Palmerston ကျွန်း

Palmerston ကျွန်းဟာ ပစိဖိတ် သမုဒ္ဒရာ မှာတည်ရှိနေတဲ့ ကျွန်းငယ်လေးပါ။ Captain James Cook ကနေ့ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ပထမဆုံးကျွန်းပေါ်မှာ နေထိုင်ခဲ့သူကတော့ William Marsters ပဲဖြစ်ပါတယ်။ အဲ့ချိန်ကနေစပြီး မိသားစု အစဉ်အဆက် ပိုင်ဆိုင်လာခဲ့ကြပါတယ်။

ဒီကျွန်းပေါ်မှာ ဆက်သွယ်ရေးတိုင်ရှိပြီး၊ တစ်ရက်ကို မီး (၂) ရီ၊ အင်တာနတ် (၂) ရီ အသုံးပြုလို့ ရပါတယ်။ အဲ့တာထက်ပိုပြီး ဘာမှမရှိပါဘူး။ လေဆိပ်လည်းမရှိသလို ကုန်တင်သင်္ဘောတွေကလည်း တစ်နှစ်မှ (၂) ကြိမ်သာ လာရောက်လေ့ရှိပါတယ်။

ကျွန်းပေါ်မှာ ငွေကြေးအသုံးပြုမူမရှိပါဘူး။ ချက်ကျောင်းတစ်ကျောင်း၊ အိမ်သာ (၂) လုံးနဲ့ ရဲသားတစ်ယောက်၊ လမ်းတစ်လမ်း နဲ့ ငါးတွေ အုန်းသီးတွေ အများကြီးရှိပါတယ်။

Utqiaġvik (အလက်စကာ)

Utqiaġvik မြို့လေးဟာ အလက်စကာ မှာရှိပြီးတော့ ကမ္ဘာရဲ့ မြောက်ဘက်ခြမ်းမှာ မှာတည်ရှိပါတယ်။ လူဦးရေကတော့ ၄ ထောင်ကျော်သာ နေထိုင်လျက်ရှိပါတယ်။

ဒီမြို့ကို လေယာဉ်နဲ့ သွားလို့ရပြီး အမြဲတမ်းနှင်းတွေ ထူထပ်စွာ ကျဆင်းနေတတ်ပါတယ်။ နိုဝင်ဘာလနဲ့ ဇန်နဝါရီလတွေမှာသွားမယ်ဆိုရင်တော့ နေကိုတွေ့ရဖို့ မလွယ်ပါဘူး။

Siwa Oasis

ဒီလှပတဲ့ အိုအေစစ်လေးဟာ အီဂျစ်နိုင်ငံအနောက်ပိုင်းသဲကန္တာရအလယ်၌ရာစုနှစ်များစွာသီးခြားစီတည်ရှိနေသည်။

ပင်လယ်ရေမျက်နှာပြင်အောက်မှာ တည်ရှိပြီးတော့ လစ်ဗျာနိူင်ငံကနေ ၅၀ ကီလိုမီတာ ကွားဝေးကာ ကိုင်းရိုးမြို့ကနေ သွားမယ်ဆိုရင်တော့ ၅၆၀ ကီလိုမီတာ ဝေးပါတယ်။

ဒီနေရာဟာ တစ်ခြားမြို့တွေနဲ့ ဝေးကွာလွန်းတာကြောင့် သူတို့ရဲ့ ယဉ်ကျေးမူနဲ့ရိုးရာဓလေ့ဟာ မပျောက်မပျက်ပဲ ရှိနေပါသေးတယ်။ ဖုန်းလိုင်းလည်းမရှိသလို လျှပ်စစ်မီးလည်း မရှိပါဘူး။ အေးအေးဆေးဆေး အနားယူချင်တဲ့သူတွေအတွက်တဲ့ အဆင်ပြေတဲ့ နေရာလေးတစ်ခုပါ။

Santa Cruz del Islote ကျွန်း (ကိုလံဘီယာ)

Santa Cruz del Islote ကျွန်းဟာ ကိုလံဘီယာမှာတည်ရှိပြီးတော့ ကမ္ဘာ့လူဦးရေအထူအထပ်ဆုံး ကျွန်းလို့လည်းပြောလို့ရပါတယ်။ လူပေါင်း ၉၀၀ ကနေ ၁၂၀၀ လောက် ဒီကျွန်းပေါ်မှာ နေထိုင်လျက်ရှိနေပါတယ်။ ဒီကျွန်းရဲ့ အကျယ်အဝန်းကတော့ ဘောလုံးကွင်း (၂) ကွင်းသာသာပဲ ရှိတာပါ။

ဒီကျွန်းပေါ်မှာ ရဲသားတွေမရှိပါဘူး။ ကျွန်းပေါ်က လူတွေက အရမ်းရိုးသားပြီး ခင်ခင်မင်မင်ရှိတာကြောင့် ရာဇဝတ်မူလည်း မရှိသလောက်ပါပဲ။ ဒီကျွန်းလေးဟာ မြို့ပြနေမူဘဝကနေ ရုန်းထွက်နေချင်သူတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါ။

Source: Bright Side