iPhone 16 က စက်တင်ဘာလမှ အသစ်ထွက်ရှိမှာဖြစ်ပေမယ့်လည်း ကောလဟလတွေကတော့ အခုကတည်းက ထွက်ရှိနေပါပြီ။ မြောက်မြားစွာသော ကောလဟလများထဲကမှ နောက်ဆုံးပေါ်  ကောလဟလကတော့ iPhone 16 သည် RAM နဲ့ Storage ပိုင်းကို AI လုပ်ငန်းစဥ်များ ထည့်သွင်းဖို့ရန်အတွက် အဆင့်မြင့်ဖို့ အလားအလာရှိနေပါတယ်။

ဒီကောလဟလက ဘယ်ကနေ ထွက်ရှိလာတာလဲ

rumors

တောင်ကိုရီးယားနိုင်ငံက နည်းပညာပိုင်းနဲ့ ပတ်သက်လာရင် နာမည်ကြီးတဲ့ ဆိုဒ်တစ်ခုဖြစ်တဲ့ Tech Reve ဆိုတဲ့ ဆိုဒ်ကနေ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဖော်ပြထားတဲ့ ဖော်ပြချက်အရ စက်တင်ဘာလမှ ထွက်ရှိလာမယ့် စီးရီးအသစ်ထဲမှာ RAM ပိုင်း အနည်းဆုံး 8GB ကနေ အစပြုပြီး Storage ပိုင်းအတွက်ကတော့ 256GB လောက်အထိ သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး RAM နဲ့ Storage တွေကို ထပ်တိုးလိုက်ရခြင်းက AI အတွက် ထပ်ပေါင်းထည့်ချင်လို့ပဲဖြစ်တယ်လို့ ဆိုထားပါတယ်။

မနှစ်က ထွက်ထားတဲ့ 15 Series များနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင်

iPhone 16

မနှစ်က ထွက်ထားတဲ့ 15 Series မှာတော့ RAM အတွက် 6GB သာ ထည့်ပေးထားပြီး Storage အတွက်ကိုတော့ 128GB ထည့်ထားတာပဲဖြစ်ပါတယ်။ AI Tools အသစ်တွေ ထပ်ပေါင်းထည့်မယ်ဆိုရင်တော့ မနှစ်က RAM နဲ့ Storage တို့နဲ့ ဝင်ဆံ့မှာ မဟုတ်ပါဘူး။ အသစ် ထပ် တိုးကို တိုးမှ ရမှာပါ။ ဒါပေမဲ့လည်း Apple ကတော့ RAM ကို အသုံးပြုမယ့်အစား NAND Flash ကို အသုံးပြုနေတယ်လို့ ကျန်ခဲ့တဲ့ ခြေရာလက်ရာ အနေအထားများအရ သိရှိရပြန်ပါတယ်။

ဒါဆိုရင် ဘယ်ကောလဟလက အနီးစပ်ဆုံးနဲ့ အမှန်ဆုံး ဖြစ်မလဲ။

ကွီးတို့လည်း သိချင်တယ်ဆိုရင်တော့ စက်တင်ဘာလ အထိသာ စိတ်ရှည်ရှည်နဲ့ စောင့်ကြပေတော့လို့ပဲ ပြောချင်ပါတယ်။

အခြားသော ဘယ်လို အသစ် ပြောင်းလဲမှုတွေကိုရော မြင်တွေ့ရမလဲ

iPhone 16

ဒီဇိုင်းပိုင်းဆိုရင် 11 Series ကနေ ကော်ပီပွားလာလိုက်တာ အခုဆိုရင် 15 Series ထိတောင် ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ ကင်မရာ နှစ်လုံးကို အတည့်လုပ်လိုက်၊ အစောင်းလုပ်လိုက်၊ ကင်မရာ သုံးလုံး ပွားလိုက်နဲ့ သူ့ခမျာ အလုပ်တော်တော် ရှုပ်နေလောက်ပါပြီ။ ဒီနှစ်မှာတော့ ဒီဇိုင်းပိုင်းကို ပြောင်းလဲမယ်လို့လည်း အသံသဲ့သဲ့ကြားပါရဲ့။ ဒါ့အပြင် Display ပိုင်းနဲ့ ကင်မရာ၊ ဘက္ထရီ အစရှိတဲ့ အပိုင်းတွေကိုလည်း အဆင့်မြင့်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။​

ကွီးတို့ရော ဘယ်လို ပြောင်းလဲမှုမျိုးကို မျှော်လင့်နေပါသလဲ။

Source: Techradar.com

Featured Image: Macrumors