ဆယ်ကျော်သက်အရွယ်က ရခဲ့တဲ့ ဝက်ခြံတွေဟာ လက်နဲ့ နာနာညှစ်မိလို့ အခုထိအမာရွတ် ဖြစ်နေတုန်းပဲလား။ ဒါဆိုရင်မျက်နှာကို အရုပ်ဆိုးစေတဲ့ ဝက်ခြံတွေကို နှိမ်နှင်းဖို့ လိုနေပြီဖြစ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ဖျောက်ဖို့မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ တင်လုပ်လို့ ရပါတယ်။

(၁) သံပုရာသီး

Source: Pixabay

အရင်ဆုံး မျက်နှာ သစ်ထားပါ။ သံပုရာသီးတစ်လုံးကို ယူပြီးညှစ်ထားပါ။ ပြီးရင်ဝါဂွမ်းဖတ်ကလေးနဲ့ သံပုရာရည်ယူပြီး အမာရွတ်နောကိုပွတ်ပြီး ၁၀ မိနစ်ကြာအောင်ထားလိုက်နာပါ။အဲ့ဒီနောက်မှာတော့ မျက်နှာသစ်ရမှာ ဖြစ်ပါတယ်။

(၂) တဇောင်းလက်ပတ်

Source: Pixabay

သဘာဝအလှကုန်တွေထဲမှာ နာမည်ကီးကြီးတဲ့ တဇောင်းလက်ပတ် တစ်ရွက်ကိုယူပြီး ထောင်လိုက်အတုံးတွေတုံးပြီး အထဲကဂျယ်လ်ကို ယူပါးပြီးရင် ဒီဂျယ်လ်နဲ့ အမာရွတ်နေရာမှာ မိနစ် ၂၀ အစိတ် လိမ်းထားပြီးရင် ရေနဲ့ ဆေးကြောပေးရမှာပါ။

(၃) ပျားရည်

 

Source: WellTuned by BCBST

ပျားရည်တစ်ဇွန်း ၊ မုန့် ဖုတ်ဆိုဒါတစ်ဇွန်း ရောစပ်ပြီး အမာရွတ်နေရာကို ၃ မိနစ်ကနေ ၅ မိနစ် ကြာသုတ်လိမ်းပေးပါ။ ပြီးရင်ရေနွေးနဲ့ ပိုးသတ်ထားတဲ့ Towel တစ်ခုနဲ့ အုပ်ထားပါ။ Tower အေးသွားချိန်မှာ မျက်နှာကိုတစ်သျှူး တစ်ခုခုနဲ့ သုတ်ပေးရမှာ ဖြစ်ပါတယ်။တကယ်လို့ နနွင်းရှိရင် ပျားရည်နဲ့ နနွင်း တစ်ဇွန်းစီစပ်တူရောပြီး အမာရွတ်နေရာမှာ မိနစ် ၂၀ ခန့် ကြာအောင် သုတ်ပေးရမှာပါ။အချိန်စေ့တာနဲ့ ရေအေးအေးနဲ့ ဆေးပေးရမှာပါ။

(၄) အုန်းဆီ

Source: Pexels

အုန်းဆီမရှိရင် သံလွင်ဆီ ၊ Vitamin E ဆေးတောင့် သုံးနိုင်ပါတယ်။ အရင်ဆုံးအုန်းဆီအနည်းငယ်ကို မျက်နှာပေါ်က အမာရွတ်နေရာမှာ သုတ်ပြီး တစ်ညလုံးထားရမှာပါ။ မနက်ရောက်မှ ရေဆေးသန့် စင်ရမှာ ဖြစ်ပါတယ်။

(၅) ကြက်သွန်

Source: Pixabay

ကြက်သွန် ခပ်လတ်လတ်တစ်လုံးကို အရည်ညှစ်ပြီး အမာရွတ်နေရာမှာသုတ်ပြီး သဘာဝအတိုင်း ခြောက်သွေ့ ပါစေ။ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးပေးရမှာ ဖြစ်ပါတယ်။

(၆) ခရမ်းချဉ်သီး

Source: Pexels

ခရမ်းချဉ်သီးကို နှစ်ပိုင်းလှီးပြီး အထဲကအနှစ်ကိုယူပြီး အမာရွတ်ပေါ် ၁၅ မိနစ်ကနေ မိနစ် ၂၀ ကြာအောင်သုတ်ထားပြီးရင်တော့ ရေနဲ့ ဆေးကြောရမှာပါ။

(၇) သခွားသီး

Source: Pixabay

သခွားသီးအနုကို အချပ်လိုက်လှီးပြီး အမာရွတ်နေရာမှာ မိနစ် ၃၀ ကြာအောင်ကပ်ထားရမှာပါ။ ပြီးရင်သခွားသီးဖတ်တွေဖယ်ပြီး မျက်နှာသစ်လိုက်ရမှာပါ။

(၈) ကြက်ဥ

Source: Unsplash

ကြက်ဥအကာကို ပန်းကန်လုံးတ်စခုမှာထည့်ပြီး ဝါဂွမ်းလေးနဲ့တို့ ကာ မျက်နှာပေါ်ကအမာရွတ်နေရာတွေကိုလိမ်းပြီး တစ်ညလုံးထားပေးရမှာပါ။ မနက်မှာတော့ ရေနွေးနွေးလေးနဲ့ ဆေးပေးရမှာ ဖြစ်ပါတယ်။