Vivo ရဲ့ iQOO ဖုန်းတွေထဲမှာ ဘက်ထရီ အကိတ်ဆုံး စမတ်ဖုန်းအသစ် iQOO Z9 Turbo+ ကို ကြေညာလိုက်ပါပြီ။ iQOO ကနေ Z9 စီးရီးကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ iQOO စမတ်ဖုန်းတွေ အားလုံးထဲမှာ ဘက်ထရီအကြီးဆုံး ပါဝင်လာတဲ့ Dimensity 9300+ Chipset သုံး Z9 စီးရီးရဲ့ မျိုးဆက်သစ် စမတ်ဖုန်း iQOO Z9 Turbo+ ကို ထပ်မံပွဲထုတ်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

 iQOO Z9 Turbo+iQOO Z9 Turbo+

Photo : GSMArena.com

iQOO Z9 Turbo+ ဖုန်းမှာ Dual Camera Setup နဲ့ Flat Frame ပါရှိပြီး ရှေ့မှာထွက်ခဲ့တဲ့ iQOO Z9 နဲ့ iQOO Z9 Turbo တို့နဲ့ ဒီဇိုင်းချင်း ထပ်တူနီးပါး ဆင်တူပါတယ်။ အခုလက်ရှိ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ကာလာခပ်ငြိမ်ငြိမ်နဲ့ သေသပ်လှပတဲ့ Desert Moon အရောင် ရွေးချယ်မှု ပါဝင်လာမှာဖြစ်ပြီး အချို့ဂိမ်းတွေအတွက် 72 fps ထောက်ပံ့ပေးထားတဲ့ 1220p မျက်နှာပြင် ပါရှိမှာဖြစ်သလို Vapor Chamber Cooling စနစ်ကိုလည်း အသုံးပြုလာမယ်လို့ သိရပါတယ်။

iQOO Z9 Turbo+

Photo : Gadgets 360

iQOO Z9 Turbo+ စမတ်ဖုန်းရဲ့ အထူးခြားဆုံး ဘက်ထရီတပ်ဆင်မှု အပိုင်းမှာတော့ ကြီးမားတဲ့ 6,400 mAh Capacity ဘက်ထရီ အကိတ်ကို တပ်ဆင်ပေးထားမှာ ဖြစ်ပြီး Charging Rate ကိုတော့ အတိအကျ မသိရသေးပါဘူး။ iQOO Z9 Turbo+ စမတ်ဖုန်းအသစ်ကို အခုလာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ တရားဝင် ကြေညာသွားမယ်လို့ သတင်းတွေအရ သိရပြီး ဖုန်းနဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြာမှီ ရက်ပိုင်းအတွင်း သိရမယ်လို့ မျှော်လင့်ရပါတယ်။

Source : GSMArena.com

Featured Photo : Notebookcheck