အင်တာမီလန်အသင်းဟာ လူကာကူကို ယခုနွေရာသီမှာ ရောင်းချမှာမဟုတ်ဘူးလို့ ချဲလ်ဆီးအသင်းကို ပြောကြားခဲ့ပါတယ်။
ဥရောပချန်ပီယံဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်မီ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် တိုက်စစ်မှူးသစ် ရှာဖွေနေတာဖြစ်ပြီး ဟာလန်းကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ့မွန်အသင်းက နော်ဝေကြယ်ပွင့်တိုက်စစ်မှူးဟာ အသင်းနဲ့ နောက်ထပ်တစ်ရာသီ ဆက်ရှိနေမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့တာကြောင့် နောက်ထပ်ရွေးချယ်စရာကို ရှာဖွေခဲ့ရတာဖြစ်ပါတယ်။

Photo: sempreinter
ချဲလ်ဆီးအသင်းဟာ ဟာလန်းအစား လူကာကူကို နောက်ထပ်ရွေးချယ်စရာအဖြစ် ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့က ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်းရဲ့ စီအီးအို မာရော့တာက ၎င်းတို့ရဲ့တိုက်စစ်မှူးဟောင်းကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချဲလ်ဆီးအသင်းကို သတိပေးစကား ပြောကြားခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်အသင်းအနေနဲ့ လူကာကူ ထွက်ခွာမှုကို ငြင်းပယ်နိုင်မလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ မာရော့တာက “ကျွန်တော်တို့ဘက်ကတော့ လုံးဝကို ငြင်းပယ်နိုင်ပါတယ်။ လူကာကူက ရောင်းချဖို့ မဟုတ်ပါဘူး”
“လူကာကူက ဆီမြွန်နီ အင်ဇာဂီအတွက် ချက်ဘုတ်ပေါ်က အသုံးပြုနိုင်တဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
