John Wick မင်းသားကြီး Keanu Reeves အကြောင်းပြောမယ်ဆိုရင် စိတ်မဝင်စားပဲကို မနေနိုင်တာပါ။ သူကသရုပ်ဆောင်ပိုင်းမှာ ထူးချွန်သလို တခြားလူတွေအပေါ်မှာ လည်း အင်မတန်ကြင်နာသနားတတ်တဲ့သူပါ။ရုပ်ရှင်ပိတ်ကား နောက်ကွယ်က ပရိတ်သတ်တွေ မသိသေးတဲ့ သူ့ရဲ့စိတ်ဝင်စားစရာ အကြောင်းတွေ အများကြီးရှိပါသေးတယ်။ ဒီနေ့မှာတော့ Keanu Reeves ရဲ့ပရိတ်သတ်တွေ မသိသေးတဲ့အချက်တွေကို ပြောပြပေးသွားမှာပါ။ ဒီအချက်တွေသိသွားရင် သူ့အပေါ်ပိုပြီး ချစ်ခင် သွားပါလိမ့်မယ်။

Keanu Reeves

Source : Rolling Stone

Keanu ဆိုတဲ့နာမည်က သူ့ရဲ့ ၂ ဝမ်းကွဲ ဦးလေးရဲ့နာမည် Keaweaheulu ကိုယူပြီး ပေးထားတာပါ။ဟာဝိုင်အီ လူမျိုးတွေရဲ့ဘာသာစကားမှာ Keaweaheulu ဆိုတာက “တောင်ပေါ်ကအေးမြတဲ့လေပြင်လေညင်း” လို့အဓိပ္ပာယ်ရပါတယ်။ရုပ်ရှင်သရုပ်ဆောင်ဘဝ အစပိုင်းတုံးက Keanu ရဲ့အေးဂျင့်ဖြစ်သူက Chuck Spadina ဆိုပြီးနာမည်ပြောင်းဖို့ အကြံပေးခဲ့တာပါ။ဒါပေမဲ့ Keanu ဟာတဖြည်းဖြည်းနဲ့ Keanu Reeves ဆိုတဲ့သူ့ရဲ့နာမည်အရင်းနဲ့ပဲ နာမည်ရအောင်ကြိုးစားခဲ့ပါတယ်။

Keanu ရဲ့မျိုးရိုးကအရမ်းရှုပ်ထွေးပါတယ်။ သူက တရုတ်၊ပေါ်တူဂီ၊အင်္ဂလိပ်၊အိုင်းရစ်စ်၊ ဟာဝိုင်အီ သွေးနှောတဲ့သူတယောက်ပါ။သူ့ရဲ့အမေ Patricia Taylor က အင်္ဂလန်နဲ့ဂရိတ်ဗြိတိန် နိုင်ငံသူဖြစ်ပြီးတော့ အဖေဖြစ်သူ Samuel Nowlin Reeves Jr ကတော့ ဟာဝိုင်အီ ဒေသခံတယောက်ပါ။ဒါ့အပြင် သူ့ရဲ့အဖွားဖြစ်သူက တရုတ်နဲ့ ဟာဝိုင်အီ သွေးရောထားတဲ့သူပါ။ ဒါကြောင့် ကျနော်တို့ရဲ့အချစ်တော် Keanu Reeves ဟာအာရှသွေးပါတဲ့သူတယောက်ဖြစ်ပါတယ်။

Keanu Reeves

Source : Asap Land

ဟုတ်ပါတယ် သူဟာ သရုပ်ဆောင်ဖက် မကူးခင် ၁၉၉၀ တုံးက Dogstar ဆိုတဲ့ ဘန်အဖွဲတခုမှာ ဘေ့စ်ဂီတာတီးခဲ့ပါသေးတယ်။ Robert Mailhouse နဲ့တူတူ ဒီ ဘန်အဖွဲကို ထောင်ခဲ့တာပါ။၂၀၀၀ ပြည့်နှစ်လောက်ထိ ဒီဘန်အဖွဲက ရော့ခ် သီချင်းတွေ ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ Keanu ကရုပ်ရှင် သရုပ်ဆောင်အလုပ်ကို ကူးပြောင်းဖို့အတွက် ဘန်အဖွဲကနေနုတ်ထွက်ခဲ့ပါတယ်။

သူဟာ Ode to Happiness လိုအမည်ရတဲ့ ကိုယ်တိုင်ရေးစပ်ထားတဲ့ ကဗျာစာအုပ်ကို ထုတ်ဝေခဲ့ဖူးပါတယ်။ ကဗျာစာကြောင်းတကြောင်းစီမှာ ကဗျာစာသားတွေနဲ့ Alexandra Grant ရေးဆွဲပေးထားတဲ့ ပုံလေးတွေ တွဲဖက်ပါဝင်ပါတယ်။

Keanu ဟာဆယ်ကျော်သက်အရွယ်တုံးက hockey (ဟော့ကီ) ကစားသမားတယောက်ဖြစ်ခဲ့ပြီးတော့ အိုလံပစ် ပြိုင်ပွဲတွေမှာ ကနေဒါနိုင်ငံအတွက်ကိုယ်စားပြု ကစားပေးဖို့ အိပ်မက်မက်ခဲ့သူပါ။ဒါပေမဲ့ အသက် ၁၅ နှစ်မှာ သူဟာ သရုပ်ဆောင်အလုပ်ကို လုပ်ချင်တာကြောင့် သူအရမ်းတော်တဲ့ ဟော့ကီ အားကစားကို စွန့်လွှတ်ခဲ့ရပါတယ်။Man of Tai Chi ဆိုတဲ့ဇာက်ကားက သူပထမဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထုတ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်လည်း အဓိကနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင် ရိုက်ဖို့ အကြံညဏ်ကိုတော့ သူငယ်ချင်းဖြစ်သူ Tiger Chen ဆီကရခဲ့တာပါ။

Keanu Reeves

Source : Showbiz Cheat Sheet

Reeves The Matrix ဆိုတဲ့ ဇာက်ကားမှာကူညီခဲ့တဲ့ ဒီဇိုင်း အဖွဲနဲ့ အထူးပြုလုပ်ချက် အဖွဲတွေကို သူရခဲ့ ဒေါ်လာ ၇၅ သန်းကို ပေးခဲ့ပါတယ်။ ပြီးတော့ စတန့် အဖွဲ့တဖွဲ့လုံးအတွက် Harley Davidson ဆိုင်ကယ်တွေဝယ်ပေးခဲ့ပါသေးတယ်။