အိပ်စက်ခြင်းဟာ နေ့တဒူဝလုပ်ဆောင်ရတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုဖြစ်ပေမယ့် သူမှာထူးခြားတဲ့အချက်တွေအများရှိနေပါတယ်။ ဒီနေ့တော့ သင်မသိသေးတဲ့ အိပ်စက်ခြင်းဆိုင်ရာ အကြောင်းအရာများကို ပြောပြပေးချင်ပါတယ်။

တကယ်တော့ အိပ်ပျော်ဖို့အတွက် အဆင့် ၅ ဆင့် ရှိပါတယ်။ ပထမအဆင့်ဟာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံစံကို နှေးအောင် လုပ်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ဦးနှောက်က လုပ်ဆောင်ချက်တွေ လျှော့ချလိုက်ပြီဖြစ်ပြီး ကြွက်သားအနားပေးမှုကို ပိုတိုးစေပါတယ်။ နှလုံးခုန်သံ ပိုနှေးပေးပြီး ခန္ဓာကိုယ်အပူချိန်ကို လျှော့ချလိုက်ပါတယ်။ အဆင့် ၃ နဲ့ ၄ မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ အစပျိုးတဲ့ အဆင့်တွေ ရောက်လာပါတယ်။

Man Sleeping In Bed

Source : Freepik

ဒီအဆင့်မှာ ပတ်ဝန်းကျင်ပေါ် သိမှတ်တဲ့ စိတ်လည်း လျော့လာပါတယ်။ နိုးဖို့အလွန်ခက်တဲ့ အိပ်ချင်မူးတူး အဆင့်ဖြစ်ပြီး နောက်ဆုံးအဆင့်မှာ Rapid Eye Movement လို့ ခေါ်တဲ့ မျက်လုံး ဂဏာမငြိမ်တဲ့ အဆင့် ရောက်လာပါတယ်။ အိပ်မက်မက်တဲ့ အဆင့်ဟာ ဒီအဆင့်မှ စတင်ပါတယ်။ အိပ်စက်မှု အဆင့်တစ်ကနေ REM ရောက်ချိန်အထိ မိနစ် ၉၀ ခန့် ကြာပါတယ်။

အိပ်စက်ခြင်းဟာ အနားယူခြင်းသက်သက်မဟုတ်ဘဲ ကုသခြင်းလည်း ဖြစ်ပါတယ်။ တစ်ညလုံး အိပ်ရေး ဝဝအိပ်နေချိန်မှာ စွမ်းအင်သုံးစွဲမှု နည်းပညာပြီး ခန္ဓာကိုယ်နဲ့ ကြွက်သားအတွက် လိုအပ်တဲ့ စွမ်းအင် ဖြည့်တင်းမှုတွေ လုပ်ဆောင်နေပါတယ်။

အားကစားလုပ်တဲ့ သူတွေမှာတော့ ကြွက်သားဟာ အလွန်သေးငယ်တဲ့ စုတ်ပြဲမှုတွေ ဖြစ်ခဲ့ပြီး အိပ်စက်ခြင်းကနေ ဒါကို ပြန်ကုစားပါတယ။် အိပ်တာကြောင့် ပရိုတိန်းဖွဲ့စည်းမှု ဖြစ်စဉ် စပြီး ကြွက်သားဟော်မုန်းထုတ်လုပ်မှု များလာပါတယ်။ ဒီဟော်မုန်းကို Human Growth Hormone (HGH) လို့ ခေါ်ပြီး HGM ထွက်တာနဲ့ အသည်းကနေ အင်ဆူလင်လိုမျိုး စနစ် လှုံ့ဆော်ပါတယ်။

Man Sleeping In Bed

Source : Freepik

အိပ်ရေးဝသူတွေဟာ ပိုပြီး အတွေးအခေါ် ထက်မြက်လာပြီး IQ ကို မြှင့်ပေးနိုင်ပါတယ်။ လူတွေဟာ တစ်ဘဝလုံးရဲ့ ၃ ပုံတစ်ပုံကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးစေကြတာ ဖြစ်ပါတယ်။ အိပ်နေချိန်မှာ ဦးနှောက်ဟာ ရေတိုမှတ်ဉာဏ်တွေကို ရေရှည်မှတ်ဉာဏ်အဖြစ် ပြောင်းလဲပေးသလို နေ့ခင်းမှာ ရယူခဲ့တဲ့ အချက်အလက်တွေကို ပြန်စီပြီး ထိန်းသိမ်းမှု လုပ်ပါတယ်။