ကွီးတို့ရဲ့ iPhone အတွက် ဘယ်မှာမှ ဝယ်လို့မရတဲ့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ကာဗာလေး သုံးချင်လား ? ဒါဆိုရင်တော့ DIY နည်းလမ်းနဲ့ ဖန်တီးနိုင်မယ့် အမိုက်စား ကာဗာဒီဇိုင်း အိုင်ဒီယာလေးကို ပြောပြပေးပါမယ်။ လုပ်ရတာ လွယ်ကူရိုးရှင်းပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ DIY ဖုန်းကာဗာတွေ ကွီးတို့ ကိုယ်တိုင် ဖန်တီးကြည့်လိုက်ပါဦး။
DIY iPhone ကာဗာပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့……..
- တိတ်
- ဓား
- မှုတ်ဆေးဗူး
- ပေတံ
စတဲ့ ပစ္စည်းတွေပဲ လိုအပ်ပါတယ်။
Photo : DIY Projects for Teens
အဆင့် (၁) ကွီးတို့ ဖန်တီးချင်တဲ့ ကာဗာဒီဇိုင်း Pattern ပုံ အကြမ်းဆွဲပါ။
Photo : DIY Projects for Teens
အဆင့် (၂) ကွီးတို့ ဆွဲထားတဲ့ Pattern အတိုင်း ဖုန်းကာဗာပေါ်မှာ တိတ်လေးတွေ လိုက်ကပ်ပါ။ Pattern ဒီဇိုင်းက စိတ်ကြိုက် ပြုလုပ်လို့ ရတာကြောင့် ကွီးတို့ ဉာဏ်ရှိသလို ဖန်တီးလို့ ရပါတယ်။
Photo : DIY Projects for Teens
အဆင့် (၃) ထို့နောက် တိတ်ကပ်ထားတဲ့ ဗာကာပေါ်မှာ ဆေးရောင်စပရေးဗူးနဲ့ မှုတ်ပေးရပါမယ်။ အရောင်ကိုတော့ လင်းလင်းထင်းထင်း ဖြစ်စေမယ့် ရွှေရောင်မှုတ်ဆေး သို့မဟုတ် ငွေရောင် မှုတ်ဆေးတွေကို အသုံးပြုနိုင်သလို ကွီးတို့ ကြိုက်နှစ်သက်တဲ့ ကာလာကိုလည်း အသုံးပြုလို့ ရပါတယ်။
Photo : DIY Projects for Teens
အဆင့် (၄) ဆေးမှုတ်ပြီးရင်တော့ ဆေးတွေကောင်းကောင်း ခြောက်သွေ့သွားတဲ့အထိ အခြောက်ခံ ထားလိုက်ပါ။
Photo : DIY Projects for Teens
အဆင့် (၅) ဆေးခြောက်သွားပြီဆိုရင်တော့ ကပ်ထားတဲ့ တိတ်လေးတွေကို တစ်ခုချင်းစီ လိုက်ခွာပေးရပါမယ်။
Photo : DIY Projects for Teens
ဒါဆိုရင်တော့ လွယ်ကူရိုးရှင်းပြီး ဘယ်သူနဲ့မှ မတူတဲ့ DIY ကာဗာဒီဇိုင်း အဆန်းလေးတွေ ရသွားပြီ ဖြစ်ပါတယ်။ လုပ်ရတာ လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာတာမလို့ ကွီးတို့ အိမ်မှာ ကိုယ်တိုင် စမ်းလုပ်ကြည့် လိုက်ပါဦးနော်။
Source : DIY Projects for Teens
Featured Photo : DIY Projects for Teens