Introvert လို့ ပြောရင် မပွင့်မလင်း ၊ လူတွေနဲ့ အရောမဝင် ၊ တစ်ဦးတည်း ထည်းထည်းကြီး ဖြစ်နေတက်တဲ့ ငြိမ်အေးအေး ထုံပေပေ လူတွေလို့ အများစုက ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ Introvert တွေဟာ သီးသန့်နေထိုင်ရတာကို နှစ်သက်သဘောကျပြီး ဆိတ်ငြိမ်အေးချမ်းမှုကို ကြိုက်သူတွေပါ။ နောက်ပြီး Introvert တွေဟာ လူတွေထင်မထားလောက်တဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြပြီး ဒါတွေကပဲ သူတို့ကို ပိုဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက် ဖြစ်စေတာပါ။ ဒီတစ်ခေါက်မှာတော့ Introvert တွေမှာပဲ တွေ့နိုင်တဲ့ ဆွဲဆောင်မှုအရှိဆုံး အချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်ပိုင် ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်

Business Men

Photo : Entrepreneur

Introvert တွေရဲ့ အားသာချက်တွေထဲက တစ်ခုလို့ ပြောရမှာပါ။ ဒါက ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်နိုင်စွမ်း မြင့်တာပါ။ အခြားသူတွေရဲ့ ပြောစကားတွေကို တော်ရုံနားမယောက် တက်သလို ကိုယ်တိုင် သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ကြပြီး သူများတွေနဲ့ အမြင်ကွဲလွဲနေပါစေ ကိုယ့်ဆုံးဖြတ်ချက်ကို မပြင်တဲ့သူတွေ ဖြစ်ပါတယ်။

(၂) နားထောင် ကောင်းသူတွေ ဖြစ်တယ်

Business Men

Photo : ThoughtCo

Introvert တွေ ဆီက ကျယ်ကျယ်လောင်လောင် ၊ ပွတ်လောရိုက်နေတဲ့ စကားသံတွေ ကြားရဖို့ ခက်ပေမယ့် သူတို့က တကယ်ကို နားထောင်ပေးတက်ကြတဲ့ Good Listener တွေပါ။ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ သူတို့ရဲ့ ပင်ကိုယ်ဗီဇအတိုင်း တဖက်လူရဲ့ ပြောစကားတွေ ၊ Body Language တွေကအစက သေချာလေး အာရုံစိုက် စူးစမ်းနားထောင်ပေးလေ့ရှိပြီး သင့်တင်လျောက်ပတ်တဲ့ တုန့်ပြန်မှုကောင်းကောင်းလည်း ပေးတက်ကြပါတယ်။

(၃) သစ္စာရှိတယ် ၊ ကတိတည်တယ်

Business Men

Photo : Henry A. Davidsen

Introvert တွေက ပတ်ဝန်းကျင် အကျယ်ကြီးနဲ့ ဆက်ဆံပေါင်းသင်းရတာထက် အရင်းနှီးဆုံး သူငယ်ချင်း ၊ မိတ်ဆွေ လူနည်းစု ကမ္ဘာငယ်လေးထဲမှာ ကျင်လည်ရတာကို ခုံမင်နှစ်သက် ကြပါတယ်။ သူတို့အနားမှာရှိတဲ့ လက်တဆုပ်စာ ပေါင်းသင်းဆက်ဆံရေး စက်ဝန်းထဲကလူတွေကို ဂရုစိုက်ကြင်နာ ဖေးမပေးတက်သလို သူတို့ဘက်က ဆက်ဆံရေး ပျက်ပြားစေမယ့် ကတိမတည်တာ ၊ သစ္စာဖောက်တာမျိုးတွေ လုံးဝလုပ်လေ့ မရှိကြပါဘူး။

(၄) စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအကြောင်း နားလည်တယ်

Business Men

Photo : Verywell Mind

Introvert တော်တော်များများက Self-‌awareness မြင့် ကြပါတယ်။ ဆိုလိုတာကတော့ သူတို့ ကိုယ်တိုင်က အပြုသဘောဆောင်တဲ့ ခံစားချက်တွေရော အပျက်သဘောဆောင်တဲ့ ခံစားချက် နှစ်မျိုးလုံးကို ကောင်းကောင်း ထိန်းညှိနိုင်ပြီး တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း နားလည်မှု အပြည့်အဝ ပေးနိုင်ကြပါတယ်။

(၅) ပဋိပက္ခတွေကို ကောင်းကောင်းကိုယ်တွယ် ဖြေရှင်းနိုင်တယ်

Business Men

Photo : LinkedIn

Introvert တွေနဲ့ အရမ်းကြီးငြင်းခုန် ၊ အငြင်းပွားနေရတာမျိုး လုံးဝမရှိနိုင်ပါဘူး။ အဓိကအားဖြင့် သူတို့က ပဋိပက္ခတွေကို ရှောင်ရှားတက်ကြလို့ပါ။ လူတွေနဲ့ တော်ရုံပြိုင်ပြီး ငြင်းခုန်နေမှာ မဟုတ်သလို သူတို့မှန်နေရင်တောင် တဖက်က ဖင်ပိတ်ငြင်းနေရင် ပြန်ခံပြိုင်ငြင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် Introvert တွေနဲ့ဆို ပြဿနာ အကြီးအကျယ်ဖြစ်တာ ၊ အကြီးအကျယ် အငြင်းပွားရတဲ့ အခြေအနေတွေ မရှိနိုင်ပါ။

ဒါတွေကတော့ Introvert တွေမှာပဲ တွေ့နိုင်တဲ့ ဆွဲဆောင်မှု အရှိဆုံး အချက်တွေ ဖြစ်ပါတယ်။ ကွီးတို့ရော Introvert တစ်ယောက်ဖြစ်ရတာ  ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါရဲ့လား ???

Source : Beauty Hub

Featured Photo : Medium