Kwee ပရိသတ်တွေမှာ မနက်အိပ်ရာထတာနဲ့ ကော်ဖီသောက်ရမှကျေနပ်တဲ့သူတွေရှိလား။ အမေရိကန်မှာ တော့ အမေရိကန်လူမျိုး ၆၄ ရာခိုင်နှုန်းလောက်က တနေ့ကို ကော်ဖီအနည်းဆုံးတခွက်သောက်ကြတယ်လို့ပြောပါတယ်။ အခုပြောပြပေးမှာက ကော်ဖီနဲ့ပတ်သတ်ပြီး ထင်မြင်ယူဆချက်အမျိုးမျိုးရှိကြတဲ့အထဲက ကော်ဖီသောက်တာက ကျန်းမာရေးအတွက် တကယ်ပဲ ကောင်းတာလားမကောင်းတာလားဆိုတာလေ့လာလို့ရအောင် ပြောပြပေးမှာပါ။

Source : Freepik

ကော်ဖီက သင့်ကျန်းမာရေးအတွက် မကောင်းဘူးလား

လွန်ခဲ့တဲ့နှစ်တွေက ဆေးပညာရှင်တွေဟာ ကော်ဖီမသောက်ဖို့ သတိပေးခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီက နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုတန့်သွားစေတယ်လို့ဆိုပါတယ်။ ဒါ့ပြင် ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓါတ်က စွဲလန်းစေတတ်တဲ့အတွက် ကော်ဖီပိုသောက်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ ဖြစ်စေတယ်လို့လဲပြောပါတယ်။ ဒါပေမယ့်အခုတော့ ကော်ဖီဟာအမှန်တကယ် ဆိုးရွားတာမဟုတ်ဘူးဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကော်ဖီအလွန်အကျွံသောက်ခြင်းက နှလုံးရောဂါနဲ့ပတ်သတ်တဲ့ ကျန်းမာရေးပြဿနာတွေလို့ ပိုဆိုးစေတယ်ဆိုတာ မဟုတ်ဘူးဆိုတာကိုတော့ အတည်ပြုထားခြင်းမရှိသေးပါဘူး။


Source : Freepik

ကော်ဖီက သင့်ကျန်းမာရေးအတွက် ကောင်းလား

လေ့လာမှုတွေအရ ကော်ဖီပုံမှန်သောက်သူတွေဟာ ဇီဝဖြစ်စဉ်မှာပါဝင်တဲ့ ဟော်မုန်းပမာဏကိုတိုးပွားစေတဲ့အတွက် မသောက်တဲ့သူတွေထက် ဆီးချိုရောဂါလိုဖြစ်ပွားမှုနှုန်း ပိုလျော့ကျစေတယ်လို့ဆိုပါတယ်။ သုတေသီတွေရဲ့ စမ်းသပ်ချက်တွေအရတော့ တနေ့ကိုကော်ဖီ ၂ခွက်နဲ့ ၄ခွက် ကြားသောက်တဲ့သူတွေဟာ လေဖြတ်ခြင်းကိုလျော့ကျစေတယ်လို့ တွေ့ရှိရပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ ဓါတ်ကိုတိုက်ထုတ်ပေးတဲ့ antioxidant တွေကိုလဲမြင့်မားစေပါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်တာက အသက်ရှည်စေတယ်လို့တောင် ဆိုကြပါတယ်။

အားနည်းချက်တခုကတော့ လူတွေဟာ ပုံမှန်သောက်တာမျိုးမဟုတ်ဘဲ ကဖင်းဓါတ်ကိုအလွန်အမင်း မှီခိုလာကြတဲ့အတွက် ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ပင်ပန်းနွမ်းနယ်တာစတဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်းကရတဲ့ လက္ခဏာရပ်တွေ ဖြစ်နေကြပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်းပဲမလို့ ကော်ဖီချစ်သူတွေအားလုံး လုံးဝမသောက်ဘဲလည်းမနေဘဲ အလွန်အကျွံမဖြစ်အောင်လဲ သောက်ကြပါလို့။