အီရန်အမျိုးသမီး လက်ရွေးစင်အသင်းအနေနဲ့ ဂျော်ဒန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာအီရန်အသင်းက အမျိုးသားတစ်ယောက်ကို ဂိုးသမားအဖြစ် ပါဝင်ကစားခွင့်ပေးခဲ့တယ်လို့ စွပ်စွဲခံနေရပြီး ပြိုင်ဘက်အသင်းမှ အဆိုပါဂိုးသမားအား ကျား၊ မ စစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။

Iran's women team accused by rivals of playing man as a goalkeeper
Photo : Market Research Telecast

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က ဥဇဘက်ကစ္စတန်မှာ ဂျော်ဒန်အသင်းကို ၄ -၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အသက် ၃၂ ​​နှစ်အရွယ် အီရန်ဂိုးသမား ဇိုရေးချ် ကူယာအီမှ ပင်နယ်တီ ၂ ကြိမ်ကာကွယ်ပေးခဲ့ပြီး အီရန်အမျိုးသမီးအသင်းအနေနဲ့ ပထမဆုံးအကြိမ် အမျိုးသမီးအာရှဖလားပြိုင်ပွဲသို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဂျော်ဒန်ဖီဖာဥက္ကဋ္ဌ အိမ်ရှေ့မင်းသား အလီကတော့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ထံ အီရန်ဂိုးသမားအား ကျား၊မရေးရာ စစ်ဆေးအတည်ပြုပေးဖို့ ၎င်းရဲ့ တွစ်တာလူမှုကွန်ယက်စာမျက်နှာမှာ တောင်းဆိုရေးသားခဲ့ပါတယ်။ အီရန်အမျိုးသမီး လက်ရွေးစင်အသင်းမန်နေဂျာကတော့ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး နာမည်ကြီးတဲ့ဂျော်ဒန်အသင်းအနေနဲ့ ပြိုင်ပွဲရှုံးနိမ့်မှုအတွက် ဆင်ခြေပေးတာဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

AFC ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ ” ယခုအဖြစ်အပျက်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး အမှန်တကယ် ဖြစ်နိုင်ချေရှိမရှိကိုတာ့ မည်သည့် မှတ်ချက်မှ မပေးမလိုဘူး” လို့ဆိုထားပါတယ်။

ဖီဖာရဲ့ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ မင်းသားအလီက ” ဒီစွပ်စွဲချက်သာ အမှန်တကယ်ဖြစ်ပါက ပြဿနာအလွန်ကြီးနိုင်တယ်” ဟုဆိုကာ AFC ကို အမြန်ဆုံးစစ်ဆေးအတည်ပြုပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။

Iran's women team accused by rivals of playing man as a goalkeeper

Photo : Daily Mail

သို့သော်အီရန်အသင်းတာဝန်ရှိသူ မေရိယမ်က အဆိုပါစွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး အမျိုးသမီး လက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ဦးစီကို ဟော်မုန်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုတွေ ဂရုတစိုက်လုပ်ဆောင်ထားတဲ့အတွက် ပရိသတ်တွေစိတ်မပူဖို့ ပြောဆိုခဲ့ပါတယ်။

ဇိုရေးချ် ကူယာအီဟာ ၂၀၀၈ ခုနှစ် နှင့် ၂၀၁၀ ခုနှစ်တွေမှာ အီရန်နိုင်ငံကိုယ်စားပြုအဖြစ် အာရှဖလားခြေစစ်ပွဲတွေမှာ ဝင်ရောက်ကစားခဲ့သူတစ်ယောက်ဖြစ်တယ်လို့ အီရန်အမျိုးသမီး လက်ရွေးစင်အသင်းနည်းပြဖြစ်သူက ဆိုထားပါတယ်။ ယခင်ကလည်း အီရန်လက်ရွေးစင်အသင်းမှာ အမျိုးသားများဝင်ရောက်ကစားမှုတွေရှိခဲ့တယ်လို့ ပြောဆိုခံရဖူးပြီး ၂၀၁၅ ခုနှစ်က ကစားသမား ရှစ်ဦးအထိ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပါတယ်။

Featured Photo : Extra.ie