အားလပ်ချိန်မှာပဲ ဖြစ်ဖြစ်၊ တစ်နေ့တာ လုပ်ငန်းဆောင်တာများပြီးစီးချိန် ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်စေဖို့ ကိုယ့်စိတ်ကြိုက်နည်းလမ်းများနဲ့ အပန်းဖြေလို့ရပါတယ်။ မိုဘိုင်းလ်ဂိမ်း တွေ ကစားရင်းနဲ့ တစ်နေ့တာ အမောတွေကို ဖြေလေ့ရှိတဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင် ဂိမ်းကစားရတာ ကြိုက်တဲ့ ကွီးတို့အတွက် iOS ရော Android ဖုန်းများမှာပါ ကစားလို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း အချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) Clash Royale

iOS ရော Android မိုဘိုင်းလ်ဂိမ်း

Photo : Learning Works for Kids

ကွီးတို့အတွက် iOS ရော Android မှာပါ ကစားလို့ကောင်းတဲ့ ပထမဆုံးဖော်ပြပေးချင်တဲ့ မိုဘိုင်းလ်ဂိမ်း ကတော့ Clash Royale ပဲဖြစ်ပါတယ်။ Clash Royale ကို Supercell မှ ထုတ်ဝေပြီး Free To Play ကစားလို့ရတဲ့ ဂိမ်းလည်းဖြစ်ပါတယ်။ ဒီဂိမ်းမှာ စုဆောင်းနိုင်တဲ့ ကဒ်ဂိမ်းများ၊ မျှော်စင်ကာကွယ်ရေးနဲ့ ကစားသူအများအပြား ပါဝင်လို့ရတဲ့ အွန်လိုင်း တိုက်ပွဲဂိမ်းပုံစံမျိုး ဖြစ်ပါတယ်။ ဒီဂိမ်းကို မတ်လ ၂ ရက်နေ့ ၂၀၁၆ တုန်းက ဖြန့်ချီခဲ့ပါတယ်။

(၂) Pocket City

Source : Pocket City Games

Pocket City မိုဘိုင်းလ်ဂိမ်းဟာ မြို့များအတွက် ဖွံ့ဖြိုးတိုးတတ်မှုနဲ့ စီမံခန့်ခွဲမှု ပြုလုပ်ပေးရတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို ကစားမယ်ဆိုရင် ကစားပွဲအစကတည်းက ဦးနှောက်ကိုသေချာ အသုံးချကာ စဉ်းစားတွေးခေါ်မှုနဲ့ ကစားရပါမယ်။ Pocket Game ကို အကောင်းဆုံးနည်းဗျူဟာ ဂိမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ ဂိမ်းဟာ iOS အတွက်ဆို ဒေါ်လာ ၂.၉၉ ကျသင့်ပြီး Android ဖုန်းများ အတွက်ဆို အခမဲ့ ဖြစ်ပါတယ်။

(၃) Genshin Impact

Source : IGN

iOS ရော Android မှာပါ ကစားလို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း တွေကို ဖော်ပြတဲ့နေရာမှာ Genshin Impact ကတော့ မပါမဖြစ်ပါပဲ။ ၂၀၂၀ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Free To Play ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ Genshin Impact မှာ ကစားသူများက ကျယ်ပြန့်သော လွင်ပြင်များကို ဖြတ်ခြင်း၊ တောင်တတ်ခြင်း၊ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ခြင်း၊ မြို့များကိုရှာရတာမျိုး ကစားရမှာပါ။ တကယ်ကို ကစားလို့ကောင်းပြီး အလန်းစား Graphics များကြောင့် ဆွဲဆောင်မှုရှိတဲ့ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

(၄) Call of Duty

Source : Call of Duty

iOS ရော Android မှာပါ ကစားလို့ကောင်းပြီး အခမဲ့ ကစားလို့တဲ့ အက်ရှင် မိုဘိုင်းလ်ဂိမ်းတစ်ခုကတော့ Call of Duty ပဲ ဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ Graphics တွေနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းသော အွန်လိုင်းတိုက်ပွဲများကို ဆင်နွှဲနိုင်ပါတယ်။ ဒီ Call of Duty မိုဘိုင်းလ်ဂိမ်းကို ၂၀၁၉ ခုနှစ်က စတင်ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။

(၅) Plants Vs. Zombies 2

Source : ZomVoid

ကွီးတို့ရေ ငယ်ငယ်တုန်းက Pants And Zombies ဂိမ်းကို တော်တော်များများ ဆော့ဖူးကြမှာပါ။ Pants And Zombies 2 ကို iOS ရော Android မှာပါ Free To Play ကစားလို့ရပါတယ်။ ဖုန်းနဲ့ Plants And Zombies 2 ကို ကစားရတဲ့ ခံစားချက်က ဘယ်လိုပါလဲ ၊ ဂိမ်းမှာရော ဘယ်လိုပုံစံအသစ်လေးတွေ ထည့်သွင်းထားသလဲ ဆိုတာ သိရအောင် Plants And Zombies 2 ကို ကစားကြည့်ရအောင်။

အခုဖော်ပြပေးလိုက်တာကတော့ အားလပ်ချိန်မှာ ဖုန်းနဲ့ ဂိမ်းကစားချင်တဲ့ ကွီးတို့အတွက် iOS ရော Android မှာပါ ကစားလို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းများပဲ ဖြစ်ပါတယ်။

Source : Teach & Community

Featured Photo : Gamesradar