ခန္ဓာကိုယ်မှာသံဓာတ်က မရှိမဖြစ်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ သံဓာတ်လုံလုံလောက်လောက်မရဘူးဆိုရင် သင့်ခန္ဓာကိုယ်မှာ မောပန်းနွမ်းနယ်ခြင်း ၊ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း ၊ မူးဝေခြင်း ၊ ခေါင်းကိုက်ခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ သံဓာတ်လုံလောက်မှုမရခြင်း တစ်နည်းအားဖြင့် သွေးအားနည်းခြင်းကြောင့် ဖြစ်ပေါ်လာရတာပါ။ ဒီနေ့တော့ ခန္ဓာကိုယ်အတွက် သံဓာတ်ဖြည့်တင်းပေးမယ့် အစားအစာတွေကို ပြောပြပေးချင်ပါတယ်။

(၁) ပဲအမျိုးမျိုး

Source : Global Food World Magazine

ပဲအမျိုးမျိုးစားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သံဓာတ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ပဲတောင့်ရှည် ၊ ပဲနီလေး ၊ မြေပဲ ၊ ကုလားပဲ ၊ ပဲပိစပ် ၊ ပဲစေ့နက် ၊ ရွှေပဲသီး ၊ ပဲဝါလေး စတဲ့ ပဲအမျိုးအစား တော်တော်များများမှာ အာဟာရဓာတ်များစွာပါဝင်ပြီး သံဓာတ်အားဖြည့်ပေးနိုင်တဲ့ သဘာဝ ဖြည့်စွတ်စာတွေပဲဖြစ်ပါတယ်။

(၂) တို့ဟူး

Source : Exporters India

သက်သက်လွတ်စားတဲ့သူတွေကြားမှာ နာမည်ကျော်တဲ့ တို့ဟူးဆိုတာ ပဲပုပ်ကိုအခြေခံထုတ်လုပ်ထားတဲ့ အစားအစာတစ်မျိုးပါ။ တို့ဟူးဟာအရသာလည်းရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး တို့ဟူး ၁၂၆ ဂရမ်မှာ သံဓာတ် ၃.၄ မီလီဂရမ်ပါဝင်ပါတယ်။ ဒါကြောင့် တို့ဟူးဟာလည်း သံဓာတ်ဖြည့်အစားအစာတွေထဲက တစ်ခုအနေနဲ့ စားပေးသင့်ပါတယ်။

(၃) နေကြာစေ့ ၊ ဖရုံစေ့

Source : Pinterest

အစာပြေအနေနဲ့ဖြစ်ဖြစ် အပျင်းပြေအနေနဲ့ပဲဖြစ်ဖြစ် လူအများစု စားလေ့ရှိတဲ့ နေကြာစေ့ ၊ ဖရုံစေ့ တွေဟာလည်း သံဓာတ်ဖြည့်အစားအစာတွေဖြစ်ပါတယ်။ နေကြာစေ့ ၊ ဖရုံစေ့ တစ်အောင်စမှာ သံဓာတ် ၃.၅ မီလီဂရမ်ပါဝင်ပါတယ်။

(၄) အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

Source : YourGrocer

ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်များစွာပါဝင်ပါတယ်။ တခြားသော အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းပွင့်စိမ်းနှင့် ပဲစိမ်းတွေမှာလည်း သံဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ရွေးချယ်စားသုံးပေးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

(၅) အခွံမာသီး

Source : Diabetes UK

အထူးသဖြင့် သီဟိုစေ့ နှင့် ဗာဒံသီးတွေလို အခွံမာသီးတွေမှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်နဲ့ သတ္တုများစွာပါဝင်ပါတယ်။

Featured Image Source: Shield Healthcare