န္ေတာ္ ေပ်ာ္ရႊင္မိပါတယ္။ ကြ်န္ေတာ္ ဒဏ္ရာေတြရခ့ဲၿပီး အခုနဲ႔ဆုိရင္ ျပန္လာႏုိင္ခ့ဲတာ သံုးေလးခါေလာက္ရွိပါၿပီ။” ဟု ေျပာၾကားခ့ဲပါတယ္။ ဒီရာသီမွာ ထိပ္တန္းေျခစြမ္းတစ္ခုကို ျပန္လည္ရရွိႏုိင္မလားဆုိတ့ဲ ေမးခြန္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကစားသမားကုိယ္တုိင္က “မျဖစ္ႏုိင္ေတာ့ပါဘူး။ ၿပီးခ့ဲတ့ဲ ရာသီနဲ႔ မႏိႈင္းယွဥ္ပါနဲ႔ေတာ့။ ကြ်န္ေတာ့္ရဲ႕ ေျခစြမ္းအဆင့္အတန္းက ဘယ္လိုလဲဆုိတာကို ကြ်န္ေတာ္ မသိေပမယ့္ ဒါကုိ ကြ်န္ေတာ္ လံုးဝ ဂရုမစိုက္ပါဘူး။ အခုဆုိ ဒဏ္ရာျပႆနာေတြ ၿပီးသြားၿပီျဖစ္ၿပီး လက္က်န္ပြဲေတြမွာ အႏုိင္ရဖို႔ အသင္းကိုကူညီဖုိ႔ လိုအပ္ပါတယ္။ (၅) ပြဲ ဒါမွမဟုတ္ (၁၀) ပဲြေလာက္ ကစားရမယ္ဆိုရင္လည္း ကြ်န္ေတာ္ ကစားပါမယ္။ ဒီရာသီကေတာ့ ဒီလိုပဲ အဆံုးသတ္မွာပါ။” ဟုလည္း ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္း သိရွိရပါတယ္။

(Unicode)

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ဒီဘရိုင်းက သူကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီမှာ ပုံစံကောင်းပြန်ရတော့မှာ မဟုတ်ဘူးလို့ ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါတယ်။ မန်စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ဒီရာသီမှာ ပေါင်ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး မန်စီးတီးအသင်းရဲ့ ပထမရာသီဝက် ပွဲစဉ်အများစုကို လွဲချော်ခဲ့ရပြီး ပြီးခဲ့့တဲ့ လများအတွင်းကမှ အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Daily Express

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဖလားလေးလုံး အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလျက်ရှိပြီး ခါရာဘောင်ဖလားကို ရယူခဲ့ပြီးဖြစ်တဲ့ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်သလို လက်ရှိပရီးမီးယားလိဂ်အမှှှတ်ပေးဇယားမှာလည်း လီဗာပူးအသင်းထက် တစ်ပွဲလျော့ ရမှတ် (၂) မှတ်လျော့နည်းကာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့့တဲ့လ နှောင်းပိုင်းမှာလည်း မန်စီးတီးနည်းပြဂွါဒီယိုလာက အသင်းရဲ့ ဖလား (၄) လုံးအိမ်မက်အတွက် မန်စီးတီးကစားသမားအားလုံးကို အလိုရှိနေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

Photo Credit : Man City

ဒီဘရိုင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာက ပြန်လည် သက်သာလာခဲ့သည့်တိုင်အောင် ကြံ့ခိုင်မှု ပြည့်ဝရန် ရုန်းကန်နေရဆဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ အခုလိုပဲ ဖွင့်ဟပြောကြားမှုများ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းက “ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်က ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး (၃) ရက်ကို တစ်ပွဲနှုန်းနဲ့ ပွဲ (၆၀) နီးပါး (၇၀) နီးပါးကို ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက စံချိန်ကို အခု မှီတော့မှာ မဟုတ်ပါဘူး။ လက်ကျန်ရာသီမှာ (၁၃) ပွဲ (၁၄) ပွဲလောက်ကိုပဲ အကောင်းဆုံး ပေးဆပ်ကစားသွားမှာဖြစ်ပြီး ရာသီအဆုံးသတ်ချိန်မှာတော့ ဆုဖလားတွေကို ကိုင်မြောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အတွက် ဒီရာသီက တခြားကစားသမားတွေထက်စာရင် နှစ်ဆလောက်ပိုပြီး ရှည်လျားသလိုပါပဲ။ တစ်ရက်မှလည်း အနားမရခဲ့ဘဲ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့အတွက် ပုံမှန်ထက် အချိန်နှစ်ဆလောက် ကုန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒါက ကွင်းထဲမှာ ကစားရတာထက် ပိုပင်ပန်းနေပါတယ်။”

Photo Credit : Getty

“အချိန်ပေါင်းများစွာကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရပြီး ဒီလိုမလုပ်လို့လည်း မရပါဘူး။ ကျွန်တော် ဒီအတိုင်းနေခဲ့ရပြီး အခု ပြန်လာနိုင်တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒဏ်ရာတွေရခဲ့ပြီး အခုနဲ့ဆိုရင် ပြန်လာနိုင်ခဲ့တာ သုံးလေးခါလောက်ရှိပါပြီ။” ဟု ပြောကြားခဲ့ပါတယ်။ ဒီရာသီမှာ ထိပ်တန်းခြေစွမ်းတစ်ခုကို ပြန်လည်ရရှိနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း ကစားသမားကိုယ်တိုင်က “မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ရာသီနဲ့ မနှိုင်းယှဉ်ပါနဲ့တော့။ ကျွန်တော့်ရဲ့ ခြေစွမ်းအဆင့်အတန်းက ဘယ်လိုလဲဆိုတာကို ကျွန်တော် မသိပေမယ့် ဒါကို ကျွန်တော် လုံးဝ ဂရုမစိုက်ပါဘူး။ အခုဆို ဒဏ်ရာပြဿနာတွေ ပြီးသွားပြီဖြစ်ပြီး လက်ကျန်ပွဲတွေမှာ အနိုင်ရဖို့ အသင်းကိုကူညီဖို့ လိုအပ်ပါတယ်။ (၅) ပွဲ ဒါမှမဟုတ် (၁၀) ပွဲလောက် ကစားရမယ်ဆိုရင်လည်း ကျွန်တော် ကစားပါမယ်။ ဒီရာသီကတော့ ဒီလိုပဲ အဆုံးသတ်မှာပါ။” ဟုလည်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။