အလုပ်ကနေ အင်တာဗျူးခေါ်တာဟာ ဝမ်းသာလို့ရတဲ့အခြေအနေတစ်ခုဖြစ်ပေမယ့် သေချာပေါက်အလုပ်ရမယ်လို့တော့ တွက်ထားလို့မရပါဘူး။အင်တာဗျူးဖြေပြီးမှသာ အလုပ်ရမရသိရမှာပါ။ဒါကြောင့် အလုပ်ရှင်တွေဘက်ကနေ ကိုယ့်ကိုအလုပ်ခန့်ချင်အောင် အလုပ်အင်တာဗျူးမဖြေခင်ဘာတွေ ကြိုတင်လေ့လာပြင်ဆင်ထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကြိုတင်ပြင်ဆင်ထားပါ

Source : Odyssey Information Services

အင်တာဗျူးဖြေရာမှာ လိုအပ်တဲ့စာရွှက်စာတမ်းနဲ့ အချက်အလက်တွေကို အင်တာဗျူးမဖြေခင် တစ်ရက်လောက်အလိုထဲက ကြိုတင်ပြင်ဆင်ထားပါ။ ဒါ့အပြင် အဝတ်အစား ဖိနပ်နဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ညကတည်းက အစီအစဉ်တကျလုပ်ဆောင်ထားပါ။ဒါမှလည်း မနက်ရောက်တဲ့အခါအကုန်လုံး အဆင်သင့်ဖြစ်နေပြီး စိတ်ပူပင်မှုမရှိဘဲ အင်တာဗျူးချိန်းထားတဲ့ အချိန်ထက် စောရောက်နိုင်မှာဖြစ်ပါတယ်။

(၂) ကုမ္ပဏီအကြောင်းလေ့လာပါ

Source : ThinkAdvisor

အလုပ်ရှင်ဘက်ကမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ ကိုယ်အလုပ်လျောက်ထားတဲ့ ကုမ္ပဏီအကြောင်းကိုကြိုတင်လေ့လားထားခြင်းဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဝန်ထမ်းကောင်းတို့ရဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကုမ္ပဏီအကြောင်းကြိုတင်လေ့လားထားခြင်းဖြင့် မထင်မှတ်ဘဲ မေးခွန်းထုတ်လာတဲ့အခါ လွယ်ကူစွာပြန်လည်ဖြေနိုင်မှာဖြစ်သလို အလုပ်အပေါ် စိတ်အားထက်သန်မှုကိုလည်း ပြသရာရောက်စေပါတယ်။

(၃) ကြောက်စိတ်တွေဖျောက်ထားပါ

Source : Grid Magazine

အင်တာဗျူးဖြေရတဲ့အခါ တော်တော်များများက ကြောက်ရွံစိတ်တွေကြောက် ပြင်ဆင်လာတဲ့အရာမှန်သမျှ ကမောက်ကမတွေဖြစ်တက်ပါတယ်။ဒီလိုမဖြစ်ရလေအောင် အတက်နိုင်ဆုံးကြောက်စိတ်တွေကို ဖြေလျော့ပြီး ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ ပုံစံနဲ့ စကားပြောဆိုသင့်ပါတယ်။ဒါပေမယ့်သတိထားရမှာတစ်ခုက ကိုယ်အနေနဲ့ အင်တာဗျူးနေတဲ့ အလုပ်ရှင်အပေါ်လေးစားမှုရှိတဲ့ ပုံစံထဲကတော့ ထွက်မသွားဖို့ အရေးကြီးပါတယ်။

(၄) မေးခွန်းပြန်မေးပါ

Source : Experteer

အင်တာဗျူးဖြေရင်တော်တော်များများက မေးတာဖြေပြီး ပြန်လာကြတာများပါတယ်။ဒါဟာသိပ်ပြီး ရှေးရိုးဆန်သလို စိတ်ဝင်စားဖို့လည်းမကောင်းပါဘူး။ကိုယ့်ကိုမေးတဲ့မေးခွန်းတိုင်းကို သေချာဂရုတစိုက်ပြန်လည်းဖြေကြားခဲ့သလို အားလုံးပြီးတဲ့အခါ ကုမ္ပဏီနဲ့ပတ်သတ်ပြီး ဘာများသိချင်တာရှိလဲမေးလာရင် ကိုယ်သိချင်တာတွေကိုကြိုတင်မေးခွန်းထုတ်ထားဖို့ အရေးကြီးပါတယ်။ဒါဟာ အလုပ်အပေါ်ထားတဲ့စိတ်ဝင်စားမှုကို ပြသရာရောက်စေတာကြောင့် အလုပ်ရဖို့ရာခိုင်နှုန်းများပါတယ်။