Josh Altman (ဂျော့ရှ် အတ်ထ်မန်) ဟာ အသက် (၂၆) နှစ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်လာခဲ့သူပါ။ ဒီနေ့တော့ သူ့ရဲ့ ဘဝနေထိုင်မှုပုံစံတွေအကြောင်းကို ပြောပြပေးသွားမှာပါ။

“သင်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ First impressions ကအရမ်းအရေးကြီးပါတယ်။ ဘာအလုပ်ပဲလုပ်နေလုပ်နေ အရေးမကြီးပါဘူး။ First impressions စက္ကန့်အနည်းငယ်အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ဖြစ်ပြီးတော့ လူတွေက ဒီအပေါ်မှာမူတည်ပြီး သင့်အပေါ် တုံ့ပြန်ကြတာပါ။ လူတွေအပေါ် လွှမ်းမိုးချင်တယ်ဆိုရင် First impressions ကောင်းဖို့အလွန် အရေးကြီးပါတယ်။”

“ကျွန်တော် ငယ်ငယ်ကတည်းက အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။ အသက် (၂၆) နှစ်အရွယ်ရောက်တော့ လူတွေပြောတဲ့ သန်းကြွယ်သူဌေးကြီးဖြစ်နေပြီ။ စီးပွားရေးလုပ်တယ်ဆိုတဲ့ နေရာမှာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေဖို့ အရေးကြီးပါတယ်။” ဒါကတော့ Josh Altman (ဂျော့ရှ် အတ်ထ်မန်) ပြောပြတဲ့ သူ့အကြောင်းပါ။ အခုထပ်ပြီးတော့ သူ့ရဲ့အောင်မြင်မှု စည်းမျဉ်းစည်းကမ်းတွေကို ပြောပြပေးသွားပါ့မယ်။

ဘယ်တော့မှ ဂုဏ်မမောက်မာနဲ့

Source: Bravo TV

“ငါ မွန်တာနာ မြို့မှာ မွေးမြူရေးခြံတစ်ခြံဝယ်လိုက်တယ်” လို့လူတစ်ယောက်က သင့်ကိုလာပြောခဲ့မယ်ဆိုရင် သင်က “ငါလည်း ကာရေဘီယံမှာ ကျွန်းတစ်ကျွန်းပိုင်တယ်” ဆိုပြီး ပြန်မပြောပါနဲ့။ ဒါက သင်ဟာ အဲ့ဒီလူနဲ့ စကားပြောနေတာ မဟုတ်ပါဘူး။ ဂုဏ်ပြိုင်နေတာပါ။

ကိုယ့်ရဲ့ဖောက်သည်နဲ့ စကားပြောနေချိန်မှာ ဘယ်တော့မှ ကိုယ့်ရဲ့ ဂုဏ်ပကာသနတွေကို ထုတ်ဖော်မပြောပါနဲ့။ ဒီလိုပြောလိုက်မယ်ဆိုရင် အဲ့ဒီဖောက်သည်နဲ့ စီးပွားရေးလုပ်ခွင့် ဆုံးရှုံးသွားပါလိမ့်မယ်။ တခြားလူဘာပြောလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး အလိုက်သင့်ပြောပေးလိုက်ပါ။

နားထောင်ပေးပါ

Source: Josh Altman, Heather Bilyeu’s Wedding Photos

တခြားလူပြောတဲ့စကားတွေကို နားထောင်ပေးလိုက်ပါ။ ဒါက သူတို့ကိုလေးစားရာ ရောက်ပါတယ်။ ဘယ်သူမှ ကိုယ့်အပေါ်လေးစားမှုမရှိတဲ့ လူတွေနဲ့ အဆက်အဆံမလုပ်ချင်ကြဘူး။ စီးပွားရေးလုပ်ငန်းလုပ်တော့မယ်ဆိုရင် နာထောင်နိုင်စွမ်းရည်ကလည်း အရေးကြီးပါတယ်။

ဗန်းစကားတွေမသုံးပါနဲ့

Source: CNBC.com

ဗန်းစကားတွေကို တစ်ချို့သောလူတွေနားမလည်ကြဘူး။ ဒါက သူတို့ကို မလုံခြုံသလိုမျိုး ခံစားသွားရစေပါတယ်။ စီးပွားရေးကိစ္စရပ်တွေ ဆွေးနွေးချိန်မှာ ရိုးရှင်းတဲ့ စကားလုံးတွေ ရွေးချယ်သုံးစွဲပါ။ တဖတ်လူနားလည်နိုင်မယ့် စကားစုတွေကိုသာ ပြောဆိုပေးပါ။ မလိုအပ်ပဲ စကားလုံးတွေကို ကာရံတွေနဲ့ပြောဆိုနေခြင်းကလည်း သင့်ကိုအရူးလို့ လူတွေမြင်ကြပါလိမ့်မယ်။ ယုံကြည်မှုရှိပါ။ စစ်မှန်မှုရှိပါ။ တစ်ဖတ်လူယုံကြည်နိုင်အောင် ပြောဆိုပါ။

ထပ်တူကျအောင်နေထိုင်ပါ

Source: Business Insider

လေ့လာမှုတွေအရ လူအများစုက သူတို့နဲ့ တူတဲ့လူတွေကို ပိုပြီးနှစ်သက်သဘောကျတယ်လို့ ဆိုထားပါတယ်။ အကယ်၍ စကားကိုညင်ညင်သာသာပြောဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ရင် သင့်ရဲ့အသံကို နှိမ့်ပြီး ညင်ညင်သာသာပြောဆိုပေးပါ။

ဈေးကြီးတဲ့အဝတ်အစားတွေ ဝတ်စရာမလိုပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ ကျော့ကျော့မော့မော့လေးဖြစ်နေရင်ရပါပြီ။ လူမှာအဝတ် တောင်းမှာအကွပ်ဆိုသလို သင်ကရည်ရည်မွန်မွန်လေး ဝတ်စားထားပါမှ သင့်လုပ်ငန်းကိုလည်း အတိုင်းအတာတစ်ခုအထိ ယုံကြည်ကြပါလိမ့်မယ်။ သူတို့အပေါ် လွှမ်းမိုးဖို့ မကြိုးစားပါနဲ့။ အဓိက က သူတို့ကို သက်သောင့်သက်သာရှိတယ်လို့ ခံစားရအောင် ပြုလုပ်ပေးဖို့ပါပဲ။