အင်တာမီလန်အသင်းဟာ ဘာစီလိုနာက အလိုရှိနေတဲ့ အသင်းတိုက်စစ်မူး မာတီနက်ဇ် ကို ဂရီးဇ်မန်းနှင့် တိုက်ရိုက် ကစားသမားချင်း အလဲအလှယ်လုပ်ရန် အလိုရှိနေတယ်လို့ သိရပါတယ်။
မာတီနက်ဇ်ဟာ ဘာကာရဲ့ ယခုနွေရာသီအပြောင်းအရွှေ့၏ အဓိကပစ်မှတ်လည်းဖြစ်ပါတယ်။ ဘာကာဟာ အဆိုပါ အသက် (၂၂) အရွယ် တိုက်စစ်မူးကို ဆွာရက်ဇ်ရဲ့နေရာတွင် အစားထိုရန် ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။

Source: Inter.it
မာတီနက်ဇ်ဟာ (၂၀၁၈) ခုနှစ် အာဂျင်တီးနားကလပ် ရေးဆင်းအသင်းမှ အင်တာမီလန်သို့ ပြောင်းရွှေ့ကြေး ပေါင် (၁၉.၅) သန်းဖြင့် ရောက်ရှိလာပြီး လက်ရှိအသင်းနှင့် စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေသေးကြောင်းလည်း သိရပါတယ်။

Source: Bleacher Report
ကစားသမား နှစ်ဦးစလုံးဟာ ကလပ်အသင်းတွေအတွက် တန်ဖိုးရှိတဲ့ ကစားသမားတွေဖြစ်ကြပြီး ကစားသမားခြင်း အလဲအလှယ်လုပ်တာဟာ ဖြစ်နိူင်ပေမယ့် လွယ်တော့မလွယ်လှပါဘူး။
မလွယ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဂရီးဇ်မန်းရဲ့များပြားလှတဲ့ လုပ်ခလစာကြောင့်ဖြစ်ပါတယ်။ ဂရီးဇ်မန်းဟာ လက်ရှိ ဘာစီလိုနာမှာ တစ်ရာသီကို ယူရို (၁၇) သန်းရရှိနေပါတယ်။ အင်တလီနိူင်ငံရဲ့ အခွန်ဥပဒေအသစ်ကြောင့် အင်တာမီလန်အသင်းဟာ ဂရီးဇ်မန်း ကိုများပြားတဲ့ လုပ်ခလစာ ပေးချေရာမှာ အခတ်အခဲရှိနေတာပါ။ အကယ်၍ ဂရီးဇ်မန်းသာ အီတလီမြေကို သွားရောက်ကစားချင်တယ်ဆိုရင်တော့ လုပ်ခလစာ လျှော့ယူရဖွယ်ရှိနေပါတယ်။

Source: Football Likes
ဂရီးဇ်မန်းဟာ ဘာစီလိုနာအသင်းအတွက် ယခုရာသီ (၃၇) ပွဲကစားခဲ့ရာတွင် (၁၄) ဂိုးသွင်းယူပေးထားပါတယ်။
