ဒီနေ့တော့ Kwee ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ တချို့သော တိရစ္ဆာန်များအကြောင်း ကိုပြောပြပေးသွားမှာပါ။

၁.

Source: ABC

Inland Taipan လို့ခေါ်တဲ့ကမ္ဘာအဆိပ်အပြင်းဆုံး မြွေတစ်ချက်ကိုက်လိုက်တာနဲ့ လူပေါင်း (၁၀၀) နှင့် ကြွက်ပေါင်း အကောင် (၂၅၀,၀၀၀) ကိုသေစေနိူင်ပါတယ်။ ဒီမြွေမျိုးကိုတော့ သြစတြေးလျ တိုက်ရဲ့ ခြောက်သွေသော နေရာတွေမှာ တွေ့ရနိူင်ပါတယ်။ ဆင်သတ်ဖြတ်ရေးသမားလို့ လည်းခေါ်ကြပြီး သူ့ရဲ့အဆိပ်တစ်စက် လောက်က ဆင်တစ်ကောင်ကို တုံးခနဲလဲကျသေသွား စေနိူင်ပါတယ်။

၂.

Source: Live Science

တိရစ္ဆာန်တွေထဲမှာ မိချောင်းဟာအိုးမင် သွားခြင်းမရှိတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် မသေနိူင်တာတော့ မဟုတ်ပါဘူး။ သဘာဝတရားကြီးမှာ မိချောင်းတွေကို သတ်ဖို့ တခြားနည်းတွေ ရှိနေပါတယ်။ မိချောင်းတွေဟာ အချိန်ကြာလာလေ ခန္ဓာကိုယ်ကြီးလာလေဖြစ်တာကြောင့် အစာများများစားဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် သူတို့ဟာ ငတ်ပြီးသေတာ (သို့) ရောဂါနှိပ်စက်တာကြောင် သေတတ်ပါတယ်။ ရောဂါအနာတယ တွေမဖြစ်ဘူး လုံလောက်တဲ့ အစားအစာတွေ အနားမှာ ပေါနေတယ်ဆိုရင်တော့ မိချောင်းတွေဟာ ထာဝရ နေသွားနိူင်ပါတယ်။

၃.

Source: Live Science

Sperm အမျိုးအစား ဝေလငါးတွေဟာ သွားပါတဲ့ဝေလငါးတွေထဲမှာပဲ အကြီးဆုံးဖြစ်ပါတယ်။ သွားပါတဲ့ သားရဲတိရိစ္ဆာန်တွေထဲမှာလည်း အကြီးဆုံးဖြစ်ပါတယ်။ သူတို့တွေမှာ ရာသီအလိုက် နေရာပြောင်းရွှေ့နေထိုင်ကျက်စားတဲ့ အလေ့အထရှိကြတယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ရေအောက် အနက်ဆုံး ငုပ်နိူင်တဲ့ နို့တိုက်သတ္တဝါ လည်းဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး ဦးနှောက်ကို ပိုင်ဆိုင်ထားပြီး သူတို့ရဲ့ဦးနှောက်ဟာ လူ့ဦးနှောက်ထက် (၅) ဆပိုမိုလေးလံ ပါတယ်။ Sperm အမျိုးအစား ဝေလငါးတွေဟာ နှစ်ပေါင်း (၆၀) ကျော် အသက်ရှည်နေထိုင်နိူင်ကြပါတယ်။

၄.

Source: Wikipedia

ရေဘဝဲတွေကို ဉာဏ်ရည်အမြင့်ဆုံး ပင်လယ်နေသတ္တဝါအဖြစ် ယူဆနိူင်ပါတယ်။ ရေဘဝဲတွေဟာ အလွန်အံ့ဩဖို့ကောင်းတဲ့ သတ္တဝါတွေပါ။ သူတို့ဟာ နှလုံး (၃) ခုတောင်ပိုင်ဆိုင်ထားကြတယ်။ နောက်ထပ်ထူးဆန်းတာတခုက ခြေချောင်းတချောင်းစီတိုင်းမှာ ဦးနှောက်တခုစီရှိကြတာပါပဲ။ သူတို့တွေရဲ့ သွေးဟာ အပြာရောင်ဖြစ်ပါတယ်။

၅.

Source: BBC

ကင်းမြီးကောက်တွေဟာ အသက်ရှုခြင်းမရှိဘဲ ရေအောက်မှာ (၇) ရက်ကြာအသက်ရှင်နေနိူင်ကြတယ်။ ပြီးတော့ သူတို့တွေဟာ အစာစားခြင်း ရေသောက်ခြင်းမရှိဘဲ (၁) နှစ်ကြာ အသက်ရှင်နေနိူင်ကြတယ်။ ဒါကြောင့် ကင်းမြီးကောက်တွေဟာ သူတို့ရဲ့ စွမ်းအင်တွေကို ချွေတာနိူင်ဖို့အတွက် အေးတဲ့နေရာတွေမှာနေထိုင်လေ့ရှိကြတယ်။