iQOO ကတော့ လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ မိတ်ဆက်သွားမယ့် iQOO Neo 7 Pro ရဲ့ ဒီဇိုင်းကို ထုတ်ဖော်ပြသသွားခဲ့ပြီး စွဲမက်စရာကောင်းတဲ့ လိမ္မော်ရောင် ကျောဘက် Faux လည်သာဒီဇိုင်းနဲ့ လာမယ်လို့ အတည်ပြုခဲ့ပါတယ်။

iQOO Neo 7 Pro

Photo : GSMArena.com

ကုမ္ပဏီအနေနဲ့ အဆိုပါ လိမ္မော်အရောင်ဗားရှင်းကို Fearless Flame လို့ နာမည်ပေးထားပြီး Dark Storm လို့ ခေါ်တဲ့နောက်ထပ် အမိုက်စား အရောင်တစ်မျိုးကိုလည်း ရွေးချယ်စရာပေးထားတယ်လို့ သိရပါတယ်။ Dark Storm ဗားရှင်းမှာတော့ ကျောဘက် Faux လည်သာဒီဇိုင်းပါမှာ မဟုတ်ပါဘူး။iQOO က Neo 7 Pro ဖုန်းရဲ့ Specs အသေးစိတ်ကို ဖော်ပြထားခြင်း မရှိသေးပေမယ့် Snapdragon 8+ Gen 1 SoC နဲ့ 120W အားသွင်းစနစ်ထောက်ပံ့ပေးထားမယ်လို့ အတည်ပြုထားပြီး ၈ မိနစ်အတွင်း ဖုန်းအား ၅၀ ရာခိုင်နှုန်း အထိ ဖြည့်သွင်းနိုင်မယ်လို့ ကြော်ငြာထားပါတယ်။

Neo 7 Pro စမတ်ဖုန်းမှာ Gaming Experience ကို မြှင့်တင်နိုင်ဖို့ “Independent Gaming Chip” နဲ့ Motion Control Feature တွေလည်း ထည့်သွင်းပေးထားပါတယ်။ iQOO Neo 7 Pro ဟာ လက်ရှိ တရုတ်နိုင်ငံမှာ ရနိုင်တဲ့ နာမည်ပြောင်း Neo7 Racing ဖုန်း ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

iQOO Neo 7 Pro

Photo : Gizmochina

Neo7 Racing မှာတော့ Snapdragon 8+ Gen 1 Chipset ကိုမောင်းနှင်ထားပြီး 5,000 mAh ဘက်ထရီနဲ့ 120W အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ ၆.၇၈ လက်မ FullHD+ 120Hz AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး In-Display Fingerprint Sensor နဲ့
ကျောဘက်မှာ 50MP Primary ကင်မရာ ၊ 8MP Ultrawide ၊ 2MP macro နဲ့ 16MP ဆယ်လ်ဖီကင်မရာတို့ ပါဝင်ပါတယ်။

Neo7 Racing ဖုန်းမှာ 16GB RAM နဲ့ 512GB Storage ပါရှိပြီး Android 13 အခြေပြု OriginOS ကို အသုံးပြုထားပါတယ်။ ဒါပေမယ့်လည်း OriginOS ဟာ တရုတ်နိုင်ငံအတွက် သီးသန့်ဖြစ်တာကြောင့် iQOO Neo 7 Pro မှာတော့ Funtouch OS ကို ပြောင်းလဲအသုံးပြု လာနိုင်ဖွယ်ရှိနေပါတယ်။

Featured Photo : GSMArena.com