iPhone 17 စီးရီးတွေကတော့ လာမယ့် စက်တင်ဘာမှာ User တွေလက်ထဲရောက်မယ်လို့ Apple ဘက်က ကြေညာထားပါတယ်။ လောလောဆယ်မှာတော့ iPhone 17 စီးရီးရဲ့ ဒီဇိုင်းပိုင်း ၊ သုံးထားတဲ့ Chip Upgrades တွေ ၊ Camera Upgrades တွေနဲ့ ပတ်သတ်ပြီး Rumors အများကြီး ထွက်နေပါတယ်။ ဒီထဲကမှ စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ အမှန်တကယ် iPhone 17 စီးရီးမှာ ပါလာနိုင်တဲ့ Camera Upgrades ပိုင်းတွေကို ပြောပြပေးချင်ပါတယ်။ ရှေ့မှာထွက်ခဲ့တဲ့ iPhone 16 နဲ့မတူကွဲပြားတဲ့ ကင်မရာပိုင်း Upgrades တွေက ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်ပါ။

(၁) 24MP Front Camera Upgrade လုပ်ပေးထားတယ်

iPhone 17

Photo : Mashable India

Apple က 12MP Front Camera ကို နှစ်ပေါင်းများစွာ သုံးလာခဲ့တာပါ။ အခု iPhone 17 စီးရီးမှာတော့ ၂ ဆတိုးပြီး Six-element Lens ပါတဲ့ 24MP Front Camera Upgrade ကို သုံးလာမယ်လို့ သိထားရပါတယ်။ Pro မော်ဒယ်တွေမှာသာမက iPhone 17 စီးရီး တစ်ခုလုံးမှာ 24MP အရှေ့ ကင်မရာ ကို သုံးပေးထားမှာ ဖြစ်ပါတယ်။ Sensor Size ပိုကြီးသွားတော့ Front Camera နဲ့ ဆယ်လ်ဖီရိုက်တာ ၊ FaceTime Calls ခေါ်တာ ၊ Video Recordings ပိုင်းတွေမှာ ယခင်ကထက် ပိုမို ကြည်လင်ပြတ်သား အသက်ဝင်ပြီး ပရော်ဖက်ရှင်နယ် ဆန်နေမှာ ဖြစ်ပါတယ်။

(၂) Pro မော်ဒယ်တွေမှာ Triple 48MP Cameras တွေပါလာတယ်

iPhone 17

Photo : Digital Trends

iPhone 17 Pro နဲ့ Pro Max မော်ဒယ်တွေမှာ ကင်မရာပိုင်း ကြီးကြီးမားမား ပြောင်းလဲပေးထားတာ ရှိပါတယ်။ Rumors တွေအရတော့ Wide ၊ Ultra-Wide နဲ့ Tetraprism Telephoto Lens ၃ ခုလုံးကို 48MP Sensors တွေ ထည့်ပေးထားတယ်လို့ သိရပါတယ်။ ဒါက ယခင် iPhone စီးရီးတွေမှာ သုံးခဲ့တဲ့ 12MP Telephoto Lens နဲ့ ယှဉ်ရင် ကြီးမားတဲ့ Camera Upgrade တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ iPhone 17 Pro မော်ဒယ်တွေမှာပါလာတဲ့ Tetraprism Telephoto Lens အသစ်က 6x Optical Zoom အထိ သုံးနိုင်မှာဖြစ်လို့ ရိုက်ချက်တိုင်းကို တည်ငြိမ်နေအောင် ထိန်းထားပေးနိုင်မှာပါ။ ကင်မရာ ၃ ခုလုံးက 48MP Sensors တွေ ဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ပုံထွက်ကွာလတီ ၊ ကြည်လင်ပြတ်သားမှု ၊ ပိုပြီး သဘာဝဆန်တဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) iPhone 17 Pro မှာ 8K Video Recording ရိုက်ကူးနိုင်တယ်

iPhone 17

Photo : Defensa Central

လောလောဆယ်အထိတော့ iPhone 17 Pro စီးရီးမှာ 8K Video Recording ရိုက်ကူးနိုင်မယ်လို့ သိထားရပါတယ်။ ဒါကြောင့် 17 Pro စီးရီးက ဖုန်းနဲ့ ဗီဒီယိုတွေ ဖန်တီးကြမယ့် Mobile Filmmakers တွေနဲ့ Content Creators တွေကတော့ သေချာပေါက် အကြိုက်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ရှေ့က iPhone စီးရီးတွေထက် ရုပ်ထွက်ပိုင်းမှာ သာလွန်ကောင်းမွန်တဲ့ High-Resolution နဲ့ ပိုမိုတည်ငြိမ်ပြီး ကြည်လင်ပြတ်သားတဲ့ ရုပ်သံဗီဒီယိုတွေကို 17 Pro စီးရီး ဖုန်းတွေနဲ့ ရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။

(၄) Dual Video Recording Feature ထည့်ပေးထားတယ်

iPhone 17

Photo : MSN

iPhone 17 Pro စီးရီးမှာပဲ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ Feature အသစ်တစ်ခုပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကတော့ Dual Video Recording Feature ပါ။ အရှေ့နဲ့ အနောက် ကင်မရာ၂ခုလုံးနဲ့ တစ်ပြိုင်နက်တည်း ရုပ်သံဗီဒီယိုတွေကို ရိုက်ကူးနိုင်မယ့် Feature ဖြစ်ပါတယ်။ အချိန်နဲ့တပြေးညီ အမိအရ ရိုက်ကူးရတဲ့ Live Moments တွေ ၊Vlogging သို့မဟုတ် Storytelling စတိုင် ဗီဒီယို ရိုက်ကူးမှုတွေအတွက် တော်တော်လေး အသုံးတည့်စေမယ့် Feature တစ်ခုလို့ ပြောရမှာပါ။ Edit ပိုင်းတွေ ကြီးကြီးမားမား လုပ်စရာမလိုပဲ တစ်ကြိမ်ရိုက်ကူးပြီးတာနဲ့ ဖန်တီးထားတဲ့ Content တွေကို Instagram ၊ TikTok နဲ့ YouTube တို့လို ဆိုရှယ်မီဒီယာတွေပေါ်မှာ တန်းတင်နိုင်မှာ ဖြစ်ပါတယ်။

Source : Analytics Insight

Featured Photo : India Today