တက်တူးထိုးခြင်းသည် ထာဝစဉ်တည်တံ့သွားမယ့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး သင်သည်လည်း တက်တူးထိုးတဲ့အခါ ကြည့်ကောင်းချင်ရုံလောက်နဲ့ တက်တူးထိုးမှာမဟုတ်ပါဘူး။ အဓိပ္ပာယ်အနှစ်သာရပြည့်ဝတဲ့ တက်တူးမျိုးကိုပဲ ထိုးချင်မှာပါ။

တက်တူးဒီဇိုင်းအမျိုးမျိုးရှိတဲ့အနက် သစ်ပင်ပုံတက်တူးများကတော့ သက်တမ်းကြာခြင်း၊ ခံနိုင်ရည်အားမြင့်မားခြင်းတို့ကို ကိုယ်စားပြုပြီး သစ်ပင်အမျိုးအစားတစ်ခုချင်းစီပေါ် လိုက်၍လည်း အဓိပ္ပာယ်ဖွင့်ဆိုပုံများ ကွဲပြားသွားပါလိမ့်မယ်။

အသက်ပင် တက်တူး

tree tattoos for men

အသက်ပင်တက်တူးက လှလည်း လှသလို သူ့ရဲ့အဓိပ္ပာယ်ကလည်း တော်တော်လေးကို အနှစ်သာရပြည့်ဝပါတယ်။ အသက်ပင်သည် ထာဝရတည်ရှိခြင်း၊ ဗဟုသုတနှင့် ဉာဏ်အမျှော်အမြင် ကြီးမားခြင်းကို ကိုယ်စားပြုပါတယ်။

ထင်းရှူးပင် တက်တူး

tree tattoos for men

ထင်းရှူးပင်သည် ကာလကြာရှည်စွာ ပေါက်ရောက်နိုင်တဲ့အတွက်ကြောင့် ထိုထင်းရှူးပင်တက်တူးကို သက်တမ်းကြာရှည်ခြင်းနှင့် ဒူပေဒဏ်ပေ ခံနိုင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

ချယ်ရီပင်တက်တူး

tree tattoos for men

ချယ်ရီပင်လေးတွေက ပွင့်လန်းပြီးသွားတဲ့အခါ ရက်အကြာကြီးမခံဘဲ ကြွေကျသွားတတ်တဲ့အပင်မျိုးပါ။ သူ့ကို အဓိပ္ပာယ်အမျိုးမျိုး ဖွဲ့ဆိုနိုင်ပေမယ့် ဂျပန်လူမျိုးတွေကတော့ “လူ့ဘဝကြီးက တိုတောင်းတဲ့အတွက်ကြောင့် မိမိအသက်ရှင်နေစဉ်မှာ မာန်မာနထောင်လွှားခြင်းမရှိဘဲ လူသားတိုင်းကို ကြင်ကြင်နာနာဆက်ဆံတတ်ဖို့နဲ့ မိမိအသက်ရှင်ရတဲ့ တစ်ရက်တာအတွက် ကျေးဇူးချီးမွမ်းတတ်ဖို့ လိုအပ်ကြောင်း” သတိပေးချင်တဲ့ရည်ရွယ်ချက်တဲ့ ထိုတက်တူးကို ရေးထိုးတတ်ကြပါတယ်။

မိုးမခပင်

tree tattoos for men

မိမိ ချစ်ရတဲ့သူတစ်ယောက် သေဆုံးသွားတဲ့အခါ ထိုသူကို ဂုဏ်ပြုချင်တဲ့စိတ်ကြောင့် မိုးမခပင်တက်တူးကို ရွေးထိုးနိုင်ပါတယ်။ ထိုသူရဲ့ မွေးတဲ့နေ့ (သို့) သေဆုံးသွားတဲ့နေ့စွဲကိုလည်း အမှတ်တရ ရေးထိုးထားနိုင်တဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။

 ဝက်သစ်ချပင် တက်တူး

tree tattoos for men

ဝက်သစ်ချပင်က ခွန်အားကြီးမားမှုနှင့် အဆက်အသွယ်ရှိမှုတို့ကို ကိုယ်စားပြုပါတယ်။ သူ့ရဲ့နက်နဲတဲ့အမြစ်များက အောက်ခြေခိုင်မာဖို့ လိုအပ်ကြောင်း သတိပေးနေပါတယ်။

ထန်းပင် (သို့) ထန်းပင် တက်တူး

tree tattoos for men

အုန်းပင် (သို့) ထန်းပင်လေးကို မြင်လိုက်တာနဲ့ ကမ်းခြေတစ်ခုကို ပြန်လည်မြင်ယောင်မိပါလမ့်မယ်။ မိမိရဲ့အားလပ်ရက်လေးတွေကို ပြန်လည်အမှတ်ရချင်တဲ့ ယောကျာ်းများအတွက်တော့ ထန်းပင်က ထိုးသင့်တဲ့တက်တူးတစ်ခုပါပဲ။ ဒါ့အပြင် ထန်းပင် (သို့) အုန်းပင်သည် ဉာဏ်အမြောအမြင် ကြီးမားမှုကိုလည်း ကိုယ်စားပြုပါသေးတယ်။

Source: Thetrendspotter.net