လူတိုင်းနီးပါဝိတ်ကို မြန်နိုင်သမျှမြန်မြန် ဝိတ်ကျချင်ကြပါတယ်။ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဝိတ်မြန်မြန်ချခြင်းမှာ ဆိုးကျိုးလေးတွေရှိနေပါတယ်။ ဒါကြောင့် ပညာရှင်တွေကတော့ ပုံမှန်နည်းလမ်းတွေနဲ့ပဲ ဝိတ်ချဖို့ အကြံပေးထားပါတယ်။

 

ဘယ်ဟာကို ဝိတ်မြန်မြန်ကျတယ်လို့ပြောတာလဲ

Source: AskMen Middle East

ပညာရှင်တွေက တစ်ပတ်မှာ ၁-၂ ပေါင်ကျတာဟာ ကျန်းမာရေးနဲ့ညီညွှတ်တယ်လို့ ပြောကြတယ်။အဲ့ဒီ့ထက်ပိုရင်တော့ အရမ်းမြန်လွန်းတယ်လို့ သတ်မှတ်ကြပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ပြောကြတယ်။ ကျန်းမာရေးနဲ့ မညီညွတ်ရုံတင်မကဘဲ ကြွက်သားနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဝိတ်ချတော့မယ်ဆိုရင်ပထမပတ်မှာတော့ ၂ ပေါင်လောက်တော့ ချနိုင်ပါတယ်။

 

ဝိတ်မြန်မြန်ကျခြင်းရဲ့ ဆိုးကျိုးတွေ

Source : Shutterstocks

ဝိတ်ကျမြန်အောင် အစားလျှော့စားတာက ကယ်လိုရီပမာဏလုံလောက်စွာ မရတာတွေ၊ အဟာရ လျော့နည်းတာတွေ ဖြစ်စေနိုင်ပါတယ်။ဝိတ်ကျတာနဲ့ အဆီကျတာနဲ့က မတူပါဘူး။ ကယ်လိုရီပြည့်ဝစွာမစားခြင်းက ဝိတ်မြန်မြန်ကျစေတယ်ဆိုပေမယ့် ကျတဲ့ဝိတ်တွေက ကြွက်သားတွေလဲဖြစ်နေနိုင်ပါတယ်။တကယ်လို့ လုံလောက်တဲ့ ကယ်လိုရီမစားပေးဘူးဆိုရင် အာဟာရမလုံလောက်တဲ့ ဆိုးကျိုးကိုခံစားရမှာဖြစ်ပါတယ်။ အစားအသောက်လျှော့စားတာနဲ့ အစာချေဖျက်ဖို့အတွက် လိုအပ်တဲ့သံဓာတ်၊ ဗီတာမင် B12 စတာတွေ လုံလောက်စွာမရရှိနိုင်တော့လို့ပါ။

 

Source: T Nation

ဒါတွေကတော့ အာဟာရမလုံလောက်ခြင်းရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။

  • ဆံပင်တွေ ကျွတ်မယ်
  • အလွန်အမင်း ပင်ပန်းနွမ်းနယ်လာမယ်
  • ကိုယ်ခံအားနည်းလာမယ်
  • အရိုးတွေ အားနည်းပြီး ကျွတ်ဆတ်လာမယ်
  • တခြား ဆိုးကျိုးတွေအနေနဲ့ကတော့
  • ဆာလောင်လာမယ်
  • မောပန်းလာမယ်
  • ဒေါသထွက်လာမယ်
  • အေးလာမယ်
  • ကြွက်သားတွေ ကျုံ့လာမယ်
  • မူးဝေလာမယ်
  • ဝမ်းလျှောမယ်
  • ရေဓာတ်ခမ်းခြောက်လာမယ် စတာတွေက ဝိတ်မြန်မြန်ချ ခြင်းရဲ့ ဆိုးကျိုးတွေပါ။

ကျန်းမာရေးနဲ့ အညီဝိတ်ချချင်ရင်တော့ အောက်ဖော်ပြပါနည်းလမ်းတွေကို အသုံးပြုကြည့် လိုက်ပါ။

  • ပရိုတိန်းများများစားပါ။
  • သကြားနဲ့ ကစီဓာတ်တွေလျှော့စားပါ
  • အစာကို ဖြည်းဖြည်းစားပါ
  • Green Tea သို့မဟုတ် oolong tea သောက်ပါ
  • များများအနားယူပါ
  • ကိုယ်ခံအားကောင်းအောင် လေ့ကျင့်ခန်းလုပ်ပါ
  • ပြင်းထန်တဲ့ Workout တွေ လုပ်ကြည့်ပါ
  • အစာခြေရလွယ်တာတွေ စားပါ

Source: Joekels Tea Packers

တကယ်လို့ သင်က ဝိတ်လည်းကျချင်တယ် ထိန်းလည်းထိန်းချင်တယ်ဆိုရင် ဖြည်းဖြည်းပဲ ဝိတ်ချပါ။ တစ်ပတ်ကို ၁-၂  ပေါင်နှုန်းဆို လုံလောက်ပါတယ်။