ဘေးတိုက်ပုံလား (သို့) မျက်နှာချင်းဆိုင်ပုံလား

လူတိုင်းမှာ ကိုယ့်အကျင့်နဲ့ကိုယ်ရှိကြတယ်။ တစ်ချို့တွေက စိတ်ညစ်နေရင် လက်သည်းကိုက်လေ့ရှိကြပြီး တစ်ချို့တွေက အမြဲတမ်းနောက်ကျတဲ့ အကျင့်ရှိကြတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ ပင်ကိုစရိုက်ကို ပြောပြနေတဲ့ အရာတွေလည်းဖြစ်ပါတယ်။ ဆဲလ်ဖီပုံတွေကိုကြည့်ပြီး ဒီလူဟာ ပွင့်လင်းတဲ့သူလာ၊ မူမမှန်တဲ့သူလာ စသဖြင့် ခွဲခြားနိူင်ပါတယ်။

ကိုယ့်အကြောင်းကိုယ် ပြန်ပြီးလေ့လာရတာက စိတ်ဝင်စားဖို့တော့မကောင်းပါဘူး။ ဒါပေမယ့် အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ အောက်ဖော်ပြပါ ပုံကိုကြည့်ပြီး ဘေးတိုက်ပုံလား (သို့) မျက်နှာချင်းဆိုင်ပုံလားဆိုတာ ကိုရွေးလိုက်ပါ။ အဖြေက သင့်အကြောင်း တော်တော်များများကို ပြောပြပေးပါလိမ့်မယ်။

ဒီစမ်းသပ်မူမှာ အဖြေတိတိကျကျတော့ မရှိပါဘူး။

မျက်နှာချင်းဆိုင်ပုံ

  • သင်ဟာ တခြားသူတွေရဲ့ မျက်လုံးကို ရှက်ကြောက်ခြင်းမရှိဘဲ ယုံကြည်စိတ်ချစွာ ကြည့်ရဲတယ်။ ပြီးတော့ တခြားသူတွေကို စကားလုံးတွေနဲ့ ဆွဲဆောင်သိမ်းသွင်းနိူင်တယ်။ အသစ်အသစ်သော အရာတွေကို စိတ်ဝင်စားတယ်။ စွန့်စားရတဲ့ စီးပွားရေလုပ်ငန်းတွေကို ထမင်းစားရေသောက်လို သဘောထားပြီး လုပ်ရဲတယ်။ သင်ဟာ တတ်ကြွတယ်။ ပူပင်သောကကင်းကင်းနေတတ်တယ်။ ပြီးတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူလည်းဖြစ်ပြန်တယ်။
  • သင်ဟာ ခန့်မှန်းလို့မရနိူင်တဲ့ အဖြစ်အပျက်တွေ လဝအလှည့်အပြောင်းဖြစ်နိူင်မယ့် အဖြစ်အပျက်တွေနဲ့ ကြုံတွေရတာကို ကြိုက်နှစ်တတ်တယ်။ တစ်နေရာထဲမှာ အကြာကြီး မနေနိူင်တာကြောင့် မကြာခဏအပြောင်းအရွှေ့လုပ်ဖို့ လိုအပ်တယ်။ ပြီးတော့ လွှတ်လပ်မူကို နှစ်သက်တယ်။ သင်ဟာ တွယ်တာမူ သံယောဇဉ်တွေကို ကြောက်တယ်။ သူတို့က သင့်ကိုပြောင်းလဲသွားစေမှာကြောက်တယ်။ ပြီးတော့ ပြသာနာတိုင်းကို ကိုယ်ပိုင်အတွေးအခေါ်နဲ့ဘဲဖြေရှင်းတတ်တယ်။
  • သင်ဟာ အကောင်းမြင်ဝါဒ ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး အရာအားလုံးအပေါ် အကောင်းဖက်မြင်အောင် ကြည့်ဖို့ ကြိုးစားလေ့ရှိတယ်။ လူအများရဲ့လေးစားအားကျမူကို ခံရတတ်ပြီး သင်ဟာ တခြားလူတွေကို ကိုယ်စွမ်းရှိသလောက် ကူညီတတ်တယ်။ အတွေ့အကြုံအသစ် နဲ့ စွန့်စားခန်းတွေက သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။

ဘေးတိုက်ပုံ

  • သင်ဟာ ရှက်ကြောက်တတ်ပြီး ရိုးအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အရာအားလုံး အဆင်ပြေပြေရှိနေစေဖို့က သင့်အတွက်အရေးကြီးပြီး အနာဂတ်ကိုလည်း ကြိုတင်ခန့်မှန်းမူတွေ လုပ်တတ်တယ်။ တခုခုမှားယွင်းသွားပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတတ်ပြီး စိတ်တွေရှုပ်ထွေးသွားတတ်တယ်။ ဒါပေမယ့် ပြသာနာတိုင်းကို မြန်မြန်ဖြေရှင်းတတ်ပြီး အခတ်အခဲတွေကို ကျော်လွှားလေ့ရှိတယ်။
  • သင်ဟာ သိုသိပ်စွာနေတတ်သူဖြစ်ပြီး လူအများနဲ့အဆက်အသွယ် လုပ်လေ့မရှိဘူး။ သူငယ်ချင်းအနည်းငယ်ပဲ ရှိပြီး ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် ကိုယ်ရဲ့စိတ်ဝင်စားရာ ဝါသနာတွေ ကိုစွန့်ပစ်ဖို့ ဝန်မလေးတတ်ဘူး။ သင်ဟာ တခြားသူတွေရဲ့ မျက်လုံးကနေတဆင့် သူတို့ရဲ့ စိတ်အခြေအနေကို ခန့်မှန်းနိူင်တယ်။
  • သင်ဟာ စိတ်နှလုံးကောင်းရှိတဲ့သူဖြစ်ပေမယ့် စိတ်ထားပျော့ပြောင်းတဲ့ သူတစ်ယောက်လည်းဖြစ်ပြန်တယ်။ ဘဝအခတ်အခဲတွေကြောင့် ပိုပြီးခံနိူင်ရည်ရှိတဲ့သူတစ်ယောက် ဖြစ်လာခဲ့တယ်။ သင်ဟာ ငြိမ်းချမ်းစွာနေလိုသူဖြစ်ပြီး အရာအလားလုံး အဆင်ပြေနေဖို့က သင့်အတွက် အရေးကြီးတယ်။ သင်ဟာ တခြားသူတွေချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို မကြိုက်ဘူး။ ပြီးတော့ မိမိကိုယ်ကို မိမိ နားမလည်နိူင်တဲ့သူလည်း ဖြစ်တယ်။