မိမိခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးခြင်းသည် အနုပညာတစ်ရပ်ဖော်ကျူးခြင်းဖြစ်ပြီး ယနေ့ခေတ်မှာ ထိုတက်တူးထိုးခြင်းအနုပညာသည်လည်း တဖြည်းဖြည်းခေတ်စားလာပါတယ်။ အချို့ကလည်း သဘာဝအလှပုံတက်တူးများကို ထိုးရတာ နှစ်သက်ပြီး အချို့ကလည်း ကာတွန်းပုံများ၊ စူပါဟီးရိုးပုံတက်တူးများ ထိုးရတာကို ဘဝင်ခိုက်ကြပါတယ်။ စူပါဟီးရိုးများတွင်လည်း ဘတ်မန်း၊ စူပါမန်း၊ ကပ်တိန်အမေရိက စသည်ဖြင့် စူပါဟီးရိုးအများအပြားရှိတဲ့အနက်မှာ Iron Man ကို နှစ်သက်ပြီး တက်တူး ထိုးချင်တဲ့ တက်တူးချစ်သူများအတွက် တက်တူးဒီဇိုင်းများကို ဝေမျှပေးချင်ပါတယ်။

Iron Man ခေါင်းဆောင်းပုံ တက်တူး

superheroes tattoos for kwee

Iron Man သည် စူပါဟီးရိုးတစ်ယောက်လည်းဖြစ်သလို သန်းကြွယ်သူဌေးတစ်ဦးဆိုလည်း မမှားပါဘူး။ လက်တွေ့ဆန်တဲ့သူတော်တော်များများကတော့ သူ့ကာရိုက်တာကို ကြိုက်နှစ်သက်ကြပါတယ်။

လက်ဖျံအတွင်းမှာ ရေထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

superheroes tattoos for kwee

ရောင်စုံဒီဇိုင်းကို မနှစ်သက်တဲ့ တက်တူးချစ်သူများကတော့ အခုလိုမျိုး အဖြူအမဲတက်တူးမျိုးကို ရေးထိုးနိုင်ပါသေးတယ်။

လက်မောင်းမှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

superheroes tattoos for kwee

မိမိလက်မောင်းမှာ တက်တူးရေးထိုးချင်တဲ့ ကွီးတို့ကတော့ ဒီလို Iron Ma တက်တူး ဒီဇိုင်းမျိုးကို ရွေးချယ်နိုင်ပါတယ်။ ချစ်စရာကောင်းပြီး အထာကျနေစေမယ့် တက်တူးဒီဇိုင်းတစ်ခုပါ။

ခြေကျင်းဝတ်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

superheroes tattoos for kwee

ကွီးတို့ရဲ့ ခြေကျင်းဝတ်မှာ အထာကျတဲ့ တက်တူးဒီဇိုင်းမျိုးနဲ့ နေရာယူစေချင်တယ်ဆိုရင်တော့ ဒီလိုမျိုးလေး ရေးထိုးနိုင်ပါတယ်။

Infinity Stones များနှင့် Tony Stark

superheroes tattoos for kwee

ဒီဇာတ်ဝင်ခန်းလေးကို မာဗယ်ဖန်များအားလုံး မေ့မရနိုင်မှာ အသေအချာပါပဲ။ ထိုအခိုက်အတန့်လေးကို တက်တူးအဖြစ် ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒီလိုတက်တူးဒီဇိုင်းမျိုး ရေးထိုးလိုက်ပါ။

Lego Iron Man

superheroes tattoos for kwee

ကွီးတို့အနေနဲ့ Lego ဒီဇိုင်းမျိုးကိုလည်း ကြိုက်နှစ်သက်တယ် Iron Man တက်တူးမျိုးလည်း ရေးထိုးချင်တယ်ဆိုရင်တော့ အခုလိုတက်တူးဒီဇိုင်းမျိုးကို ရွေးချယ်နိုင်ပါတယ်။

လက်ကောက်ဝတ်ပေါ်ရှိ တက်တူးအသေးစား

Iron Man တက်တူး

တက်တူးအကြီးတွေ မထိုးရဲသေးဘူးဆိုရင်တော့ လက်ကောက်ဝတ်အတွင်းထဲမှာ ဒီလိုတက်တူးအသေးစားလေးကို ရေးထိုးနိုင်ပါတယ်။

အိုင်းယွန်းမန်းနှင့် စူပါမန်း

Iron Man တက်တူး

ထိုစူပါဟီးရိုးနှစ်ယောက်ကို အသည်းစွဲဖြစ်နေတယ်ဆိုရင်တော့ လက်မောင်းပေါ်မှာ အခုလိုမျိုး ရေးထိုးနိုင်ပါတယ်။

ဝတ်စုံအပြည့်နှင့် အိုင်းယွန်းမန်း

Iron Man တက်တူး

ဝတ်စုံအပြည့်နဲ့ အိုင်းယွန်းမန်းတက်တူးကိုလည်း တက်တူးချစ်သူကွီးတို့ နှစ်သက်ကြမယ်လို့ ယုံကြည်မိပါတယ်။

Tony Stark ပုံတူတက်တူး

Iron Man တက်တူး

Tony Stark ရဲ့ ကာရိုက်တာကို အရူးအမူးကြိုက်နှစ်သက်ကြတဲ့ မာဗယ်ဖန်တွေလည်းရှိကြပါတယ်။ သူတို့အတွက်တော့ ဒီတက်တူးဒီဇိုင်းက အထာကျနေစေမှာအမှန်ပါပဲ။

ကပ်တိန်အမေရိကနှင့် အိုင်းယွန်းမန်းတက်တူး

Iron Man တက်တူး

ဒီတက်တူးဒီဇိုင်းကိုရော တက်တူးချစ်သူကွီးတို့ ဘယ်လိုသဘောရပါသလဲ။

အိုင်းယွန်းမန်းနှင့် ဘတ်မန်း

Iron Man တက်တူး

ကိုယ် ကြိုက်နှစ်သက်တဲ့ စူပါဟီးရိုးနှစ်ယောက်ကို အခုလိုမျိုး ယှဉ်တွဲပြီးလည်း တက်တူးရေးထိုးနိုင်ပါသေးတယ်။

အခုဖော်ပြသွားတဲ့ အိုင်းယွန်းမန်းတက်တူးဒီဇိုင်းများကို တက်တူးချစ်သူကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။

Source: Picturethemagic

Featured Image Source: Picturethemagic