ကိုယ်လျှောက်ထားတဲ့ အလုပ်ကနေ ကိုယ့်ကိုအင်တာဗျူးခေါ်ပြီဆိုရင် အလုပ်ရဖို့အခြေအနေကောင်းနေပြီလို့ပြောနိုင်ပါတယ်။ ဒါပေမယ့်အလုပ်တကယ်ရဖို့အတွက်ကတော့ အင်တာဗျူးမှာ ကောင်းကောင်းဖြေနိုင်ဖို့လိုပါတယ်။ အလုပ်အင်တာဗျူးကောင်းတစ်ခု ဖြစ်ဖို့အတွက်ဆိုရင် ဒီအချက်တွေကိုလိုက်နာဖို့လိုပါတယ်။

(၁) Impression ကောင်းပါစေ

Source : The Balance Careers

အလုပ်အင်တာဗျူးဖြေဖို့သွားသူဟာ သူ့ကိုမေးခွန်းထုတ်မယ့်သူ မျက်လုံးထဲမှာ သဘောကျစရာ ဖြစ်နေရမှာပါ။သွားလာလှုပ်ရှားမှုမှာ အေးဆေးတည်ငြိမ်နေပြီး ထိုးထွင်းသိမြင်မှု ရှိတဲ့သူ ပုံစံကိုဆောက်တည်ရမှာပါ။Impression ကောင်းဖို့အတွက် မမေ့သင့်တာတစ်ခုကတော့ လိုက်ဖက်တဲ့ အဝတ်အစားဝတ်ဆင်ဖို့လည်း ပါပါတယ်။

(၂) စကားပြော ပြေပြစ်ပါစေ

Source : forbes.com

အလုပ်ခန့်မယ့်သူနဲ့အမေးအဖြေလုပ်နေချိန်မှာ စိတ်ကိုတင်းမထားပါနဲ့။ကိုယ့်ကိုယ်ကိုယုံကြည်မှု မြှင့်ထားပြီး သူမေးတာကို ရှင်းရှင်းလင်းလင်း ယုံကြည်မှုအပြည့်ပါတဲ့ လေသံနဲ့ဖြေဆိုပါ။ ဒီအလုပ်ကို လျှောက်ချိန်မှာ ငါလုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်ရှိခဲ့ကြလို့လျှောက်ခဲ့တာဖြစ်လို့အင်တာဗျူးအမေးအဖြေမှာလည်း ကိုယ့်စွမ်းဆောင်ရည်ကိုသူသိအောင် Confidence အပြည့်နဲ့ပြောလိုက်ပါ။အင်တာဗျူးသူနဲ့ကိုယ့်အကြားဆက်ဆံရေး နွေးထွေးဖို့နဲ့ကိုယ့်ရဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကိုသိဖို့လည်း လုပ်ဆောင်သင့်ပါတယ်။စကားပြောချိန်မှာ လိုအပ်သလို ပြုံးပြတာ ၊ အာရုံစိုက်ပြီး သေသေချာချာတုန့်ပြန်တာတွေလုပ်ဖို့လိုပါတယ်။

(၃) ပြည့်ပြည့်စုံစုံ ပြောပြပါ

Source : Family Britches

အလုပ်အင်တာဗျူးမှာ ပြောစရာစကားအကုန် ပြောဖို့လိုပါတယ်။ အချက်အလက်ပြည့်ပြည့်စုံစုံပြောရမှာဖြစ်သလို လစာညှိနှိုင်းတာကအစ ၊ ကိုယ်မေးချင်တဲ့ မေးခွန်းသိလိုရာရာကို အင်တာဗျူးမှာ တစ်ခါတည်း ပြောခဲ့ပါ။

(၄) အပြန်အလှန် ဆက်သွယ်မှု ရှိပါစေ

Source : Odyssey Information Services

ထိရောက်တဲ့ အင်တာဗျူးတစ်ခုဟာအပြန်အလှန်နှီးနှောဖလှယ်မှု ရှိဖို့လိုပါတယ်။ သူ့မေးခွန်းတိုင်းကို ဂရုတစိုက်နဲ့ပြန်ဖြေဖို့လိုသလိုကိုယ့်ဘက်ကလည်း လိုအပ်တဲ့ နေရာမှာသင့်တော်သလို မေးခွန်းပြန်ထုတ်ဖို့လိုပါတယ်။

(၅) အများကြီး ပြင်ဆင်ပါ

Source : frsrecruitment.com

အလုပ်အင်တာဗျူးကောင်းတစ်ခုဟာ ထပ်တလဲလဲ လေ့ကျင့်မှုနဲ့အတွေ့အကြုံတွေပေါ် အခြေခံပါတယ်။ ကိုယ်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်း သေသေချာချာ သိအောင်လုပ် ၊ အင်တာဗျူးတွေမှာ လက်တွေ့အတွေ့အကြုံတွေ များအောင် ဖြေ ၊ မေးတတ်တဲ့ မေးခွန်းတိုင်းအတွက် အကောင်းဆုံး အဖြေကိုစီစဉ်ထားသင့်ပါတယ်။အင်တာဗျူး တစ်ခုကိုအချိန်မှီရောက်ဖို့၊ တတ်နိုင်ရင် စောစောရောက်ပြီး ပြင်ဆင်ချိန်ယူထားဖို့လည်း လိုပါတယ်။ အလုပ်တစ်ခုခု အင်တာဗျူးပြီးတိုင်း ကိုယ်ဖြေခဲ့တဲ့ အဖြေနဲ့သူမေးခဲ့တဲ့ အမေးတွေကို ပြန်ပြီး သုံးသပ်မယ်ဆိုရင် နောက်နောင်အလုပ်အင်တာဗျူးတွေမှာ ကောင်းကောင်းဖြေနိုင်ပြီးအလုပ်ရဖို့ပိုနီးစပ်လာပါလိမ့်မယ်။