အင်တာမီလန်အသင်းကတော့ နည်းပြဟောင်းစပယ်လက်တီနဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက်မှာတော့ မေလ (၃၁) ရက်မှာ အသင်းအတွက် နည်းပြအသစ်တစ်ဦး ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။

နည်းပြဟောင်းစပယ်လက်တီဟာ ၂၀၁၇ ခုနှစ်က အင်တာမီလန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီ (၂) နှစ်အကြာမှာ အသင်းရဲ့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ရန်ရည်ရွှယ်ချက်ဖြင့် စာချုပ်သက်တမ်းအတိုင်း လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အင်တာမီလန်အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ အသက် (၄၉) နှစ်အရွယ်ရှိ အီတလီလူမျိုး ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီကို နည်းပြအဖြစ် ခန့်အပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Source : Daily Mail

အင်တာမီလန်အသင်းနဲ့ နည်းပြဟောင်းစပယ်လက်တီတို့ လမ်းခွဲလိုက်ချိန်မှာပဲ နည်းပြစပယ်လက်တီနေရာမှာ အစားထိုးဖို့ ချယ်လ်ဆီးနည်းပြဟောင်းကွန်တီကို တစ်နှစ်လစာမှာ ယူရို (၁၀) သန်းနဲ့ (၃) နှစ်စာချုပ်ချုပ်ဆိုရန်အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေကြာင်း သတင်းများ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

မေလ (၃၁) ရက်နေ့မှာတော့ နည်းပြဟောင်းစပယ်လက်တီနေရာကို ဆက်ဆံမယ့် နည်းပြအသစ်တစ်ဦးကို အင်တာမီလန်အသင်းအနေနဲ့ တရားဝင်ထုတ်ဖော်ကြော်ငြာခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ အသစ်စက်စက်နည်းပြကြီးကွန်တီဟာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအဆုံးမှာ ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Source : Inter-News

အင်တာမီလန်အသင်းတာဝန်ရှိသူတွေနဲ့ ဥက္ကဋ္ဌဖြစ်သူ စတီဗင်ဇန်ကလည်း နည်းပြကွန်တီအပေါ် ယုံကြည်မှုအားကောင်းနေခဲ့ပြီး အသင်းအတူကောင်းမွန်တဲ့ အနာဂတ်သစ်တစ်ခုဖန်တီးနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source : Goal.com

နည်းပြကွန်တီဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ဂျူဗင်တပ်စ်အသင်းနဲ့ အတူစီးရီးအေချန်ပီယံဆုကို (၃) နှစ်ဆက်ရယူနိုင်ခဲ့သလို ပြိုင်ပွဲစုံဖလား (၅)လုံးခန့် စွမ်းဆောင်ထားနိုင်တဲ့ မှတ်တမ်းကောင်းတွေရှိနေခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် FA ဖလားတို့ကို စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ယခုအင်တာမီလန်အသင်းရဲ့ အနာဂတ်ဟာလည်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်ရမလားဆိုတာ စိတ်ဝင်တစားစောင့်ရမှာပဲ ဖြစ်ပါတယ်။