ရေနွေးထဲ သံပုရာရည်ထည့်သောက်တာက ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတယ်ဆိုတာစာဖတ်ပရိသတ်တွေ သိပြီးပြီလာ။ ဒီနေ့ ပြောပြပေးမဲ့ အကြောင်းအရာကတော့ ရေနွေးထဲ သံပုရာရည်ထည့်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာပါ။
သံပုရာသီးမှာ citric acid ပါဝင်တာကြောင့် ဗီတာမင်စီ များစွာပါဝင်နေပါတယ်။ ဗီတာမင်စီမှာ အအေးမိဖျားနာခြင်းကို ကာကွယ်နိုင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ပြီးတော့ သံပုရာသီးမှာ ပိုတတ်စီယံ ပါဝင်တာကြောင့် ဦးနှောက်အာရုံကြော ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Source : Freepik
ဗီတာမင်စီဟာ အရေပြားထဲမှာ ပရိုတင်းဓာတ်ထုပ်လုပ်မှုကို အထောက်အကူပြုပေးတာကြောင့် အသားအရေကို နုပျိုစေပါတယ်။ သံပုရာထဲမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ညိုညစ်နေတဲ့ အသားအရည်တွေကို ကျန်းမာလာစေပါတယ်။
မနက်ခင်း အစာမစားမီ သံပုရာသီး ညှစ်ထည့်ထားတဲ့ ရေနွေးကို သောက်သုံးပေးပါက အစာအိမ်အူလမ်းကြောင်းကို လှုံဆော်ပေးပါတယ်။ ဒါကြောင့် အစာချေဖျက်မှုအားကောင်းစေပြီး အစာအိမ်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုစေပါတယ်။

Source : Freepik
သံပုရာရည်ကို ရေနွေးထဲထည့်သောက်ခြင်းဖြင့် သွေးကြောထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ပြီးတော့ သံပုရာသီးမှာပါတဲ့ citric acid ဟာအသည်းကို နှိုးဆွပေးပြီး အဆိပ်အတောက်တွေ ဖယ်ရှားရာမှာ ကူညီပေးပါတယ်။
