စိတ်စွမ်းအင်မြှင့်တင်တယ်ဆိုတာ သင့်ကို မှော်ဆရာဖြစ်အောင် ကြိုးစားခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ဘဝမှာ ကြုံလာတဲ့ ပြဿနာနဲ့ အခက်အခဲတိုင်းကို ရင့်ကျက်ပြည့်ဝတဲ့ ခံယူချက် ၊ ကိုယ့်ကိုယ်ကိုယ် ထက်သန်တဲ့ ယုံကြည်မှုတွေနဲ့ ဖြတ်သန်းဖြေရှင်းနိုင်အောင် မြှင့်တင်လိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ စိတ်ရဲ့ စွမ်းအင်ကို မြှင့်တင်တဲ့ နေရာမှာ အင်မတန် ရိုးရှင်းပြီး အသုံးတည့်တဲ့ နည်းလမ်းတွေ ရှိကြပါတယ်။

(၁) ကိုယ့်အားသာချက်ကို သိအောင်လုပ်ပါ

Business development to success and growing annual revenue growth concept

Photo: Freepik

အရေးကြီးဆုံးက ကိုယ်ဘယ်အပိုင်းမှာ တကယ်တော်သလဲဆိုတာ သိဖို့ပါပဲ။ တစ်ခုခုကို လုပ်ဖို့ ကိုယ်ကိုယ်တိုင်က စိတ်အားထက်သန်နေပြီး အဲ့ဒီစိတ်အားထက်သန်မှုအတိုင်း တကယ်ဖြစ်အောင်လည်း လုပ်နိုင်တယ်ဆိုရင် အဲ့အပိုင်းက ကိုယ်နဲ့ အံဝင်တဲ့ အပိုင်း ၊ ကိုယ့်ရဲ့အားသာတဲ့အချက်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်အားသာချက်ဆိုတာကလည်း ရိုးရိုးလေးလည်း ဖြစ်ချင်ဖြစ်မယ်။

ဥပမာ-လူတွေကို ရယ်အောင် လုပ်နိုင်စွမ်းရှိတာတို့ ၊ မသင့်မတင့်သူတွေအကြား ကြားဝင်စေ့စပ်ရာမှာ ကျင်လည်တာတို့လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးတက်အောင် အသုံးချလို့ ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အသုံးကျအောင် လုပ်နေတာဟာ စိတ်စွမ်းအင်မြှင့်တင်မှုမှာ အရေးကြီးဆုံး အခြေခံတစ်ခုလည်း ဖြစ်ပါတယ်။

(၂) ကိုယ့်အရှိတရားကို လက်ခံပါ ၊ နေရာမှန် ထားပါ

Have Self-Acceptance

Photo: Freepik

လူတိုင်းမှာ သူ့ပုံစံ ၊ သူ့အချိုးအစားနဲ့သူ လာတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်နဲ့ မတူတဲ့သူတွေ ၊ ကိုယ့်ထက် မြင့်/နိမ့် ၊ ဝေး/နီးတဲ့ သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မှု လုပ်တာဟာ စိတ်အရည်အသွေးကို ထိခိုက်အောင် ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။ ပိုပြီး စိတ်ဓါတ်ဖြောင့်မတ်ဖို့ ၊ စိတ်ဓါတ်ခိုင်မာပြီး ယုံကြည်မှုအားပိုကောင်းဖို့ ကိုယ့်ရဲ့ Personal Identity လို့ ခေါ်တဲ့ ပကတိပုံစံကို လက်ခံပါ။ အဲ့ဒီကနေ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်ရမှာ ဖြစ်ပါတယ်။

(၃) ခက်ခဲတဲ့ တာဝန်သစ်တွေ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးပါ

Challenge yourself

Photo: Freepik

အင်္ဂလိပ်စကားပုံတစ်ခု ရှိပါတယ်။ သင့်တောင်ပံတွေ မဖြန့်ခင်အထိ သင်ဘယ်လောက် ပျံနိုင်သလဲ သိမှာမဟုတ်ဘူး (Unless You Flag Your Wings, You Will Never Know How High You Can Fly) တဲ့။ သာမန်လူအဖြစ်ကနေ ပိုပြီး ထူးခြားမြင့်မားတဲ့လူတစ်ယောက် ဖြစ်လာဖို့ ကိုယ့်ရဲ့ အကန့်အသတ်တွေကို ကျော်လွန်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းကြည့်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကတိပေးပြီး အဲ့ဒီကတိတွေအတိုင်း ပင်ကိုယ်စွမ်းရည်ကို ထွန်းပြောင်စေမယ့် လုပ်ဆောင်ချက်အသစ်တွေကို လုပ်ကြည့်ပါ။

(၄) အမြဲတမ်း စိတ်ကို မြှင့်ထားပါ

Businessman hand putting wood cube block on top with icon

Photo: Freepik

ဘယ်လို မှောင်မိုက်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ရမယ့်တာဝန်က ကိုယ့်ရဲ့ စိတ်ဓါတ်ကို အမြင့်ဆုံးမှာ ထားထားဖို့ပါပဲ။ လူဟာ ကြိုးစားရင် ရှုံးနိမ့်နိုင်တယ်။ ဒါပေမဲ့ အကြိမ်တစ်ရာလဲပါစေ ပြန်ထနိုင်စွမ်းရှိခြင်းဟာ တကယ်စိတ်စွမ်းအင်ကြီးသူတွေရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ အလုပ်လုပ်ရင်း အမှားတွေ လုပ်မိရင်လည်း စိတ်ဓါတ်မကျဖို့ လိုပါတယ်။ ဘယ်လိုအခြေအနေဖြစ်ပါစေ ငါပျံသန်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ခေါင်းထဲက ထုတ်မပစ်ပါနဲ့။ ဒါဆိုရင် သင်ဟာ ပိုမြင့်တဲ့ နေရာကို ရောက်ဖို့အတွက် လုံလောက်တဲ့ စိတ်စွမ်းအင်တွေ စုဆောင်းနေတာနဲ့ အတူတူပါပဲ။