ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ တခြားနိုင်ငံတွေနဲ့ မတူပဲကွဲပြားနေပါတယ်။ ကျောင်းသားတွေကို သင်ကြားပုံက တခြားဘယ်နိုင်ငံမှာမှ မတွေ့နိုင်ပါဘူး။ တချို့အရာလေးတွေက နိုင်ငံခြားသားတွေအနေနဲ့ စိတ်ဝင်စားဖို့ ကောင်းသလို လေးစားအားကျဖွယ်လည်း ကောင်းနေပြန်ပါတယ်။

ဒီနေ့ kwee page ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ ဂျပန်နိုင်ငံ ပညာရေးရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းပဲဖြစ်ပါတယ်။

စာသင်နှစ်

Source: Japan-Info

ပုံမှန်အားဖြင့် စာသင်နှစ်တိုင်းက နှစ်စဉ် ဧပြီလ (၁) ရက်နေ့တိုင်းမှာစတင်လေ့ရှိပါတယ်။ ဧပြီလ (၁) ရက်နေ့ကနေ ဇူလိုင်လ (၂၀) ရက်နေ့အထိ တစ်ကြိမ် စက်တင်ဘာလ (၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၂၆) ရက်နေ့အထိတစ်ကြိမ်၊ ဇန်နဝါရီလ (၇) ရက်နေ့ကနေ မတ်လ (၂၅) ရက်နေ့အထိတစ်ကြိမ် စသဖြင့် စာသင်နှစ် (၁) နှစ်ကို (၃) ပိုင်းခွဲခြားထားလေ့ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေအနေနဲ့ ကျောင်းစာတွေထဲမှာပဲ နှစ်မနေဘဲ အနားယူချိန်များများရအောင် စီစဉ်ထားခြင်းဖြစ်ပါတယ်။ စာသင်ချိန်များခြင်းက ကျောင်းသားတွေကို ငြီးငွေ့စေပါတယ်။

မူကြိုစနစ်

Source: jiakindergarten-en.org

ဂျပန်နိုင်ငံမှာ မူကြိုစနစ်ကို မသင်မနေရ အဖြစ်သတ်မှတ်ထားပါတယ်။ ကလေးတွေ (၃) နှစ်သားအရွယ်ကနေ စပြီး မူကြိုထားလို့ရပြီး ဆရာ/မ တွေက ကလေးငယ်တိုင်းကို ဂဏန်းသချာင်္အခြေခံ ပေါင်း၊ နှုတ်၊ မြောက်၊ စားတွေကို သင်ယူလေ့လာရပြီး ဂျပန်စာလုံးတွေကို ဖတ်တတ်အောင် လေ့ကျင့်ပေးပါတယ်။

သန့်ရှင်းရေးဝန်ထမ်းမရှိတဲ့ ကျောင်းများ

Source: Caveman Circus

ဂျပန်နိုင်ငံရဲ့ စာသင်ကျောင်းအများစုမှာ သန်ရှင်းရေးဝန်ထမ်းဆိုပြီး သီးသန့်ခန့်အပ်ထားခြင်းမရှိပါဘူး။ ဒါပေမယ့် စာသင်ကျောင်း အိမ်သာတွေ လူသွားလမ်းတွေက သန့်ရှင်းသန်ရပ်လို့ နေပါတယ်။ ဒါကတော့ ကျောင်းသူ/ကျောင်းသားတွေကိုယ်တိုင် သန့်ရှင်းရေး လုပ်ကြလို့ပဲဖြစ်ပါတယ်။

ဂျပန်အစိုးရက ဒီလိုစုပေါင်းပြီး သန့်ရှင်းလုပ်စေခြင်းအားဖြင့် ကျောင်းသား/သူ တွေ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် အစုအဖွဲ့နဲ့ လုပ်ကိုင်တတ်တဲ့ သဘောတရားကို အလိုလိုသင်ကြားမိစေရန်ရွယ်ထားခြင်းဖြစ်ပါတယ်။

အဓိကဘာသာရပ်များ

Source : GoGoNihon

ဂျပန်နိုင်ငံရဲ့ ကျောင်းတွေမှာ အဓိကထားပြီး သင်ကြားရတဲ့ ဘာသာရပ်တွေကတော့ သင်္ချာဘာသာ၊ ဂျပန်ဘာသာစကား၊ လူမှုသိပ္ပံဘာသာ၊ လက်မှုအတတ်ပညာ၊ တေးဂီတနဲ့ ကာယပညာတို့ပဲဖြစ်ပါတယ်။

ပြီးတော့ လူမှုနေထိုင်မှုပုံစံတွေ၊ ကွန်ပျုတာသိပ္ပံဘာသာရပ်၊ ရိုးရာအနုပညာများ၊ တေးဂီတ၊ အနုပညာနဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။

အရေးအကြီးဆုံး ဖိုင်နယ်စာမေးပွဲ

Source: GoGoNihon

မြန်မာနိုင်ငံမှာလိုပဲ ဂျပန်နိုင်ငံမှာလည်း အထက်တန်းကျောင်းပြီးဆုံးခါနီးအချိန်မှာ အရေးကြီးတဲ့ စာမေးပွဲတစ်ခုကို ဖြေဆိုရလေ့ရှိပါတယ်။ ကောလိပ်တတ်ဖို့အတွက် ဒီစာမေးပွဲက အရမ်းအရေးကြီးပြီး ကျောင်းသားတွေအများစုကတော့ အဲဒီစာမေးပွဲကို ငရဲခန်းစာမေးပွဲလို့တောင် ခေါ်ဝေါ်ကြပါတယ်။

လူငယ်ကျောင်းသား/သူ တွေရဲ့အိမ်ပြန်ချိန်

Source:Finacial Time

ဂျပန်နိုင်ငံမှာ အသက် (၁၈) နှစ်အောက် လူငယ်တွေရဲ့ အိမ်ပြန်ချိန်ကို သတ်မှတ်ထားပါတယ်။ လူငယ်ကျောင်းသားတွေဟာ ည (၁၀) နာရီကျော်တဲ့အချိန်အထိ အပြင်မှာနေလို့မရပါဘူး။ တိုကျိုမြို့နဲ့ ယိုကိုဟားမားမြို့တွေမှာ ဒီစနစ်ကို ကျင့်သုံးလျက်ရှိပါတယ်။